တရုတ္ပို႔မည့္သရက္သီးတင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ေတာင္ေအာက္ထိုးက် တိမ္းေမွာက္

တရုတ္ပို႔မည့္သရက္သီးတင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီး ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ေတာင္ေအာက္ထိုးက် တိမ္းေမွာက္
မေ 20, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခုိင္ၿမိဳ႕နယ္၊ နမ့္ဖက္ကာေက်းရြာအထြက္ မူဆယ္ - မႏၱေလး ျပည္ေထာင္စုလမ္းမႀကီးတြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၂၀)ရက္ေန႔ နံနက္ပိုင္းက Canter ယာဥ္တစ္စီး ေပ(၂၀၀)ခန္႔နက္သည့္ ေတာင္ေအာက္ထိုးက် တိမ္းေမွာက္သြားေၾကာင္း သိရသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚလုိက္ပါလာသည့္ အမ်ိဳးသားႏွစ္ဦးမွာ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရသြားသျဖင့္ ေမတၱာရွင္လူမႈကူညီေရးအသင္း(နမ့္ဖက္ကာ)က နမ့္ဖက္ကာတုိက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ေပးထားရာမွ လူနာမွာဒဏ္ရာျပင္းထန္သျဖင့္ မူဆယ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ဆက္လက္ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

တိမ္းေမွာက္သြားသည့္ေမာ္ေတာ္ယာဥ္တြင္ တရုတ္ႏုိင္ငံသို႔ တင္ပို႔မည့္သရက္သီးမ်ား တင္ေဆာင္လာျခင္းျဖစ္ၿပီး နမ့္ဖက္ကာေက်းရြာအထြက္ ပန္ဂ်ေလာ့ကုန္းအဆင္းတြင္ ေတာင္ေအာက္သို႔ ျပဳတ္က်သြားျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ေနရာအား သြားေရာက္ကူညီခဲ့သည့္ ေမတၱာရွင္လူမႈကူညီေရးအသင္း (နမ့္ဖက္ကာ)ထံမွ သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေမတၱာရွင္လူမႈကူညီေရးအသင္း (နမ့္ဖက္ကာ)

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တရုတ်ပို့မည့်သရက်သီးတင်လာသည့် မော်တော်ယာဉ်တစ်စီး ကွတ်ခိုင်မြို့နယ်အတွင်း တောင်အောက်ထိုးကျ တိမ်းမှောက်
************
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအထွက် မူဆယ် - မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ မေလ (၂၀)ရက်နေ့ နံနက်ပိုင်းက Canter ယာဉ်တစ်စီး ပေ(၂၀၀)ခန့်နက်သည့် တောင်အောက်ထိုးကျ တိမ်းမှောက်သွားကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦးမှာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရသွားသဖြင့် မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖက်ကာ)က နမ့်ဖက်ကာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားရာမှ လူနာမှာဒဏ်ရာပြင်းထန်သဖြင့် မူဆယ်ခရိုင်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးထားကြောင်း သိရသည်။

တိမ်းမှောက်သွားသည့်မော်တော်ယာဉ်တွင် တရုတ်နိုင်ငံသို့ တင်ပို့မည့်သရက်သီးများ တင်ဆောင်လာခြင်းဖြစ်ပြီး နမ့်ဖက်ကာကျေးရွာအထွက် ပန်ဂျလော့ကုန်းအဆင်းတွင် တောင်အောက်သို့ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာအား သွားရောက်ကူညီခဲ့သည့် မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ)ထံမှ သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net