တာချီလိတ်တွင် မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများ စည်းကမ်းလိုက်နာရေးအသိပညာပေး

တာချီလိတ်တွင် မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများ စည်းကမ်းလိုက်နာရေးအသိပညာပေး
အောက်တိုဘာ 21, 2020
By 🌸
တာချီလိတ်တွင် မော်တော်ဆိုင်ကယ်စီးနင်းသူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများ စည်းကမ်းလိုက်နာရေးအသိပညာပေး
ရှမ်ပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အဝင်တွင် မော်တော်ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန် အသိပေးနှိုးဆော်သည့်ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်သူများအား ယာဉ်အန္တရာယ်အသိပညာပေးခြင်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် ပြုလုပ်သည်။
တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇေယျ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့်အဖွဲ့က အသိပညာပေးဆိုင်းဘုတ် စိုက်ထူပြီးနောက် လမ်းသွားလမ်းလာ မော်တော်ယာဉ်မောင်းနှင်သူများအား ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်များရှေ့အောက်မီးဖွင့်၍ စီးနင်းရန်နှင့် မော်တော်ယာဉ်မောင်းနှင်သူများ ထိုင်ခုံခါးပတ် ပတ်ကြရန်အသိပညာပေးခြင်းကို လုပ်ဆောင်ကြသည်။
၂၀၂၀ မော်တော်ယာဉ်ဥပဒေသစ်တွင် ဆိုင်ကယ်ရှေ့မီးအနိမ့်အား နေ့/ည ဖွင့်၍ မောင်းနှင်ရန်ဆိုသည့်အချက်ကို ထပ်မံထည့်သွင်း ပြဌာန်းထားခြင်းဖြစ်ပြီး ယခင်ကတည်းက ပြဌာန်းထားပြီးဖြစ်သည့် ဆိုင်ကယ်မောင်းနှင်၊ စီးနင်းသူများအနေဖြင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် မော်တော်ယာဉ်မောင်းနှင်သူများ ထိုင်ခုံခါးပတ်ပတ်ကြရန်မှာလည်း လိုက်နာသူနည်းပါးနေဆဲဖြစ်၍ အသိပညာပေးလုပ်နေရဆဲဖြစ်သည်။
Tachileik News Agency
သတင်း၊ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~