ကယားပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်း မပြုရန် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် လွိုင်ကော်တရားရုံးတွင် တရားရင်ဆိုင်နေသည့် (၂၃)ဦးကို အာမခံပေးထား

ကယားပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်း မပြုရန် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် လွိုင်ကော်တရားရုံးတွင် တရားရင်ဆိုင်နေသည့် (၂၃)ဦးကို အာမခံပေးထား
သြဂုတ် 30, 2018
By Tachileik News Agency

ကယားပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်း မပြုရန် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖ်ါမှုနှင့် ဆန္ဒထုတ်ဖေါ်ရာတွင် ဖြန့်ဝေခဲ့သည့် ကရင်နီသမိုင်းကြောင်း လက်ကမ်းစာစောင်ပါ အသုံးအနှုန်း များကြောင့် ပုဒ်မ ၅၀၅(ခ) ၊ ပုဒ်မ ၁၉/၂၀ ငြိမ်းစုစီတို့ဖြင့် တရားစွဲဆို ခံထားရသူများကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ရုံးချိန်းတွင် အာမခံပေးလိုက်ကြောင်း သိရသည်။



လွိုင်ကော်မြို့နယ်တရားရုံးတွင် အဆိုပါ ဆန္ဒထုတ်ဖေါ်မှုတွင် ပါဝင်သူ (၁၀)ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် လည်းကောင်း၊ (၁၆)ဦးသည် ပုဒ်မ ၁၉/၂၀ ငြိမ်းစုစီဖြင့်လည်းကောင်း တရား ရင်ဆိုင်နေကြခြင်းဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်း မပြုရန် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖာ်မှုနှင့် ဆန္ဒထုတ်ဖော်ရာတွင် ဖြန့်ဝေခဲ့သည့် ကရင်နီသမိုင်းကြောင်း လက်ကမ်းစာစောင်ပါ အသုံးအနှုန်း များကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၉/၂၀ ငြိမ်းစုစီတို့ဖြင့် တရားစွဲဆို ခံထားရသူများကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့ရုံးချိန်းတွင် အာမခံပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ရုံးချိန်းတွင် ငြိမ်းစုစီ ပုဒ်မ ၁၉၊၂၀ ဖြင့် လွိုင်ကော် တရားရုံး၌ တရားစွဲဆိုခြင်းခံရသူ (၂၃) ဦးအား ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ အာမခံရပြီး ပြန်လွတ်လာတဲ့ အပေါ်မှာတော့ သိပ်ထူးထူးခြားခြား မခံစားရပါဘူး။ ခုက အာမခံရလို့ ထောင်ချုပ်ကလွတ်တာပဲရှိသေးတယ်။ အမှုကဆက်ရင်ဆိုင်နေရဦးမယ်။ ကျွန်တော်တို့က ကိုယ့်ပြည်နယ် လူမျိုးတွေအတွက် အမှန်တရား ကိုလုပ်ခဲ့တာဖြစ်တယ်။ ဒီအမှန်တရားအပေါ်မှာပဲ ဆက်ရပ်တည်သွားမယ်" ဟု တရားရင်ဆိုင်နေသည့် ကိုဒီးဒီက တာချီလိတ်သတင်းဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့နယ်တရားရုံးတွင် အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ (၁၀)ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် လည်းကောင်း၊ (၁၆)ဦးသည် ပုဒ်မ ၁၉/၂၀ ငြိမ်းစုစီဖြင့်လည်းကောင်း တရား ရင်ဆိုင်နကြခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~