လားရိႈးၿမိဳ႕ ညေစ်းတန္းတြင္ ညစဥ္နီးပါး ဆိုင္ကယ္ခိုးယူခံရမႈျဖစ္ပြားေန

လားရိႈးၿမိဳ႕ ညေစ်းတန္းတြင္ ညစဥ္နီးပါး ဆိုင္ကယ္ခိုးယူခံရမႈျဖစ္ပြားေန
ဧပြီ 21, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕ ညေစ်းတန္းတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္း ညစဥ္ ဆုိင္ကယ္အခိုးခံေနရသျဖင့္ ဆိုင္ကယ္အပ္လက္ခံသည့္ေနရာ ထားရိွေပးရန္ႏွင့္ ကင္းပုန္းဝပ္ေစာင့္ၾကည့္ရန္ တာဝန္ရိွသူမ်ားက စီစဥ္ေနေၾကာင္း သိရသည္။

"ညေနေစ်းမွာ ဆိုင္ကယ္ေတြ မၾကာခဏေပ်ာက္ရွေနတာနဲ႔ပတ္သက္ၿပီးေတာ့ အဲဒီနားက ရဲကင္းရယ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြရယ္၊ ေစ်းတာဝန္ရွိသူေတြရယ္ ေဆြးေႏြးဖို႔ လုပ္ေနပါတယ္။ ဆိုင္ကယ္အပ္ လက္ခံတဲ့သူေတြထားေပးဖို႔၊ ဆိုင္ကယ္ခိုးယူသူေတြကို ကင္းပုန္းဝပ္ေစာင့္ၾကည့္ဖို႔ စတာေတြကို စီစဥ္ႏိုင္ဖို႔လုပ္ေနပါတယ္။ မေဆြးေႏြးရေသးေတာ့ အတိအက်ေတာ့ မေျပာတတ္ေသးဘူး " ဟု ေစ်းတာဝန္ရွိသူတစ္ဦးျဖစ္သည့္ ေစ်းေခါင္း ဦးဝင္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ညေနေစ်းတန္းဖြင့္လွစ္ရာ ဗိုလ္ခ်ဳပ္လမ္း၊ သဇင္လမ္း၊ သီရိလမ္းတို႔တြင္ ဆိုင္ကယ္အပ္လက္ခံသည့္ေနရာ ထားရိွႏုိင္ျခင္းမရိွသည့္ေနရာမ်ားႏွင့္ ေမွာင္ရိပ္က်သည့္ေနရာမ်ားတြင္ ဆိုင္ကယ္ အမ်ားဆံုးခိုးယူခံရေၾကာင္း သိရသည္။

"လူသြားလူလာမ်ားတဲ့ သုခလမ္းဘက္မွာက ဆိုင္ကယ္အပ္လက္ခံတဲ့ေနရာေတြရွိတယ္။ ညေစ်းတန္းရဲ့ က်န္တဲ့ဘက္ေတြမွာက ဆိုင္ေတြအျပည့္ဆိုေတာ့ ဆိုင္ကယ္အပ္လက္ခံတဲ့ေနရာမရွိဘူး။ ဗိုလ္ခ်ဳပ္လမ္းက ဗလီအနီးမွာဆိုရင္ ညတိုင္းဆိုင္ကယ္ေပ်ာက္တယ္။ ႏွစ္စီး၊သံုးစီး တစ္ၿပိဳင္တည္းေပ်ာက္တ့ဲရက္ေတြေတာင္ ရွိတယ္" ဟု လားရိႈးညေစ်းတန္းမွ ေစ်းသည္တစ္ဦးျဖစ္သည့္ မမ်ိဳးမ်ိဳးက ေျပာသည္။

ဆိုင္ကယ္မ်ား မၾကာခဏေပ်ာက္ဆံုးေနေသာ္လည္း ေပ်ာက္ဆံုးသည့္ဆုိင္ကယ္အမ်ားစုမွာ လိုင္စင္မဲ့ဆိုင္ကယ္မ်ားျဖစ္ေန၍ ဆိုင္ကယ္ခိုးယူခံရမႈကို ရဲစခန္းသို႔ တုိင္ၾကားသူနည္းေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ညဈေးတန်းတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ညစဉ် ဆိုင်ကယ်အခိုးခံနေရသဖြင့် ဆိုင်ကယ်အပ်လက်ခံသည့်နေရာ ထားရှိပေးရန်နှင့် ကင်းပုန်းဝပ်စောင့်ကြည့်ရန် တာဝန်ရှိသူများက စီစဉ်နေကြောင်း သိရသည်။

"ညနေဈေးမှာ ဆိုင်ကယ်တွေ မကြာခဏပျောက်ရှနေတာနဲ့ပတ်သက်ပြီးတော့ အဲဒီနားက ရဲကင်းရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရယ်၊ ဈေးတာဝန်ရှိသူတွေရယ် ဆွေးနွေးဖို့ လုပ်နေပါတယ်။ ဆိုင်ကယ်အပ် လက်ခံတဲ့သူတွေထားပေးဖို့၊ ဆိုင်ကယ်ခိုးယူသူတွေကို ကင်းပုန်းဝပ်စောင့်ကြည့်ဖို့ စတာတွေကို စီစဉ်နိုင်ဖို့လုပ်နေပါတယ်။ မဆွေးနွေးရသေးတော့ အတိအကျတော့ မပြောတတ်သေးဘူး " ဟု ဈေးတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဈေးခေါင်း ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ညနေဈေးတန်းဖွင့်လှစ်ရာ ဗိုလ်ချုပ်လမ်း၊ သဇင်လမ်း၊ သီရိလမ်းတို့တွင် ဆိုင်ကယ်အပ်လက်ခံသည့်နေရာ ထားရှိနိုင်ခြင်းမရှိသည့်နေရာများနှင့် မှောင်ရိပ်ကျသည့်နေရာများတွင် ဆိုင်ကယ် အများဆုံးခိုးယူခံရကြောင်း သိရသည်။

"လူသွားလူလာများတဲ့ သုခလမ်းဘက်မှာက ဆိုင်ကယ်အပ်လက်ခံတဲ့နေရာတွေရှိတယ်။ ညဈေးတန်းရဲ့ ကျန်တဲ့ဘက်တွေမှာက ဆိုင်တွေအပြည့်ဆိုတော့ ဆိုင်ကယ်အပ်လက်ခံတဲ့နေရာမရှိဘူး။ ဗိုလ်ချုပ်လမ်းက ဗလီအနီးမှာဆိုရင် ညတိုင်းဆိုင်ကယ်ပျောက်တယ်။ နှစ်စီး၊သုံးစီး တစ်ပြိုင်တည်းပျောက်တဲ့ရက်တွေတောင် ရှိတယ်" ဟု လားရှိုးညဈေးတန်းမှ ဈေးသည်တစ်ဦးဖြစ်သည့် မမျိုးမျိုးက ပြောသည်။

ဆိုင်ကယ်များ မကြာခဏပျောက်ဆုံးနေသော်လည်း ပျောက်ဆုံးသည့်ဆိုင်ကယ်အများစုမှာ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်နေ၍ ဆိုင်ကယ်ခိုးယူခံရမှုကို ရဲစခန်းသို့ တိုင်ကြားသူနည်းနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net