မတူကွဲပြားမှုများကြား အချင်းချင်းသည်းခံနားလည်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ သည်းခံမှုများနေ့ သတ်မှတ်

မတူကွဲပြားမှုများကြား အချင်းချင်းသည်းခံနားလည်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ သည်းခံမှုများနေ့ သတ်မှတ်
နိုဝင်ဘာ 16, 2019
By 🌸


မတူကွဲပြားမှုများကြား အချင်းချင်းသည်းခံနားလည်စေရေးအတွက် အပြည်ပြည်ဆိုင်ရာ သည်းခံမှုများနေ့ သတ်မှတ်

မတူကွဲပြားသော လူသားမျိုးနွယ်စုများ၊ နိုင်ငံများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ အချင်းချင်းကြားတွင် ပိုမိုသည်းခံနားလည်မှုရှိလာစေရန် ရည်ရွယ်၍ သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ သည်းခံမှုများနေ့သည် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်ခြင်းဖြစ်ပါသည်။

အများပြည်သူအား အရေးတကြီးဖြေရှင်းရန်လိုအပ်သည့် ပြဿနာများ သိရှိစေရန် ပညာပေးလိုခြင်း၊ ကမ္ဘာ့ဘုံပြဿနာများအား ဖြေရှင်းနိုင်ရန် နိုင်ငံရေးအသိစိတ်ဓာတ်နိုးကြားမှုနှင့်အတူ အရင်းအနှီးအင်အားသုံး၍ လုပ်ဆောင်နိုင်ရန် စည်းရုံးခြင်းတို့အပြင် လူသားမျိုးနွယ်ထု၏ သမိုင်းဝင် အောင်မြင်မှုများကိုလည်း ဂုဏ်ပြု မှတ်တမ်းတင်လိုခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ အထိမ်းအမှတ်ပြု သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၉၅ ခုနှစ်အား ကမ္ဘာ့သည်းခံမှုများနှစ်ဟု သတ်မှတ်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာကို အပြည်ပြည်ဆိုင်ရာ သည်းခံမှုများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - U Thant’s House

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net