ႏွစ္ရက္တာက်င္းပမည့္ ရွစ္ေလးလံုးအေရးေတာ္ပံု ပုလဲရတု အခမ္းအနား ေတာင္ႀကီးတြင္ စတင္

ႏွစ္ရက္တာက်င္းပမည့္ ရွစ္ေလးလံုးအေရးေတာ္ပံု ပုလဲရတု အခမ္းအနား ေတာင္ႀကီးတြင္ စတင္
သြဂုတ် 7, 2018
By Tachileik News Agency

ရွစ္ေလးလံုးအေရးေတာ္ပံု ပုလဲရတု အခမ္းအနားကို ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမႏွင့္ ဗိုလ္ခ်ဳပ္ပန္းၿခံတို႔တြင္ ၂၀၁၈ ခုနွစ္၊ ၾသဂုတ္လ(၇)ရက္ေန႔ နံနက္မွ စတင္၍ က်င္းပျပဳလုပ္ေနလွ်က္ရွိသည္။

အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္၊ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ လယ္ယာစိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလံုေက်ာ္ အပါအ၀င္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ႏွင့္ ၈၈၈၈ မ်ဳိးဆက္မ်ား၊ အရပ္ဖက္အဖြဲ႔အစည္းမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္လာခဲ့ၾကသည္။

အဆိုပါ ခန္းမတြင္ ေတာင္ႀကီးၿမိဳ႕နယ္မွ ပန္းခ်ီဆရာမ်ား ေရးဆြဲထားသည့္ ပန္းခ်ီကားမ်ား၊ ဓါတ္ပံု ဆရာမ်ားမွ ရုိက္ကူးထားေသာ ဓါတ္ပံုမ်ားအား ျပသထားရန္အတြက္ လာေရာက္ ခ်ိတ္ဆြဲေနရာ ယူထားရွိသည္ ကိုလည္း ေတြ႔ရွိရၿပီး ခန္းမတြင္ ထားရွိသည့္ ဓါတ္ပံုမ်ားႏွင့္ ပန္းခ်ီကားမ်ားမွာ ျပသရန္ျဖစ္ေသာ္လည္း စိတ္၀င္စား၍ ၀ယ္ယူလိုသူမ်ားအေနျဖင့္ ၀ယ္ယူရရွိႏိုင္မည္ျဖစ္ၿပီး ေရာင္းရေသာ ပန္းခ်ီကားတန္ဖိုး၏ (၂၅)ရာခိုင္ႏႈန္းသည္ အခမ္းအနား ျဖစ္ေျမာက္ေရး ေကာ္မတီ၏ ရန္ပံုေငြျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ေန႔လည္ပိုင္းတြင္ အဆိုပါ ခန္းမ၌  ၈၈၈၈ အေရးေတာ္ပံု ပုလဲရတု အခမ္းအနား ဂုဏ္ျပဳမိန္႔ခြန္းေျပာၾကားျခင္း၊ အဖြဲ႕အစည္းအသီးသီးမွ ေပးပို႔လာသည့္ သဝဏ္လႊာမ်ား ဖတ္ၾကားျခင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုအသြင္ လကၡဏာရရိွေရးအတြက္ လိုအပ္သည့္ အႏွစ္သာရေခါင္းစဥ္ျဖင့္ ရန္ကုန္တကၠသိုလ္ ႏုိင္ငံတကာ ဆက္ဆံေရးပညာဌာနမွ ေဒါက္တာခိုင္မ်ိဳးထြန္း၊ ABSDF ဥကၠဌ ရဲေဘာ္သံခဲ၊ စာေရးဆရာ ဦးေမာင္ေမာင္စိုး၊ အေရွ႕ေတာင္အာရွေရးရာကၽြမ္းက်င္သူ ဦးခင္ေလးေမာင္တုိ႔က ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

ၾသဂုတ္လ(၈)ရက္ေန႔တြင္ နံနက္ (၆)နာရီ၌ မင္းေက်ာင္းတုိက္တြင္ အာရုဏ္ဆြမ္းႏွင့္ ဝါဆိုသကၤန္း ကပ္လွဴျခင္း၊ မင္းေက်ာင္းမွေန၍ ဗိုုလ္ခ်ဳပ္ပန္းၿခံရိွ ၈၈၈၈ ေက်ာက္တုိင္သို႔ ခ်ီတက္ ဂါရဝျပဳျခင္းတုိ႔ ျပဳလုပ္ၿပီးေနာက္ ၿမိဳ႕ေတာ္ခန္းမတြင္ အဖြဲ႕အစည္းအသီးသီးက ေပးပို႔ေသာ သဝဏ္လႊာ ဖတ္ၾကားျခင္းႏွင့္ ၈၈၈၈ သမိုင္းမွရရိွခဲ့ေသာ သင္ခန္းစာႏွင့္ အနာဂိတ္ေခါင္းစဥ္ျဖင့္ စကားဝိုင္း ေဆြးေႏြးျခင္းတုိ႔ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ႏွင့္ ကားဝိုင္းတြင္ PNLO ဒုဥကၠဌ ဦးခြန္ျမင့္ထြန္း၊ ၿငိမ္းခ်မ္းေရးနွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းမွ ဦးဂ်င္မီ၊ မႏၱေလးတကၠသိုလ္မွ ေရွးေဟာင္းသုေတသနပညာရွင္ ေဒါက္တာျပည့္ၿဖိဳးေက်ာ္ႏွင့္ အေရွ႕ေတာင္ အာရွေရးရာကၽြမ္းက်င္သူ ဦးခင္ေလးေမာင္တို႔က ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှစ်လေးလုံးအရေးတော်ပုံ ပုလဲရတု အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ မြို့တော်ခန်းမနှင့် ဗိုလ်ချုပ်ပန်းခြံတို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့ နံနက်မှ စတင်၍ ကျင်းပပြုလုပ်နေလျှက်ရှိသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော် အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့် ၈၈၈၈ မျိုးဆက်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်လာခဲ့ကြသည်။

အဆိုပါ ခန်းမတွင် တောင်ကြီးမြို့နယ်မှ ပန်းချီဆရာများ ရေးဆွဲထားသည့် ပန်းချီကားများ၊ ဓာတ်ပုံ ဆရာများမှ ရိုက်ကူးထားသော ဓာတ်ပုံများအား ပြသထားရန်အတွက် လာရောက် ချိတ်ဆွဲနေရာ ယူထားရှိသည် ကိုလည်း တွေ့ရှိရပြီး ခန်းမတွင် ထားရှိသည့် ဓာတ်ပုံများနှင့် ပန်းချီကားများမှာ ပြသရန်ဖြစ်သော်လည်း စိတ်ဝင်စား၍ ဝယ်ယူလိုသူများအနဖြေင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး ရောင်းရသော ပန်းချီကားတန်ဖိုး၏ (၂၅)ရာခိုင်နှုန်းသည် အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ၏ ရန်ပုံငွဖြေစ်ကြောင်း သိရသည်။

ဆက်လက်၍ နေ့လည်ပိုင်းတွင် အဆိုပါ ခန်းမ၌ ၈၈၈၈ အရေးတော်ပုံ ပုလဲရတု အခမ်းအနား ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအသွင် လက္ခဏာရရှိရေးအတွက် လိုအပ်သည့် အနှစ်သာရခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ဒေါက်တာခိုင်မျိုးထွန်း၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ စာရေးဆရာ ဦးမောင်မောင်စိုး၊ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ ဦးခင်လေးမောင်တို့က ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ(၈)ရက်နေ့တွင် နံနက် (၆)နာရီ၌ မင်းကျောင်းတိုက်တွင် အာရုဏ်ဆွမ်းနှင့် ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ မင်းကျောင်းမှနေ၍ ဗိုလ်ချုပ်ပန်းခြံရှိ ၈၈၈၈ ကျောက်တိုင်သို့ ချီတက် ဂါရဝပြုခြင်းတို့ ပြုလုပ်ပြီးနောက် မြို့တော်ခန်းမတွင် အဖွဲ့အစည်းအသီးသီးက ပေးပို့သော သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ၈၈၈၈ သမိုင်းမှရရှိခဲ့သော သင်ခန်းစာနှင့် အနာဂိတ်ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း နှင့် ကားဝိုင်းတွင် PNLO ဒုဥက္ကဌ ဦးခွန်မြင့်ထွန်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီ၊ မန္တလေးတက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်နှင့် အရှေ့တောင် အာရှရေးရာကျွမ်းကျင်သူ ဦးခင်လေးမောင်တို့က ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~