တောင်ပေါ်ဒေသ လားဟူရွာ (၅)ရွာသို့ တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက်ကာ စေတနာရှင်များဖြင့် ပူးပေါင်း လှူဒါန်း
တောင်ပေါ်ဒေသ လားဟူရွာ (၅)ရွာသို့ တာချီလိတ်နာရေးကူညီမှုအသင်းမှ သွားရောက်ကာ စေတနာရှင်များဖြင့် ပူးပေါင်း လှူဒါန်း
ဖေဖော်ဝါရီ 19, 2019
By Tachileik News Agency
မိုင်းကိုးကျေးရွာအုပ်စုရှိ တောင်ပေါ်လားဟူရွာများဖြစ်သည့် ကျသဲ ကျဘိုရွာ၊ နောင်တောင်းရွာ၊ ကြက်ဖရွာ၊ ခပီလွယ်ရွာ၊ ကျားကျဖိုရွာ စသည့် (၅) ရွာသို့ တာချီလိတ်နာရေးကူညီမှုအသင်း၏  နာယက ဦးစိုင်းခမ်းကျောက် (ဆရာပီကျောက်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် အလှူရှင်များက မိန်းမစီးဖိနပ် အရန် (၁၀၀)၊ ငါးသေတ္တာ ဘူး (၅၀၀)၊ စားသုံးဆီ တစ်လီတာဘူး (၁၂၀)၊ ဆန် (၁၀) အိတ်၊ အ၀တ်အစားထုပ် (၁၇၀)၊ ဝေဖာမုန့်၊ အအေးဖာ (၂၀)၊ ခေါက်ဆွဲကြော် ဘူး (၇၀၀)၊ ဆပ်ပြာမှုန့်၊ မီးခြစ်၊ ဆား စသည့် ပစ္စည်းများကို ကား (၄) စီးဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သတင်း - ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုတွင်း သွားလာရ ခက်ခဲပြီး လားဟူတိုင်းရင်းသား အများစု နေထိုင်သည့် တောင်ပေါ်ရွာ (၅) ရွာကို တာချီလိတ်နာရေး ကူညီရေးအသင်းမှ အဖွဲ့ဝင်များနှင့် အလှူရှင်များ စုပေါင်းပြီး ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းကိုးကျေးရွာအုပ်စုရှိ တောင်ပေါ်လားဟူရွာများဖြစ်သည့် ကျသဲ ကျဘိုရွာ၊ နောင်တောင်းရွာ၊ ကြက်ဖရွာ၊ ခပီလွယ်ရွာ၊ ကျားကျဖိုရွာ စသည့် (၅) ရွာသို့ တာချီလိတ်နာရေးကူညီမှုအသင်း၏ နာယက ဦးစိုင်းခမ်းကျောက် (ဆရာပီကျောက်) ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် အလှူရှင်များက မိန်းမစီးဖိနပ် အရန် (၁၀၀)၊ ငါးသေတ္တာ ဘူး (၅၀၀)၊ စားသုံးဆီ တစ်လီတာဘူး (၁၂၀)၊ ဆန် (၁၀) အိတ်၊ အဝတ်အစားထုပ် (၁၇၀)၊ေဝဖာမုန့်၊ အအေးဖာ (၂၀)၊ ခေါက်ဆွဲကြော် ဘူး (၇၀၀)၊ ဆပ်ပြာမှုန့်၊ မီးခြစ်၊ ဆား စသည့် ပစ္စည်းများကို ကား (၄) စီးဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အိမ်ထောင်စု တစ်စုကို ဆန်က (၅)ကီလို၊ ဆီက တစ်လီတာဘူးတစ်ဘူး။ ငါးသေတ္တာက (၅)ဘူး။ ဆား တစ်ကီလို နှစ်ထုပ်၊ သွားတိုက်ဆေး၊ ခေါက်ဆွဲခြောက်ထုပ်၊ ဖရောင်းတိုင်၊ နားကြပ်တံတွေကအစ ပါတာပေါ့။ ရွာကလူတွေက ပျော်နကြေတယ်။ အိမ်ထောင်စုက နည်းတယ်။ လူဦးရေက များတယ်။ (၆၀၀) လောက်ရှိတယ်။ အေဝးဆုံးရွာက (၂) နာရီလောက် ကားမောင်းရတယ်”ဟု တာချီလိတ်နာရေးကူညီမှု အသင်း အတွင်းရေးမှူး ဒေါ်ညိုထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ရွာများသို့ သွားရာတွင် လမ်းအနေခြေအနေမှာ မြေသားလမ်းဖြစ်ပြီး လမ်းအနေအထားအရ ကားပျက်မှုများလည်း ဖြစ်ခဲ့ကြောင်း သိရသည်။
“မနက် (၇) နာရီခွဲက တာချီလိတ်က ထွက်တယ်။ ပြန်ရောက်တဲ့အချိန် ဟောင်လိတ်လမ်းဆုံရောက်တော့ ညနေ (၅) နာရီထိုးနပြေီ။ လမ်းမှာ ကားတွေပျက်တာနဲ့ဆိုတော့။ လမ်းတွေကမြေသားလမ်းတွေ၊ သစ်ထုတ်၊ ဝါးထုတ်တဲ့လမ်းတွေပေါ့”ဟု ဒေါ်ညိုထွေးက ပြောသည်။
တာချီလိတ်နာရေးကူညီမှုအသင်းသည် အဓိကအားဖြင် မရှိ နာရေးကူညီမှုများကို ဆောင်ရွက်မှုများပြားပြီး ယခုလို စေတနာရှင် အလှူရှင်များဖြင့်လည်း ပူးပေါင်း၍ လိုအပ်နေသည့် ဒေသများသို့ သွားရောက်ကာ လှူဒါန်းပေးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~