တာချီလိတ်မြို့မှ အသက်(၅၀)နှစ်အောက် အိမ်ထောင်ရှင်အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ အခမဲ့ စမ်းသပ်နိုင်ရန် ရပ်ကွက်ရုံးများတွင် စာရင်းပေးရန်လိုအပ်

တာချီလိတ်မြို့မှ အသက်(၅၀)နှစ်အောက် အိမ်ထောင်ရှင်အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ အခမဲ့ စမ်းသပ်နိုင်ရန် ရပ်ကွက်ရုံးများတွင် စာရင်းပေးရန်လိုအပ်
ဇနျနဝါရီ 16, 2019
By Tachileik News Agency


သားအိမ်ခေါင်းကင်ဆာ စမ်းသပ်မှုခံယူရန် အသက် (၅၀)နှစ်အောက် အိမ်ထောင်ရှင်အမျိုးသမီးများ အနေဖြင့် တာချီလိတ်မြို့ရှိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ဆက်သွယ် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပြည်သူ့ဆေးရုံဟောင်းနေရာ၌ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးကုဆရာဝန်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စမ်းသပ်ကုသပေးမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းရွှေမြင့်က ဦးဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာသည် လိင်မှတဆင့် ကူးဆက်နိုင်သော Human papilloma virus (HPV) ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျသောအမျိုးသမီးများ၊ အိမ်ထောင်ဖက်များသော အမျိုးသမီးများ၊ အတူနေဖော်များသော အမျိုးသမီးများ၊ ဆေးလိပ်သောက်သော အမျိုးသမီးများ၊ ကာလရှည်ကြာစွာ ကိုယ်ဝန်တားဆေးစွဲသောက်သော အမျိုးသမီးများ၊ ကိုယ်ခံ အားနည်းသော သူများ၊ အိမ်ထောင်ဖက် အမျိုးသားသည် လိင်ဆက်ဆံဖော်များသူဖြစ်ခြင်းတို့ကြောင့် အဖြစ်များကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှု အများဆုံးကင်ဆာစာရင်းတွင် ပါဝင်သည့် သားအိမ်ခေါင်း ကင်ဆာနှင့် ပတ်သက်၍ အခမဲ့စမ်းသပ်ရှာဖွေကုသခြင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့များ၌ ပြုလုပ် ပေးမည်ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ စမ်းသပ်မှုခံယူရန် အသက် (၅၀)နှစ်အောက် အိမ်ထောင်ရှင်အမျိုးသမီးများ အနဖြေင့် တာချီလိတ်မြို့ရှိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ဆက်သွယ် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပြည်သူ့ဆေးရုံဟောင်းနေရာ၌ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးကုဆရာဝန်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စမ်းသပ်ကုသပေးမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်းရွှမြေင့်က ဦးဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာသည် လိင်မှတဆင့် ကူးဆက်နို်င်သော Human papilloma virus (HPV) ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျသောအမျိုးသမီးများ၊ အိမ်ထောင်ဖက်များသော အမျိုးသမီးများ၊ အတူနေဖော်များသော အမျိုးသမီးများ၊ ဆေးလိပ်သောက်သော အမျိုးသမီးများ၊ ကာလရှည်ကြာစွာ ကိုယ်ဝန်တားဆေးစွဲသောက်သော အမျိုးသမီးများ၊ ကိုယ်ခံ အားနည်းသော သူများ၊ အိမ်ထောင်ဖက် အမျိုးသားသည် လိင်ဆက်ဆံဖော်များသူဖြစ်ခြင်းတို့ကြောင့် အဖြစ်များကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာကို ဆောလျင်စွာ စမ်းသပ်သိရှိပါက အချိန်မီကုသပျောက်ကင်းနိုင်ပြီး ကာကွယ်ဆေးထိုးနှံ၍ရကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~