လားရႈိးၿမိဳ႕နယ္အတြင္းရွိ အခ်ဳိ႕ဘုန္းႀကီးေက်ာင္းမ်ားတြင္ က်င္းပျပဳလုပ္သည့္ ပြဲမ်ားႏွင့္ ပတ္သက္၍ ေလာင္းကစား၀ိုင္းမ်ား ထည့္သြင္းက်င္းပပါက က်င္းပေရးတာ၀န္ရွိသူအား အေရးယူမည္

လားရႈိးၿမိဳ႕နယ္အတြင္းရွိ အခ်ဳိ႕ဘုန္းႀကီးေက်ာင္းမ်ားတြင္ က်င္းပျပဳလုပ္သည့္ ပြဲမ်ားႏွင့္ ပတ္သက္၍ ေလာင္းကစား၀ိုင္းမ်ား ထည့္သြင္းက်င္းပပါက က်င္းပေရးတာ၀န္ရွိသူအား အေရးယူမည္
ဧပြီ 7, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕အတြင္း ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ ရာသီအလုိက္ပြဲမ်ား က်င္းပရာ၌ ေလာင္းကစားဝုိင္းမ်ား ထည့္သြင္းျခင္း မျပဳရန္ အာမခံတင္ျပမွ ခြင့္ျပဳမည္ျဖစ္ၿပီး လုိက္နာျခင္းမရိွပါက ပဲြက်င္းပေရးတာဝန္ရိွသူအား ဖမ္းဆီးအေရးယူမည္ျဖစ္ေၾကာင္း သိရသည္။

"အထူးသျဖင့္ ဘာသာေရးပြဲေတြကို အေၾကာင္းျပဳၿပီးေတာ့ အဲဒီလိုေလာင္းကစားဝိုင္းေတြ ထည့္သြင္းက်င္းပတာက မေကာင္းဘူး။ ကိုယ့္ရဲ့ဘာသာကိုသူမ်ားေတြက ကဲ့ရဲ႕စရာ၊ အထင္ေသးစရာ ျဖစ္သြားလိမ့္မယ္။ ၊ဘာသာေရးကို ခုတံုးလုပ္တာကေတာ့ လံုးဝမေကာင္းပါဘူး၊ ေလာင္းကစားဝိုင္းေတြကို ထည့္သြင္း မက်င္းပဖို႔နဲ႔ ေလာင္းကစားဝိုင္းျပဳလုပ္သူေတြကို အေရးယူဖို႔ ညႊန္ၾကားတဲ့သူကပဲ မညႊန္ၾကားတာလား၊ညႊန္ၾကား ခ်က္ကိုပဲ က်န္တဲ့သူေတြက မလိုက္နာတာလားဆိုတာကို လႊတ္ေတာ္မွာ ထပ္ၿပီး ေမးခြန္း ထုတ္ခဲ့ပါေသးတယ္ " ဟု လႊတ္ေတာ္ ကိုယ္စား လွယ္ ေဒၚခင္ထားရီက တာခ်ီလိတ္သတင္း ေအဂ်င္စီ သို႔ ေျပာသည္။

လားရိႈးၿမိဳ႕နယ္အတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ ရာသီအလိုက္ပြဲလမ္း သဘင္မ်ားေဆာင္ရြက္ရာ၌ ေလာင္းကစားဝိုင္းမ်ား မပါရွိေစရန္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ အေၾကာင္းၾကားေလွ်ာက္ထားခ်က္အရ ၿမိဳ႕နယ္သံဃနာယကအဖြဲ႔(လားရိႈး)မွ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၁) ရက္ေန႔တြင္ ၿမိဳ႕နယ္ အတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအား အေၾကာင္းၾကားစာထုတ္ျပန္ထားေၾကာင္း သိရသည္။

ထုတ္ျပန္ခ်က္အရ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၌ ရာသီအလိုက္ပြဲလမ္းသဘင္ေဆာင္ရြက္ရာတြင္ ေလာင္းကစားဝိုင္း မ်ားထည့္သြင္းက်င္းပမႈ မျပဳလုပ္ရန္အတြက္ ပြဲက်င္းပခြင့္ေလွ်ာက္ထားရာ၌ ေလာင္းကစားမ်ားထည့္သြင္းမည္မဟုတ္ေၾကာင္း ေဂါပက(၃)ဦး၏ ဝန္ခံကတိျပဳခ်က္မ်ားျဖင့္ ခြင့္ျပဳေပးျခင္းျဖစ္ေသာ္လည္း ေလာင္ကစားမ်ား ထည့္သြင္းက်င္းပေနသည္ကို ေတ႔ြရသျဖင့္ ပြဲက်င္းပေရး တာဝန္ရိွသူမ်ားအား အေရးယူမည့္အေၾကာင္း သတိေပးလာျခင္းျဖစ္သည္ဟု သိရသည္။

ရာသီအလုိက္က်င္းပသည့္ ဘာသာေရးပြဲမ်ားတြင္ ေလာင္းကစားေ လာင္းကစားဝိုင္းမ်ား ထည့္သြင္းက်င္းပျခင္းႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ အဆိုတင္သြင္းမႈေအာင္ႏိုင္ၿပီး တစ္ပတ္ အၾကာ ကစတင္၍ ေလာင္းကစားဝိုင္း ျပဳလုပ္သူမ်ားကိုအေရးယူသြားမည္ဟု ျပည္နယ္အစိုးရက ထုတ္ျပန္ထား ေသာ္လည္း ေဆာင္ရြက္မႈအားနည္းသျဖင့္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၄)ရက္ေန႔က ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ထပ္မံေဆြးေႏြးထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ရာသီအလိုက်ပွဲများ ကျင်းပရာ၌ လောင်းကစားဝိုင်းများ ထည့်သွင်းခြင်း မပြုရန် အာမခံတင်ပြမှ ခွင့်ပြုမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ပွဲကျင်းပရေးတာဝန်ရှိသူအား ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရသည်။

"အထူးသဖြင့် ဘာသာရေးပွဲတွေကို အကြောင်းပြုပြီးတော့ အဲဒီလိုလောင်းကစားဝိုင်းတွေ ထည့်သွင်းကျင်းပတာက မကောင်းဘူး။ ကိုယ့်ရဲ့ဘာသာကိုသူများတွေက ကဲ့ရဲ့စရာ၊ အထင်သေးစရာ ဖြစ်သွားလိမ့်မယ်။၊ဘာသာရေးကို ခုတုံးလုပ်တာကတော့ လုံးဝမကောင်းပါဘူး၊ လောင်းကစားဝိုင်းတွေကို ထည့်သွင်း မကျင်းပဖို့နဲ့ လောင်းကစားဝိုင်းပြုလုပ်သူတွေကို အရေးယူဖို့ ညွှန်ကြားတဲ့သူကပဲ မညွှန်ကြားတာလား၊ညွှန်ကြား ချက်ကိုပဲ ကျန်တဲ့သူတွေက မလိုက်နာတာလားဆိုတာကို လွှတ်တော်မှာ ထပ်ပြီး မေးခွန်း ထုတ်ခဲ့ပါသေးတယ် " ဟု လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်ထားရီက တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရာသီအလိုက်ပွဲလမ်း သဘင်များဆောင်ရွက်ရာ၌ လောင်းကစားဝိုင်းများ မပါရှိစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြောင်းကြားလျှောက်ထားချက်အရ မြို့နယ်သံဃနာယကအဖွဲ့(လားရှိုး)မှ ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား အကြောင်းကြားစာထုတ်ပြန်ထားကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ဘုန်းတော်ကြီးကျောင်းများ၌ ရာသီအလိုက်ပွဲလမ်းသဘင်ဆောင်ရွက်ရာတွင် လောင်းကစားဝိုင်း များထည့်သွင်းကျင်းပမှု မပြုလုပ်ရန်အတွက် ပွဲကျင်းပခွင့်လျှောက်ထားရာ၌ လောင်းကစားများထည့်သွင်းမည်မဟုတ်ကြောင်း ဂေါပက(၃)ဦး၏ ဝန်ခံကတိပြုချက်များဖြင့် ခွင့်ပြုပေးခြင်းဖြစ်သော်လည်း လောင်ကစားများ ထည့်သွင်းကျင်းပနေသည်ကို တွေ့ရသဖြင့် ပွဲကျင်းပရေး တာဝန်ရှိသူများအား အရေးယူမည့်အကြောင်း သတိပေးလာခြင်းဖြစ်သည်ဟု သိရသည်။

ရာသီအလိုက်ကျင်းပသည့် ဘာသာရေးပွဲများတွင် လောင်းကစားေ လာင်းကစားဝိုင်းများ ထည့်သွင်းကျင်းပခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းမှုအောင်နိုင်ပြီး တစ်ပတ် အကြာ ကစတင်၍ လောင်းကစားဝိုင်း ပြုလုပ်သူများကိုအရေးယူသွားမည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထား သော်လည်း ဆောင်ရွက်မှုအားနည်းသဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ (၄)ရက်နေ့က ရှမ်းပြည်နယ်လွှတ်တော်တွင် ထပ်မံဆွေးနွေးထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net