ပိုလန္ႏုိင္ငံမွ ရွာေဖြကယ္ဆယ္ေရးယာဥ္အသံုးျပဳနည္း သင္တန္းဆင္းလာသည့္ ေက်ာက္မဲခရိုင္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြကယ္ဆယ္ေရး သရုပ္ျပ

ပိုလန္ႏုိင္ငံမွ ရွာေဖြကယ္ဆယ္ေရးယာဥ္အသံုးျပဳနည္း သင္တန္းဆင္းလာသည့္ ေက်ာက္မဲခရိုင္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြကယ္ဆယ္ေရး သရုပ္ျပ
ဒီဇင်ဘာ 27, 2018
By 🌸
ပိုလန္ႏုိင္ငံမွ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းသံုးယာဥ္(၁)စီးကို ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ရိွ ခရိုင္မီးသတ္တပ္ဖြဲ႔သို႔ ပံ့ပိုးေပးထားရာ အဆိုပါယာဥ္အသံုးျပဳမႈသင္တန္းဆင္းသည့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းႏွင့္ မီးၿငိႇမ္းသတ္လုပ္ငန္းသရုပ္ျပျခင္းကို ဗဟိုေစ်းႀကီးတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၂၇)ရက္ေန႔ နံနက္(၁၀)နာရီက ျပဳလုပ္သည္။

ပိုလန္ႏိုင္ငံ ODA အစီအစဥ္ျဖင့္ မီးၿငိႇမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းသံုးယာဥ္ (၇၅)စီးကို လႊတ္ေတာ္သေဘာတူညီခ်က္ျဖင့္ ဝယ္ယူထားၿပီး တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရိွ မီးသတ္ဦးစီးဌာနမ်ားသို႔ ပံ့ပိုးေပးရာ ရွမ္းျပည္နယ္အတြက္ (၈)စီးပံ့ပိုးေပးထားေၾကာင္း သိရသည္။

ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႕အတြက္ရရိွထားသည့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းသံုးယာဥ္ ( Heavy Reduce & Towing Vehicle  ( 8 ×4 ) (42) Ton VOLVO ႏွင့္ ခရိုင္မီးသတ္စခန္းရွိ မီးၿငိမ္းသတ္ယာဥ္တစ္စီးျဖင့္ သရုပ္ျပျခင္းကို လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေခတ္မီရွာေဖြကယ္ဆယ္ေရးယာဥ္ကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ(၁၅)ရက္ေန႔က လက္ခံရရိွသျဖင့္ အဆိုပါယာဥ္ အသံုးျပဳနည္းသင္တန္းကို ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႔မွ အရာရွိ(၂)ဦး၊ အျခားအဆင့္ (၃)ဦးတို႔ကို ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ဗဟိုဌာနခ်ဳပ္သို႔ ပို႔လႊတ္သင္ၾကားေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲခရိုင္မီးသတ္ဦးစီးဌာနတြင္ တပ္ဖြဲ႔ဝင္ (၄၅)ဦး၊ မီးၿငိမ္းသတ္ယာဥ္၊ ရွာေဖြကယ္ဆယ္ေရးယာဥ္ စုစုေပါင္း ယာဥ္(၉)စီးရိွေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - မီးသတ္တပ္ဖြဲ႔

~~~~~~~~⊰❂Unicode Version ~~~~~~~~
ပိုလန်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးယာဉ်အသုံးပြုနည်း သင်တန်းဆင်းလာသည့် ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး သရုပ်ပြ
***********
ပိုလန်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်(၁)စီးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ခရိုင်မီးသတ်တပ်ဖွဲ့သို့ ပံ့ပိုးပေးထားရာ အဆိုပါယာဉ်အသုံးပြုမှုသင်တန်းဆင်းသည့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် မီးငြှိမ်းသတ်လုပ်ငန်းသရုပ်ပြခြင်းကို ဗဟိုဈေးကြီးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်(၁၀)နာရီက ပြုလုပ်သည်။

ပိုလန်နိုင်ငံ ODA အစီအစဉ်ဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ် (၇၅)စီးကို လွှတ်တော်သဘောတူညီချက်ဖြင့် ဝယ်ယူထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မီးသတ်ဦးစီးဌာနများသို့ ပံ့ပိုးပေးရာ ရှမ်းပြည်နယ်အတွက် (၈)စီးပံ့ပိုးပေးထားကြောင်း သိရသည်။

ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့အတွက်ရရှိထားသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ် ( Heavy Reduce & Towing Vehicle  ( 8 ×4 ) (42) Ton VOLVO နှင့် ခရိုင်မီးသတ်စခန်းရှိ မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့် သရုပ်ပြခြင်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါခေတ်မီရှာဖွေကယ်ဆယ်ရေးယာဉ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့က လက်ခံရရှိသဖြင့် အဆိုပါယာဉ် အသုံးပြုနည်းသင်တန်းကို ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့မှ အရာရှိ(၂)ဦး၊ အခြားအဆင့် (၃)ဦးတို့ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဗဟိုဌာနချုပ်သို့ ပို့လွှတ်သင်ကြားစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနတွင် တပ်ဖွဲ့ဝင် (၄၅)ဦး၊ မီးငြိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ် စုစုပေါင်း ယာဉ်(၉)စီးရှိကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~