လွိုင်ကော်မြို့နယ် ထေးငှါးလျားတွင် မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုဖြစ်

လွိုင်ကော်မြို့နယ် ထေးငှါးလျားတွင် မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုဖြစ်
မတျ 19, 2019
By Tachileik News Agency




သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ -  DTK


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ထေးငှါးလျားကျေးရွာတွင် မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားရာက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ၂၀၁၉ခုနှစ် မတ်လ(၁၉)ရက်နေ့ နေ့လည်(၁၁)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်​​ကော်​မြို့နယ်​၊ ​ထေးငှါးလျား​ကျေးရွာ အုပ်​စု(၄)ရှိ ဦးရယ်​​ဖဲ​လော်​၏ သွပ်​မိုး၊ ပျဉ်​ခင်​း ပျဉ်​ကာ ​​နေအိမ်​တွင် ​နေအိမ်​အတွင်​း ထမင်​းအိုးတည်​ထားသည်​့ မီးကြွင်​းမီးကျန်​မှတစ်​ဆင်​့ ​လောင်​ကျွမ်​းခဲ့ခြင်​းဖြစ်​​ပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံး ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ​နေအိမ်​တွင် ​နေ့လည်​ (၁၁)နာရီခွဲဝန်းကျင်က စတင်ကာ ​လောင်​ကျွမ်​းခဲ့ပြီး ​နေအိမ်​မီး​လောင်​ကျွမ်​းမှု ဖြစ်ပွားနေချိန်တွင် ​နေအိမ်​အတွင်​း မိသားစုဝင်​တစ်​ဦးမျှ ရှိမနေကြောင်းနှင့် နေ့လည် (၁၂)နာရ​ီတွင် မီးငြိမ်​းသတ်​နိုင်​ခဲ့ကြောင်း အပြင် မီး​ပေါ့ဆမှု့​ကြောင်​့ အိမ်​ရှင်​အား အ​ရေးယူ​ဆောင်​ရွက်​ရန်​ ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - DTK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net