လိြဳင္ေကာ္ၿမိဳ႕တြင္ လသားအရြယ္ကေလးကို အမိႈက္ပံု၌ စြန္႔ပစ္ထားသည့္ မိခင္ျဖစ္သူအား အမႈဖြင့္စစ္ေဆးေန

လိြဳင္ေကာ္ၿမိဳ႕တြင္ လသားအရြယ္ကေလးကို အမိႈက္ပံု၌ စြန္႔ပစ္ထားသည့္ မိခင္ျဖစ္သူအား အမႈဖြင့္စစ္ေဆးေန
ဧပြီ 8, 2019
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ လသားအရြယ္ကေလးငယ္ကို အမိႈက္ပံုတြင္ စြန္႔ပစ္ထားခဲ့သည့္ မိခင္ျဖစ္သူအား ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕၊ မင္းစုရပ္ကြက္၊ အုပ္စု (၉)၊ သီဟလမ္းႏွင့္ ဆရာစံလမ္းေထာင့္ရိွ အမိႈက္ပံုတြင္ ကေလးအေလာင္းစြန္႔ပစ္ထားေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၄)ရက္ေန႔ ေန႔လယ္ (၁၂)နာရီအခ်ိန္က လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းသို႔ အေၾကာင္းၾကားလာသျဖင့္ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သီဟလမ္းႏွင့္ ဆရာစံလမ္းေထာင့္ရိွ အမိႈက္ပံုတြင္ လသားအရြယ္ေယာက်္ားေလးအေလာင္းအား အႏွီးျဖင့္ပတ္၍ စြန္႔ပစ္ထားသည္ကိုေတြ႔ရၿပီး အေလာင္းတြင္ ျပင္ပဒဏ္ရာမေတြ႔ရေၾကာင္း သိရသည္။

အဆိုပါကေလးမွာ ခင္သန္းဝင္း (ခ)ရိုေမရီ၏ကေလးျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့သျဖင့္ ကေလးမိခင္ျဖစ္သူ အသက္ (၂၇)ႏွစ္အရြယ္ ခင္သန္းဝင္း (ခ) ရိုေမရီအား လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၈၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၁၈ ျဖင့္အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency

ဓါတ္ပံု -ကယားရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လွိုင်ကော်မြို့တွင် လသားအရွယ်ကလေးကို အမှိုက်ပုံ၌ စွန့်ပစ်ထားသည့် မိခင်ဖြစ်သူအား အမှုဖွင့်စစ်ဆေးနေ
**********
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လသားအရွယ်ကလေးငယ်ကို အမှိုက်ပုံတွင် စွန့်ပစ်ထားခဲ့သည့် မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ အုပ်စု (၉)၊ သီဟလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ အမှိုက်ပုံတွင် ကလေးအလောင်းစွန့်ပစ်ထားကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က လွိုင်ကော်မြို့မရဲစခန်းသို့ အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီဟလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ အမှိုက်ပုံတွင် လသားအရွယ်ယောကျ်ားလေးအလောင်းအား အနှီးဖြင့်ပတ်၍ စွန့်ပစ်ထားသည်ကိုတွေ့ရပြီး အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ရကြောင်း သိရသည်။

အဆိုပါကလေးမှာ ခင်သန်းဝင်း (ခ)ရိုမေရီ၏ကလေးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ကလေးမိခင်ဖြစ်သူ အသက် (၂၇)နှစ်အရွယ် ခင်သန်းဝင်း (ခ) ရိုမေရီအား လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၈၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၁၈ ဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ကယားရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net