တောင်ဥက္ကလာတွင် အမျိုးသမီး(၂)ဦးမှ နေအိမ်အတွင်းဝင်ကာ ဓားထောက် အနုကြမ်းစီး

တောင်ဥက္ကလာတွင် အမျိုးသမီး(၂)ဦးမှ နေအိမ်အတွင်းဝင်ကာ ဓားထောက် အနုကြမ်းစီး

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ သီလ(၉) လမ်းတွင် ယမန်နေ့ ဇန်နဝါရီလ(၂၀)ရက်၊ နေ့လည်ပိုင်းက အမျိုးသမီး(၂)ဦးမှ နေအိမ်တွင်းဝင်ကာ ဓားထောက်

အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နေအိမ်၏ လူကြီးများမှ ဈေးသွားနေချိန် အမျိုးသမီးနှစ်ဦးက အိမ်ထဲဝင်ကာ ဓားထောက်အနုကြမ်းစီးသွားခြင်းဖြစ်ပြီး အိမ်တွင်ကျန်ခဲ့သည့် မိန်းကလေးငယ်ကို ကြိုးတုပ်ကာ ရွှေပစ္စည်းနှင့် ‌ငွေ(၁၀)သိန်းခန့်ယူ  ‌ဆောင်သွားကြောင်း သိရသည်။

‌ဓားထောက်အနုကြမ်းစီးသူနှစ်ဦးက မိန်းကလေးငယ်၏ နားကပ်ကို ချွတ်ယူသွားပြီး လူကြီးများ ဈေးကပြန်လာချိန်တွင် အနုကြမ်းစီးသည်ကို သိရသဖြင့် ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်း ခဲ့သော်လည်း လုယူသူနှစ်ဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။