ရွမ္းျပည္နယ္ေတာင္ပိုင္း ၿမိဳ႕နယ္ (၆)ခုတြင္ ဘိန္းစိုက္ခင္း (၇၉)ဧကကို ရွာေဖြေတြ႔ရိွထား

ရွမ္းျပည္နယ္ေတာင္ပိုင္း ၿမိဳ႕နယ္ (၆)ခုတြင္ ဘိန္းစိုက္ခင္း (၇၉)ဧကကို ရွာေဖြေတြ႔ရိွထား
ဒီဇင်ဘာ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္ေလာင္းၿမိဳ႕နယ္၊ ဟိုပံုးၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္၊ ပင္လံုၿမိဳ႕နယ္၊ လဲခ်ားၿမိဳ႕နယ္ႏွင့္ မုိင္းရႈးၿမိဳ႕နယ္တို႔အတြင္း ဘိန္းစိုက္ခင္းမ်ား ရွာေဖြဖ်က္ဆီးေနရာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၃) ရက္ေန႔အထိ ဘိန္းစိုက္ခင္း (၇၉)ဧကကို ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ႏွင့္ဌာနဆုိင္ရာမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ပင္ေလာင္းၿမိဳ႕နယ္၊ လြယ္ေမာင္းေက်း႐ြာ အနီးတြင္ အျမင့္ႏွစ္ေပခြဲခန္႔ရွိ ဘိန္းစိုက္ခင္း စုစုေပါင္း (၁၉.၅) ဧကကို ဒီဇင္ဘာလ(၁၃)ရက္ေန႔က ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 ယင္းအျပင္ ဟိုပုံးၿမိဳ႕နယ္၊ ေက်ာကၠခ်ားေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၂၇) ဧကခန္႔အား လည္းေကာင္း၊ ဆီဆိုင္ၿမိဳ႕နယ္၊ ပခ်ားကလို႔ေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၂၀) ဧကခန္႔အား လည္းေကာင္း၊ ပင္လုံၿမိဳ႕နယ္၊ တန္႔အယ္ေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၅) ဧကခန္႔အား လည္းေကာင္း၊ လဲခ်ားၿမိဳ႕နယ္၊ ဟိုနားေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၁) ဧကခန္႔အား လည္းေကာင္း၊ မိုင္းရွဴးၿမိဳ႕နယ္ နားေလာင္းေက်း႐ြာႏွင့္ဝန္းက်င္တြင္ ဘိန္းစိုက္ခင္း (၆.၅) ဧကခန္႔အား လည္းေကာင္း ဖ်က္ဆီးရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လုံမြို့နယ်၊ လဲချားမြို့နယ်နှင့် မိုင်းရှုးမြို့နယ်တို့အတွင်း ဘိန်းစိုက်ခင်းများ ရှာဖွေဖျက်ဆီးနေရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့အထိ ဘိန်းစိုက်ခင်း (၇၉)ဧကကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ လွယ်မောင်းကျေးရွာ အနီးတွင် အမြင့်နှစ်ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း စုစုပေါင်း (၁၉.၅) ဧကကို ဒီဇင်ဘာလ(၁၃)ရက်နေ့က ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ယင်းအပြင် ဟိုပုံးမြို့နယ်၊ ကျောက္ကချားကျေးရွာ၌ ဘိန်းစိုက်ခင်း (၂၇) ဧကခန့်အား လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ပချားကလို့ကျေးရွာ၌ ဘိန်းစိုက်ခင်း (၂၀) ဧကခန့်အား လည်းကောင်း၊ ပင်လုံမြို့နယ်၊ တန့်အယ်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၅) ဧကခန့်အား လည်းကောင်း၊ လဲချားမြို့နယ်၊ ဟိုနားကျေးရွာ၌ ဘိန်းစိုက်ခင်း (၁) ဧကခန့်အား လည်းကောင်း၊ မိုင်းရှူးမြို့နယ် နားလောင်းကျေးရွာနှင့်ဝန်းကျင်တွင် ဘိန်းစိုက်ခင်း (၆.၅) ဧကခန့်အား လည်းကောင်း ဖျက်ဆီးရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~