ကယားပြည်နယ်တွင်းရှိ ဘီလူးချောင်းအတွင်း ဥပဒေမဲ့ငါးဖမ်းခြင်းများအား ထိရောက်စွာတားဆီးရန် ပြည်နယ်အစိုးရအား လွှတ်တော်တွင် မေးမြန်း

ကယားပြည်နယ်တွင်းရှိ ဘီလူးချောင်းအတွင်း ဥပဒေမဲ့ငါးဖမ်းခြင်းများအား ထိရောက်စွာတားဆီးရန် ပြည်နယ်အစိုးရအား လွှတ်တော်တွင် မေးမြန်း
ဧပွီ 3, 2019
By Tachileik News Agency

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဘီလူးချောင်းတွင် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ ဖေါက်ခွဲ၍ ငါးဖမ်းခြင်းများကို ထိရောက်စွာတားဆီးရန်နှင့် ငါးမျိုးစိုက်ထည့်ခြင်းကဲ့သို့ ဘီလူးချောင်း အတွင်း ဇီဝမျိုးစိတ်ထိန်းသိမ်းရေးတို့အား လုပ်ဆောင်ပေးရန် ပြည်နယ်လွှတ်တော်တွင် မေးမြန်းထားပြီး ဥပဒေမဲ့ငါးဖမ်းခြင်းများအား ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ဖြေကြားထားသည်။

ဥပဒေမဲ့ငါးဖမ်းခြင်းများအား ပြည်နယ်အစိုးရမှ ထိထိရောက်ရောက်အရေးယူပေးရန် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့က ကယားပြည်နယ်လွှတ်တော်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ကမေးမြန်းမှုကို ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဘတ်ထရီရှော့တိုက် ငါးဖမ်းခြင်းများ ရပ်တန့်စေနိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန သက်ဆိုင်ရာကျေးရွာ မြို့နယ် အုပ်ချုပ်ရေးမှူးများ နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည့်အဖွဲ့ ဖွဲ့စည်းပေးရန်လိုအပ် နေသေးပြီး ၎င်းအဖွဲ့မှ ဘထ္ထရီရှော့တိုက်၍ ငါးဖမ်းဆီးပါက ပြင်းထန်စွာ အရေးယူဆောင်ရွက် ပေးသွားမှာဖြစ်ပြီး ပညာပေးဟောပြောခြင်းများကိုလည်း ပိုမိုအလေးထား ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်” ဟု စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုက ဖြေကြားသည်။

ပြည်နယ်တွင်း မြစ်ချောင်းများတွင် ငါးမျိုးမပြုန်းတီးစေရေးအတွက် တားမြစ်ငါးဖမ်းကာလသတ်မှတ်ခြင်း ၊ ငါးမျိုးပြုန်းတီးစေသော ငါးဖမ်းနည်း စနစ်များဖြစ်သည့် ဘတ်ထရီရှော့တိုက် ဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအသုံးပြု၍ ငါးဖမ်းခြင်း ၊ အဆိပ်ချငါးဖမ်းခြင်းများ မပြုလုပ်ကြရန် ပညာပေး ဆိုင်းဘုတ်များ စိုက်ထူ၍ ဟောပြောပွဲများ ပြုလုပ်ပေးလျှက်ရှိပြီး ဥပဒေမဲ့ ငါးဖမ်းဆီးခြင်းများပြုလုပ်သည်ကို တွေ့ရှိပါက သက်သေခံ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရေချိုငါးဖမ်း ဥပဒေပုဒ်မများဖြင့်အရေးယူ အရေးယူဆောင်ရွက်နေကြောင်း ပြည်နယ်ဝန်ကြီးက ထည့်သွင်းဖြေကြားသွားသည်။

ဘီးလူးချောင်းအတွင်း ငါး လုပ်ငန်းများ နှင့်ပတ်သတ်၍ စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုများမှာ အလွန်အားနည်းနေပြီး သက်ဆိုင်ရာဌာနအနေဖြင့် လက်တွေ့ ကွင်းဆင်းလုပ်ဆောင်မှုများ မရှိကြောင်းနှင့်၂၀၁၈ ခုနှစ်အတွင်း ဥပဒေမဲ့ငါးဖမ်းခြင်းကို (၂)ကြိမ်သာဖမ်းဆီးခဲ့ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က မေးခွန်းတွင်ထည့်သွင်းမေးမြန်းသွားသည်။


သတင်း - ဆန်းဖြိုးထွန်း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဘီလူးချောင်းတွင် ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ ဖောက်ခွဲ၍ ငါးဖမ်းခြင်းများကို ထိရောက်စွာတားဆီးရန်နှင့် ငါးမျိုးစိုက်ထည့်ခြင်းကဲ့သို့ ဘီလူးချောင်း အတွင်း ဇီဝမျိုးစိတ်ထိန်းသိမ်းရေးတို့အား လုပ်ဆောင်ပေးရန် ပြည်နယ်လွှတ်တော်တွင် မေးမြန်းထားပြီး ဥပဒေမဲ့ငါးဖမ်းခြင်းများအား ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ဖြကြေားထားသည်။

ဥပဒေမဲ့ငါးဖမ်းခြင်းများအား ပြည်နယ်အစိုးရမှ ထိထိရောက်ရောက်အရေးယူပေးရန် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့က ကယားပြည်နယ်လွှတ်တော်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ကမေးမြန်းမှုကို ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုက ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

“ဘတ်ထရီရှော့တိုက် ငါးဖမ်းခြင်းများ ရပ်တန့်စေနိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန သက်ဆိုင်ရာကျေးရွာ မြို့နယ် အုပ်ချုပ်ရေးမှူးများ နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည့်အဖွဲ့ ဖွဲ့စည်းပေးရန်လိုအပ် နေသေးပြီး၎င်းအဖွဲ့မှ ဘထ္ထရီရှော့တိုက်၍ ငါးဖမ်းဆီးပါက ပြင်းထန်စွာ အရေးယူဆောင်ရွက် ပေးသွားမှာဖြစ်ပြီး ပညာပေးဟောပြောခြင်းများကိုလည်း ပိုမိုအလေးထား ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဖြကြေားအပ်ပါသည်” ဟု စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုက ဖြကြေားသည်။

ပြည်နယ်တွင်း မြစ်ချောင်းများတွင် ငါးမျိုးမပြုန်းတီးစေရေးအတွက် တားမြစ်ငါးဖမ်းကာလသတ်မှတ်ခြင်း၊ ငါးမျိုးပြုန်းတီးစေသော ငါးဖမ်းနည်း စနစ်များဖြစ်သည့် ဘတ်ထရီရှော့တိုက် ဖမ်းခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအသုံးပြု၍ ငါးဖမ်းခြင်း၊ အဆိပ်ချငါးဖမ်းခြင်းများ မပြုလုပ်ကြရန် ပညာပေး ဆိုင်းဘုတ်များ စိုက်ထူ၍ ဟောပြောပွဲများ ပြုလုပ်ပေးလျှက်ရှိပြီး ဥပဒေမဲ့ ငါးဖမ်းဆီးခြင်းများပြုလုပ်သည်ကို တွေ့ရှိပါက သက်သေခံ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရေချိုငါးဖမ်း ဥပဒေပုဒ်မများဖြင့်အရေးယူ အရေးယူဆောင်ရွက်နေကြောင်း ပြည်နယ်ဝန်ကြီးက ထည့်သွင်းဖြကြေားသွားသည်။

ဘီးလူးချောင်းအတွင်း ငါး လုပ်ငန်းများ နှင့်ပတ်သတ်၍ စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှုများမှာ အလွန်အားနည်းနပြေီး သက်ဆိုင်ရာဌာနအနဖြေင့် လက်တွေ့ ကွင်းဆင်းလုပ်ဆောင်မှုများ မရှိကြောင်းနှင့်၂၀၁၈ ခုနှစ်အတွင်း ဥပဒေမဲ့ငါးဖမ်းခြင်းကို (၂)ကြိမ်သာဖမ်းဆီးခဲ့ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က မေးခွန်းတွင်ထည့်သွင်းမေးမြန်းသွားသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသော ရေချိုငါးဖမ်း ဥပေဒေပုဒ်မ ( ၃၉) အရ လျှပ်စစ်ဓာတ်ဖြင့် ငါးဖမ်းခြင်း၊ ဘတ်ထရီရှော့တိုက်ကျင်စက်ဖြင့် ငါးဖမ်းဆီးခြင်း ပြုလုပ်လျှင် ထောင်ဒဏ်(၂)နှစ်ဖြစ်စေ ဒဏ်ငွေ (၃၀၀,ဝဝဝ)ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net