ရွမ္းျပည္နယ္အတြင္း အသက္(၈၅)ႏွစ္အထက္ ဘိုးဘြား(၇,၀၄၀)ဦးကို လူမႈေရးပင္စင္ ေထာက္ပံ့ေပးထား

ရွမ္းျပည္နယ္အတြင္း အသက္(၈၅)ႏွစ္အထက္ ဘိုးဘြား(၇,၀၄၀)ဦးကို လူမႈေရးပင္စင္ ေထာက္ပံ့ေပးထား
ဒီဇင်ဘာ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္တြင္ တစ္လလွ်င္ က်ပ္တစ္ေသာင္းႏႈန္းျဖင့္ လူမႈေရး ပင္စင္ခံစားေနသည့္ အသက္ (၈၅) ႏွစ္ အထက္ အဖိုးအဖြား (၇,၀၄၀)ဦးရိွေနၿပီး ျပည္နယ္အတြင္း လူအိုရိပ္သာ(၆)ခု ဖြင့္လွစ္ထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း လူမႈေရးပင္စင္ခံစားေနသည့္ အသက္ (၈၅) ႏွစ္အထက္ ဘိုးဘြားအေရအတြက္မွာ ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ (၃,၃၇၁) ဦး ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ (၈၁၀)ဦး ၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ (၂,၈၅၉) ဦး ရိွေနေၾကာင္း သိရသည္။

လူမႈေရးပင္စင္ခံစားခြင့္ အသက္ကန္႔သတ္ခ်က္ေလွ်ာ့ခ်ထားရာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္ အသက္(၈၅)ျပည့္မည့္ ဘိုးဘြားမ်ားစာရင္းေကာက္ယူေနၿပီး ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးရံုး မ်ားတြင္လည္း စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

လူမႈဝန္ထမ္းဦးစီးဌာနက ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္မွစ၍ အသက္(၉၀)ႏွစ္ႏွင့္အထက္ ဘိုးဘြားမ်ားကို တစ္လလွ်င္ က်ပ္(၁)ေသာင္းႏွဳန္းျဖင့္ (၃)လတစ္ႀကိမ္ လူမႈေရးပင္စင္မ်ား ေထာက္ပံ့ေပးေနရာမွ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွစတင္ၿပီး အသက္ကန္႔သတ္ခ်က္ကို ေလွ်ာ့ခ်လိုက္ကာ အသက္ (၈၅)ႏွစ္ႏွင့္အထက္ ဘိုး ဘြားမ်ားကို ေထာက္ပံ့လာျခင္းျဖစ္သည္။

၂၀၁၇-၂၀၁၈ ခုႏွစ္ ျမန္မာႏိုင္ငံ၏ ခန္႔မွန္းေျခလူဦးေရစာရင္းအရ ႏိုင္ငံ၏ စုစုေပါင္းလူဦးေရ (၅၃)သန္းခန္႔ အနက္ (၉.၂)ရာခိုင္ႏွဳန္းျဖစ္သည့္ (၄.၉)သန္းသည္ အသက္(၆၀)ႏွစ္ႏွင့္အထက္ သက္ႀကီးရြယ္ အိုမ်ားျဖစ္ရာ လူ(၁၁)ဦးတြင္ (၁)ဦးသည္ သက္ႀကီးရြယ္အိုျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တွင် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် လူမှုရေး ပင်စင်ခံစားနေသည့် အသက် (၈၅) နှစ် အထက် အဖိုးအဖွား (၇,ဝ၄၀)ဦးရှိနပြေီး ပြည်နယ်အတွင်း လူအိုရိပ်သာ(၆)ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း လူမှုရေးပင်စင်ခံစားနေသည့် အသက် (၈၅) နှစ်အထက် ဘိုးဘွားအရေအတွက်မှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၃,၃၇၁) ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၈၁၀)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် (၂,၈၅၉) ဦး ရှိနေကြောင်း သိရသည်။

လူမှုရေးပင်စင်ခံစားခွင့် အသက်ကန့်သတ်ချက်လျှော့ချထားရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အသက်(၈၅)ပြည့်မည့် ဘိုးဘွားများစာရင်းကောက်ယူနပြေီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံး များတွင်လည်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများကို တစ်လလျှင် ကျပ်(၁)သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးနေရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်ပြီး အသက်ကန့်သတ်ချက်ကို လျှော့ချလိုက်ကာ အသက် (၈၅)နှစ်နှင့်အထက် ဘိုး ဘွားများကို ထောက်ပံ့လာခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ ခန့်မှန်းခြေလူဦးရေစာရင်းအရ နိုင်ငံ၏ စုစုပေါင်းလူဦးရေ (၅၃)သန်းခန့် အနက် (၉.၂)ရာခိုင်နှုန်းဖြစ်သည့် (၄.၉)သန်းသည် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ် အိုများဖြစ်ရာ လူ(၁၁)ဦးတွင် (၁)ဦးသည် သက်ကြီးရွယ်အိုဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~