တုိင္းႏွင့့္ျပည္နယ္အလိုက္ ရင္းႏွီးျမဳပ္ႏွံမႈဝင္ေရာက္မႈတြင္ ဇူလုိင္လအတြင္း ကယားျပည္နယ္က အဆင့္(၅) ၌ရိွေန

တုိင္းႏွင့့္ျပည္နယ္အလိုက္ ရင္းႏွီးျမဳပ္ႏွံမႈဝင္ေရာက္မႈတြင္ ဇူလုိင္လအတြင္း ကယားျပည္နယ္က အဆင့္(၅) ၌ရိွေန
အောက်တိုဘာ 30, 2018
By 🌸
ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ လုပ္ေဆာင္ေနေသာ  ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအေပၚ အမွတ္ေပးအကဲျဖတ္ေနရာ ၂၀၁၈ ခုႏွစ္ ဇူလိုင္လတြင္ ကယားျပည္နယ္သည္ အဆင့္ (၅) ေနရာတြင္ ရိွေနေၾကာင္း သိရသည္။

ကယားျပည္နယ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအေပၚ အခက္အခဲမရွိေစရန္ လုပ္ငန္းစတင္သည့္ (၇)ႏွစ္ကို အခြန္ကင္းလြတ္ခြင့္ေပးထားၿပီး ျပည္နယ္တြင္း ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအား လိုအပ္သည္မ်ား ပံ့ပိုးကူညီေရးႏွင့္ လုပ္ထံုးလုပ္နည္းႏွင့္အညီျဖစ္ေစေရးအတြက္ ျပည္နယ္၏ ရင္းႏွီး ျမႇဳပ္ႏွံမႈ အစည္းအေဝးအား လစဥ္က်င္းပကာ ေျဖရွင္းေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

ကယားျပည္နယ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈဖိုရမ္ကို ၂၀၁၈ ခုႏွစ္ ေမလအတြင္းကက်င္းပၿပီးေနာက္ ျပည္နယ္တြင္း ဟုိတယ္လုပ္ငန္း (၉) ခု၊ ႏုိင္ငံျခားသား ရာႏႈန္းျပည့္ ရင္းႏွီးျမဳပ္ႏွံသည့္ ၀က္ေမြးျမဴေရးလုပ္ငန္း (၁) ခု စုစုေပါင္း ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း (၁၀) ခုရိွလာၿပီး ျမန္မာႏိုင္ငံသား ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္း (၂)ခုႏွင့္ ႏိုင္ငံျခားသား ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း (၁)ခုတို႔ကိုလည္း ရင္းႏွီးျမဳပ္ႏွံခြင့္ျပဳ အတည္ျပဳမိန္႔မ်ား ထုတ္ေပးထားၿပီျဖစ္ေၾကာင္း သိရသည္။
 သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
တိုင်းနှင့်ပြည်နယ်အလိုက် ရင်းနှီးမြုပ်နှံမှုဝင်ရောက်မှုတွင် ဇူလိုင်လအတွင်း ကယားပြည်နယ်က အဆင့်(၅) ၌ရှိနေ
**************
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ဆောင်နေသော  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် အမှတ်ပေးအကဲဖြတ်နေရာ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကယားပြည်နယ်သည် အဆင့် (၅) နေရာတွင် ရှိနေကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် အခက်အခဲမရှိစေရန် လုပ်ငန်းစတင်သည့် (၇)နှစ်ကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား လိုအပ်သည်များ ပံ့ပိုးကူညီရေးနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေးအတွက် ပြည်နယ်၏ ရင်းနှီး မြှုပ်နှံမှု အစည်းအဝေးအား လစဉ်ကျင်းပကာ ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၈ ခုနှစ် မေလအတွင်းကကျင်းပပြီးနောက် ပြည်နယ်တွင်း ဟိုတယ်လုပ်ငန်း (၉) ခု၊ နိုင်ငံခြားသား ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံသည့် ဝက်မွေးမြူရေးလုပ်ငန်း (၁) ခု စုစုပေါင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၁၀) ခုရှိလာပြီး မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု လုပ်ငန်း (၂)ခုနှင့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၁)ခုတို့ကိုလည်း ရင်းနှီးမြုပ်နှံခွင့်ပြု အတည်ပြုမိန့်များ ထုတ်ပေးထားပြီဖြစ်ကြောင်း သိရသည်။
 သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~