ပိုလွ်ံေနသည့္အဝတ္အစားမ်ားအား လိုအပ္ေနသူမ်ားထံ ပို႔ေဆာင္ေပးမည့္ အစီအစဥ္သို႔ ပါဝင္လွဴဒါန္းႏုိင္

ပိုလွ်ံေနသည့္အဝတ္အစားမ်ားအား လိုအပ္ေနသူမ်ားထံ ပို႔ေဆာင္ေပးမည့္ အစီအစဥ္သို႔ ပါဝင္လွဴဒါန္းႏုိင္
ဧပြီ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕တြင္ အသက္ (၁၅)ႏွစ္အရြယ္ နန္းဆုိင္လူ၏ တစ္ပိုင္တစ္ႏုိင္ လုပ္အားဒါနအျဖစ္ အသံုးမလိုေတာ့သည့္ အဝတ္အစားအေဟာင္းမ်ားကို အမ်ားျပည္သူထံမွ လက္ခံရယူကာ ျပန္လည္ျပဳျပင္ၿပီး လိုအပ္ေနသူမ်ားအား လွဴဒါန္းမည့္အစီအစဥ္ကို စတင္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

အဝတ္အစားေဟာင္းမ်ားအား လွဴဒါန္းလိုသူမ်ားအေနျဖင့္ နန္းဆုိင္လူ၊ သီေပါျပည္သူ႔ေဆးရံု၊ ရွမ္းျပည္နယ္သို႔ လိပ္မူ၍ သီေပါသို႔ေျပးဆြဲသည့္ ေမာ္ေတာ္ယာဥ္လိုင္းမ်ားျဖင့္ ေပးပို႔လွဴဒါန္းႏုိင္ၿပီး တန္ဆာခေပးရန္အခက္အခဲရိွပါက ပစၥည္းလက္ခံသူမွ ေပးေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ခံရရိွသည့္ အဝတ္အစားေဟာင္းမ်ားအား ျပန္လည္ျပင္ဆင္ခ်ဳပ္လုပ္ရန္၊ ေလွ်ာ္ဖြပ္မီးပူတုိက္ရန္အတြက္ နန္းဆိုင္လူက လုပ္အားဒါနအျဖစ္ လုပ္ေဆာင္မည္ျဖစ္ကာ တန္ဆာခေပးရန္အခက္အခဲရိွသည့္ ပစၥည္းမ်ား ေရြးယူရန္ ၎၏စက္ခ်ဳပ္လုပ္အားခမွ အသံုးျပဳသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

အဆိုပါ ျပန္လည္ျပင္ဆင္သန္႔စင္ထားသည့္ အဝတ္အစားမ်ားအား စစ္ေဘးေရွာင္စခန္းမ်ား၊ ေဆးရံုတက္လူနာမ်ားမွ လိုအပ္သူမ်ားရိွပါက တစ္ဦးတစ္ေယာက္ျဖစ္ေစ၊ အစုအဖြဲ႕လုိက္ျဖစ္ေစ ျပန္လည္ေပးလွဴသြားမည္ျဖစ္ေၾကာင္း သိရသည္။

နန္းဆုိင္လူသည္ အသက္ (၁၁)အရြယ္မွစ၍ ေဟာ္မုန္းသက္ေရာက္မႈေၾကာင့္ ရင္သားအဆမတန္ႀကီးမားသည့္ေဝဒနာကို ခံစားခဲ့ရၿပီး အသက္ (၁၃)ႏွစ္အရြယ္ထိ ကုသမႈခံယူႏုိင္ျခင္းမရိွဘဲျဖစ္ေနရာ ခြဲစိတ္ကုသမႈခံယူႏုိင္ေရးအတြက္ သီေပါျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းက ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္သည္။

၂၀၁၈ ခုႏွစ္၊ ဧၿပီလ (၉)ရက္ေန႔တြင္ အစိုးရ၏ပံ့ပိုးမႈျဖင့္ (၇) နာရီနီးပါးၾကာျမင့္သည့္ ခြဲစိတ္ကုသမႈကို သီေပါျပည္သူ႔ေဆးရံုတြင္ ေအာင္ျမင္စြာလုပ္ေဆာင္ခဲ့ၿပီးေနာက္ ျပန္လည္က်န္းမာလာသည့္ နန္းဆုိင္လူအား စက္ခ်ဳပ္ပညာသင္ၾကားႏုိင္ရန္ စီစဥ္ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္သည္။

လက္ရိွတြင္ စက္ခ်ဳပ္ပညာသင္ယူတတ္ေျမာက္လာသည့္ နန္းဆုိင္လူက အဝတ္အစားေဟာင္းမ်ားအား ျပန္လည္ျပဳျပင္ၿပီး လုိအပ္သူမ်ားထံ လွဴဒါန္းမည့္အစီအစဥ္ကို စတင္ေနရာ အဆိုပါအစီအစဥ္ေအာင္ျမင္စြာ လုပ္ေဆာင္ႏုိင္ေရးအတြက္ သီေပါျပည္သူ႔ေဆးရံုမွ လိုအပ္သည့္ ကူညီမႈမ်ား ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အစီအစဥ္ႏွင့္ပတ္သက္၍ ဆက္သြယ္ေမးျမန္း လွဴဒါန္းလိုသူမ်ားအေနျဖင့္ မယုဇန ဖုန္း ၀၉ ၇၉၃၀၃၃၁၆၀ သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် အသက် (၁၅)နှစ်အရွယ် နန်းဆိုင်လူ၏ တစ်ပိုင်တစ်နိုင် လုပ်အားဒါနအဖြစ် အသုံးမလိုတော့သည့် အဝတ်အစားအဟောင်းများကို အများပြည်သူထံမှ လက်ခံရယူကာ ပြန်လည်ပြုပြင်ပြီး လိုအပ်နေသူများအား လှူဒါန်းမည့်အစီအစဉ်ကို စတင်လုပ်ဆောင်နေကြောင်း သိရသည်။

အဝတ်အစားဟောင်းများအား လှူဒါန်းလိုသူများအနဖြေင့် နန်းဆိုင်လူ၊ သီပေါပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်သို့ လိပ်မူ၍ သီပေါသို့ပြေးဆွဲသည့် မော်တော်ယာဉ်လိုင်းများဖြင့် ပေးပို့လှူဒါန်းနိုင်ပြီး တန်ဆာခပေးရန်အခက်အခဲရှိပါက ပစ္စည်းလက်ခံသူမှ ပေးဆောင်မည်ဖြစ်ကြောင်း သိရသည်။

လက်ခံရရှိသည့် အဝတ်အစားဟောင်းများအား ပြန်လည်ပြင်ဆင်ချုပ်လုပ်ရန်၊ လျှော်ဖွပ်မီးပူတိုက်ရန်အတွက် နန်းဆိုင်လူက လုပ်အားဒါနအဖြစ် လုပ်ဆောင်မည်ဖြစ်ကာ တန်ဆာခပေးရန်အခက်အခဲရှိသည့် ပစ္စည်းများ ရွေးယူရန်၎င်း၏စက်ချုပ်လုပ်အားခမှ အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပြန်လည်ပြင်ဆင်သန့်စင်ထားသည့် အဝတ်အစားများအား စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံတက်လူနာများမှ လိုအပ်သူများရှိပါက တစ်ဦးတစ်ယောက်ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ပြန်လည်ပေးလှူသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းဆိုင်လူသည် အသက် (၁၁)အရွယ်မှစ၍ ဟော်မုန်းသက်ရောက်မှုကြောင့် ရင်သားအဆမတန်ကြီးမားသည့်ဝေဒနာကို ခံစားခဲ့ရပြီး အသက် (၁၃)နှစ်အရွယ်ထိ ကုသမှုခံယူနိုင်ခြင်းမရှိဘဲဖြစ်နေရာ ခွဲစိတ်ကုသမှုခံယူနိုင်ရေးအတွက် သီပေါပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့တွင် အစိုးရ၏ပံ့ပိုးမှုဖြင့် (၇) နာရီနီးပါးကြာမြင့်သည့် ခွဲစိတ်ကုသမှုကို သီပေါပြည်သူ့ဆေးရုံတွင် အောင်မြင်စွာလုပ်ဆောင်ခဲ့ပြီးနောက် ပြန်လည်ကျန်းမာလာသည့် နန်းဆိုင်လူအား စက်ချုပ်ပညာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စက်ချုပ်ပညာသင်ယူတတ်မြောက်လာသည့် နန်းဆိုင်လူက အဝတ်အစားဟောင်းများအား ပြန်လည်ပြုပြင်ပြီး လိုအပ်သူများထံ လှူဒါန်းမည့်အစီအစဉ်ကို စတင်နေရာ အဆိုပါအစီအစဉ်အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးအတွက် သီပေါပြည်သူ့ဆေးရုံမှ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်း လှူဒါန်းလိုသူများအနဖြေင့် မယုဇန ဖုန်း ဝ၉ ၇၉၃၀၃၃၁၆၀ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net