သယံဇာတထုတ္ယူသည့္ လုပ္ငန္းမ်ား၏ EIA ၊ SIA မ်ားကို ရွမ္းျပည္နယ္အစိုးရအေနျဖင့္ ပိုမိုပြင့္လင္းျမင္သာစြာ လုပ္ေဆာင္ရန္ ျပည္နယ္လႊတ္ေတာ္ တိုက္တြန္း

သယံဇာတထုတ္ယူသည့္ လုပ္ငန္းမ်ား၏ EIA ၊ SIA မ်ားကို ရွမ္းျပည္နယ္အစိုးရအေနျဖင့္ ပိုမိုပြင့္လင္းျမင္သာစြာ လုပ္ေဆာင္ရန္ ျပည္နယ္လႊတ္ေတာ္ တိုက္တြန္း
ဖေဖော်ဝါရီ 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္တြင္း သယံဇာတထုတ္ယူသည့္ လုပ္ငန္းမ်ားေၾကာင့္ သဘာဝပတ္ဝန္းက်င္အေပၚ သက္ေရာက္မႈ ဆန္းစစ္ခ်က္မ်ားကို ယခင္ထက္ ပြင့္လင္းျမင္သာစြာ လုပ္ေဆာင္ရန္ ျပည္နယ္အစိုးရကို တုိက္တြန္းသည့္ အဆိုကို ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ အတည္ျပဳလုိက္သည္။

၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၁၄) ရက္ေန႔တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး(စတုတၳေန႕)တြင္ ဆႏၵမဲေပးခြင့္ရိွသူ (၁၁၄) ဦးရိွသည့္ အနက္ ေထာက္ခံမဲ (၉၀)မဲ၊ ကန္႔ကြက္မဲ (၂၁)မဲ၊ ၾကားေနမဲ (၃) မဲျဖင့္ အဆိုေအာင္ျမင္သြားခဲ့ျခင္းျဖစ္သည္။

“ေဒသခံေတြက မိမိတို႔ေဒသ သယံဇာတထြက္ရိွလို႔ ထုတ္ယူၾကရာမွာ စိုက္ပ်ိဳးေျမမ်ား ပ်က္စီးျခင္း၊ သဘာ၀ေရထြက္ ျပႆနာမ်ား ရင္ဆိုင္ေနရပါတယ္။ ယခင္က ေျမေပၚေျမေအာက္ သဘာ၀ သယံဇာတမ်ား ထြက္ရိွတာကို ဂုဏ္ယူေနေပမဲ့ အခုက်ေတာ့ ကၽြန္ေတာ္တို႔ ေဒသခံေတြက ဂုဏ္မယူႏိုင္ေတာ့ဘဲ မိမိေဒသမွာတန္ဖိုးႀကီးသဘာ၀ သယံဇာတမ်ား မထြက္ရိွ ေစခ်င္ေလာက္ေအာင္ ရိွေနၾကရပါတယ္”ဟု လဲခ်ားၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) မွ ရွမ္းျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္ေဇယ်က အဆိုကို ေထာက္ခံေဆြးေႏြးခဲ့သည္။

ယင္းအဆိုကို လႊတ္ေတာ္ကိုယ္စားလွယ္ (၅) ဦးက ေထာက္ခံေဆြးေႏြးခဲ့ျခင္းျဖစ္ၿပီး အဆိုပါလုပ္ငန္းမ်ားမွာ လက္ရိွလုပ္ေဆာင္ေနသည့္အျပင္ အရွိန္အဟုန္ရေနသည့္လုပ္ငန္းစဥ္ျဖစ္သျဖင့္ မွတ္တမ္းအျဖစ္ထားရိွရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ ျပည္နယ္သယံ ဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီး ေဒါက္တာညီညီေအာင္က ေဆြးေႏြးခဲ့သည္။

“ယခင္ေဆာင္ရြက္ေနတဲ့ လုပ္ငန္းမ်ားအေပၚမွာ တင္ျပလာတဲ့ အဆိုတစ္ခုျဖစ္ပါတယ္။ အဆိုရွင္ရဲ႕ အဆိုဟာဆိုရင္ အရိွန္အဟုန္ျမႇင့္တင္ ေဆာင္ရြက္ေနၿပီျဖစ္တဲ့ လုပ္ငန္းတစ္ခုအေပၚမွာ အဆိုတင္သြင္းလာျခင္းျဖစ္တဲ့အတြက္ အဆိုကို မွတ္တမ္းအျဖစ္ထားရိွေပးဖို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ကိုယ္စား တင္ျပေဆြးေႏြးအပ္ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္က ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အတြင္းရိွ သယံဇာတထုတ္ယူေသာ စီမံကိန္းလုပ္ငန္းမ်ားနွင့္ အျခားမည္သည့္ စီမံကိန္း လုပ္ငန္းမ်ားမဆို သဘာ၀ပတ္၀န္းက်င္အက်ိဳးသက္ေရာက္မႈ(Environment Impact Assessment)ႏွင့္ လူမႈအက်ိဳးသက္ေရာက္မႈ (Social Impact Assessment)စသည့္ လုပ္ငန္းစဥ္မ်ား စနစ္တက် ေလ့လာဆန္းစစ္ခ်က္မ်ား ျပဳလုပ္ၿပီး ယခင္ထက္ပိုမိုၿပီး ပြင့္လင္းျမင္သာမႈရိွေသာ အားလံုးပူးေပါင္း ပါ၀င္မႈျဖင့္ အားစိုက္အေကာင္အထည္ေဖာ္ရန္အတြက္ ရွမ္းျပည္နယ္အစိုးရအား တိုက္တြန္းေၾကာင္း အဆိုကို ကြန္ဟိန္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေအာင္ေက်ာ္ဦးက ေဖေဖာ္၀ါရီလ (၁၃) ရက္ေန႔တြင္ လႊတ္ေတာ္သို႔တင္သြင္းထားျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ျပည္နယ္လႊတ္ေတာ္



~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တွင်း သယံဇာတထုတ်ယူသည့် လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆန်းစစ်ချက်များကို ယခင်ထက် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် ပြည်နယ်အစိုးရကို တိုက်တွန်းသည့် အဆိုကို ရှမ်းပြည်နယ်လွှတ်တော်တွင် အတည်ပြုလိုက်သည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၁၄) ဦးရှိသည့် အနက် ထောက်ခံမဲ (၉၀)မဲ၊ ကန့်ကွက်မဲ (၂၁)မဲ၊ ကြားနေမဲ (၃) မဲဖြင့် အဆိုအောင်မြင်သွားခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေက မိမိတို့ဒေသ သယံဇာတထွက်ရှိလို့ ထုတ်ယူကြရာမှာ စိုက်ပျိုးမြေများ ပျက်စီးခြင်း၊ သဘာဝရေထွက် ပြဿနာများ ရင်ဆိုင်နေရပါတယ်။ ယခင်က မြေပေါ်မြေအောက် သဘာဝ သယံဇာတများ ထွက်ရှိတာကို ဂုဏ်ယူနေပေမဲ့ အခုကျတော့ ကျွန်တော်တို့ ဒေသခံတွေက ဂုဏ်မယူနိုင်တော့ဘဲ မိမိဒေသမှာတန်ဖိုးကြီးသဘာဝ သယံဇာတများ မထွက်ရှိ စေချင်လောက်အောင် ရှိနကြေရပါတယ်”ဟု လဲချားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျက အဆိုကို ထောက်ခံဆွေးနွေးခဲ့သည်။

ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅) ဦးက ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများမှာ လက်ရှိလုပ်ဆောင်နေသည့်အပြင် အရှိန်အဟုန်ရနေသည့်လုပ်ငန်းစဉ်ဖြစ်သဖြင့် မှတ်တမ်းအဖြစ်ထားရှိရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ဆွေးနွေးခဲ့သည်။

“ယခင်ဆောင်ရွက်နေတဲ့ လုပ်ငန်းများအပေါ်မှာ တင်ပြလာတဲ့ အဆိုတစ်ခုဖြစ်ပါတယ်။ အဆိုရှင်ရဲ့ အဆိုဟာဆိုရင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နပြေီဖြစ်တဲ့ လုပ်ငန်းတစ်ခုအပေါ်မှာ အဆိုတင်သွင်းလာခြင်းဖြစ်တဲ့အတွက် အဆိုကို မှတ်တမ်းအဖြစ်ထားရှိပေးဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား တင်ပြဆွေးနွေးအပ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ သယံဇာတထုတ်ယူသော စီမံကိန်းလုပ်ငန်းများနှင့် အခြားမည်သည့် စီမံကိန်း လုပ်ငန်းများမဆို သဘာဝပတ်ဝန်းကျင်အကျိုးသက်ရောက်မှု(Environment Impact Assessment)နှင့် လူမှုအကျိုးသက်ရောက်မှု (Social Impact Assessment)စသည့် လုပ်ငန်းစဉ်များ စနစ်တကျ လေ့လာဆန်းစစ်ချက်များ ပြုလုပ်ပြီး ယခင်ထက်ပိုမိုပြီး ပွင့်လင်းမြင်သာမှုရှိသော အားလုံးပူးပေါင်း ပါဝင်မှုဖြင့် အားစိုက်အကောင်အထည်ဖော်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးက ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် လွှတ်တော်သို့တင်သွင်းထားခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ပြည်နယ်လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~