မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံမှ သံဃာတော်အပါး (၁၈၀)ကျော်ကို ကျိုင်းတုံမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူ

မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံမှ သံဃာတော်အပါး (၁၈၀)ကျော်ကို ကျိုင်းတုံမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူ
အောက်တိုဘာ 17, 2019
By 🌸
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ ဓမ္မခရီးကြွချီလာသည့် မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံမှ သံဃာတော် အပါး (၁၈၀)ကျော်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ နေ့လယ် (၂)နာရီ၌ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီး အဝိုင်းပတ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူကြမည်ဖြစ်သည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ သံဃာတော်များသည် တာချီလိတ်မြို့မှ နံနက် (၆)နာရီခွဲတွင် ကျိုင်းတုံမြို့သို့ စတင်ကြွရောက်ကြခြင်းဖြစ်ပြီး ညနေ (၃)နာရီတွင် ဟိုခုံပရိယတ္တိ စာသင်တိုက်ခွဲ ဆောက်လုပ်မည့်နေရာတွင် ဗုဒ္ဓဂယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်ကို စိုက်ပျိုးကြမည်ဖြစ်ကာ ညနေ (၄)နာရီအချိန်တွင် ကျိုင်းယင်းစေတီတွင် ပရိတ်တရားတော်များ ရွတ်ဖတ်ကြမည်ဖြစ်သည်။

(၅)နိုင်ငံမှ သံဃာတော်များသည် အောက်တိုဘာလ (၁၈)ရက်နေ့ နံနက် (၇)နာရီတွင် ကျိုင်းတုံမြို့မှ တာချီလိတ်မြို့သို့ ပြန်လည်ထွက်ခွာပြီး ယင်းမှတစ်ဆင့် ချင်းရိုင်မြို့သို့ ပြန်လည်ကြွမည်ဖြစ်သည်။

အဆိုပါ ဓမ္မခရီးစဉ်အတွက် ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံ Tiffy မိသားစုနှင့်
မြန်မာနိုင်ငံမှ သာသနာ့နုဂ္ဂဟအသင်း ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ (ဇေကမ္ဘာမိသားစု)တို့က လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - အောင်မြင်ပါစေ

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မဲေခါင္ျမစ္ဝွမ္း (၅) ႏုိင္ငံမွ သံဃာေတာ္အပါး (၁၈၀)ေက်ာ္ကို က်ိဳင္းတံုၿမိဳ႕၌ ဆြမ္းဆန္စိမ္းေလာင္းလွဴ
************
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသသို႔ ဓမၼခရီးၾကြခ်ီလာသည့္ မဲေခါင္ျမစ္ဝွမ္း(၅)ႏုိင္ငံမွ သံဃာေတာ္ အပါး (၁၈၀)ေက်ာ္အား ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၇)ရက္ေန႔ ေန႔လယ္ (၂)နာရီ၌ က်ိဳင္းတံုၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီး အဝိုင္းပတ္တြင္ ဆြမ္းဆန္စိမ္းေလာင္းလွဴၾကမည္ျဖစ္သည္။

ျမန္မာ၊ ထုိင္း၊ ကေမၻာဒီးယား၊ လာအိုႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ားမွ သံဃာေတာ္မ်ားသည္ တာခ်ီလိတ္ၿမိဳ႕မွ နံနက္ (၆)နာရီခြဲတြင္ က်ိဳင္းတံုၿမိဳ႕သို႔ စတင္ၾကြေရာက္ၾကျခင္းျဖစ္ၿပီး ညေန (၃)နာရီတြင္ ဟိုခံုပရိယတၱိ စာသင္တုိက္ခြဲ ေဆာက္လုပ္မည့္ေနရာတြင္ ဗုဒၶဂယာမွ ယူေဆာင္လာသည့္ ေဗာဓိေညာင္ပင္ကို စိုက္ပ်ိဳးၾကမည္ျဖစ္ကာ ညေန (၄)နာရီအခ်ိန္တြင္ က်ိဳင္းယင္းေစတီတြင္ ပရိတ္တရားေတာ္မ်ား ရြတ္ဖတ္ၾကမည္ျဖစ္သည္။

(၅)ႏို္င္ငံမွ သံဃာေတာ္မ်ားသည္ ေအာက္တိုဘာလ (၁၈)ရက္ေန႔ နံနက္ (၇)နာရီတြင္ က်ိဳင္းတံုၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္ထြက္ခြာၿပီး ယင္းမွတစ္ဆင့္ ခ်င္းရိုင္ၿမိဳ႕သို႔ ျပန္လည္ၾကြမည္ျဖစ္သည္။

အဆိုပါ ဓမၼခရီးစဥ္အတြက္ ကုန္က်စရိတ္မ်ားကို ထိုင္းႏိုင္ငံ Tiffy မိသားစုႏွင့္
ျမန္မာႏိုင္ငံမွ သာသနာ့ႏုဂၢဟအသင္း ဥကၠဌ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊ (ေဇကမ႓ာမိသားစု)တို႔က လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ျမင္ပါေစ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net