မိုင်းပန်မြို့နယ်အတွင်း နှစ်စဉ် ရေကြီးရေလျှံမှုကြောင့် နမ့်ပန်ချောင်း ရေစီးရေလာကောင်းမွန်ရေး ဘတ်ဂျတ်ရရှိမှုပေါ် မူတည်၍ ဆောင်ရွက်သွားမည်

မိုင်းပန်မြို့နယ်အတွင်း နှစ်စဉ် ရေကြီးရေလျှံမှုကြောင့် နမ့်ပန်ချောင်း ရေစီးရေလာကောင်းမွန်ရေး ဘတ်ဂျတ်ရရှိမှုပေါ် မူတည်၍ ဆောင်ရွက်သွားမည်
သွဂုတျ 22, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပွားနေသဖြင့် နမ့်ပန်ချောင်း အတွင်း လမ်းချဲ့သည့် မြေစာများ မကျစေရန် ရှမ်းပြည်နယ်အစိုးရက လမ်းဦးစီးဌာနသို့ ညွှန်ကြားထားပြီး ချောင်းရေစီးရေလာကောင်းမွန်ရေးကို ဘတ်ဂျက်ရရှိမှု အပေါ် မူတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နမ့်ပန်ချောင်းရေကြီးရေလျှံမှု၏ အကြောင်းရင်း တစ်ခုဖြစ်သည့် ကားလမ်းများချဲ့ရာမှ ထွက်ရှိသော မြေစာများ ချောင်းအတွင်းသို့ ကျရောက်မှုများ နောက်နောင်တွင် မဖြစ်ပွားစေရန် လမ်းဦးစီးဌာနသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားပြီး နမ့်ပန်ချောင်း ရေစီးရေလာကောင်းမွန်ရေးကို သင့်လျော်သည့် ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်တင်ပြတောင်းခံကာ ရေအရင်းအမြစ်နှင့်‌ မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

မိုင်းပန်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်း လျက်ရှိသော နမ့်ပန်ချောင်း နှစ်စဉ်ရေကြီးမှုကြောင့် မြို့နယ် အတွင်း ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေသဖြင့် နမ့်ပန်ချောင်း၏ ဟွေ့ကျောင်းချောင်းဆုံနေရာမှ ကန်မောက်လျံရွာ အထိ (၅.၅၃)မိုင်တွင် သဲနုန်းတူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်းတို့အား လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက မေးမြန်းခဲ့ခြင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နမ့်ပန်ချောင်းရေစီးရေလာ ကောင်းမွန်စေရန် ချောင်းဖြောင့်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်နိုင်သော်လည်း ချောင်း၏ ဝဲယာရှိ စိုက်ပျိုးမြေပိုင်ရှင်များဖြင့် ညှိနှိုင်းမှုများပြုလုပ်ရန် လိုအပ်ရာ အချိန်ကြန့်ကြာပြီး ငွေကုန်ကြေးကျလည်း များမည်ဖြစ်သဖြင့် အဆိုပါနည်းလမ်းဖြင့် မဆောင်ရွက်ဘဲ ပထမဦးစားပေးအနေဖြင့် သစ်ကိုင်းများဖြင့် ပိတ်ဆို့နေသည့် နေရာ(၅)နေရာကို တူးဖော်ရှင်းလင်းဖယ်ရှားခြင်းနှင့် ဒုတိယဦးစားပေး အနေဖြင့် နမ့်ပန်ချောင်းနှင့် ဟွေ့ကျောင်းချောင်းဆုံရာနေရာ ကန်မောက်လျံရွာအကြား ချောင်း တစ်လျှောက် (၄.၃၆) မိုင်တွင် ချောင်းအတွင်း သဲနုန်းတူးဖော်ခြင်းနှင့်‌ ချောင်းချဲ့ခြင်းများကိုသာ ဆောင်ရွက် သင့်ကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နှစ်စဉ်ရကြေီးရေလျှံမှု ဖြစ်ပွားနေသဖြင့် နမ့်ပန်ချောင်း အတွင်း လမ်းချဲ့သည့် မြေစာများ မကျစေရန် ရှမ်းပြည်နယ်အစိုးရက လမ်းဦးစီးဌာနသို့ ညွှန်ကြားထားပြီး ချောင်းရေစီးရေလာကောင်းမွန်ရေးကို ဘတ်ဂျက်ရရှိမှု အပေါ် မူတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နမ့်ပန်ချောင်းရကြေီးရေလျှံမှု၏ အကြောင်းရင်း တစ်ခုဖြစ်သည့် ကားလမ်းများချဲ့ရာမှ ထွက်ရှိသော မြေစာများ ချောင်းအတွင်းသို့ ကျရောက်မှုများ နောက်နောင်တွင် မဖြစ်ပွားစေရန် လမ်းဦးစီးဌာနသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားပြီး နမ့်ပန်ချောင်း ရေစီးရေလာကောင်းမွန်ရေးကို သင့်လျော်သည့် ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်တင်ပြတောင်းခံကာ ရေအရင်းအမြစ်နှင်‌့ မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

မိုင်းပန်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်း လျက်ရှိသော နမ့်ပန်ချောင်း နှစ်စဉ်ရကြေီးမှုကြောင့် မြို့နယ် အတွင်း ရကြေီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေသဖြင့် နမ့်ပန်ချောင်း၏ ဟွေ့ကျောင်းချောင်းဆုံနေရာမှ ကန်မောက်လျံရွာ အထိ (၅.၅၃)မိုင်တွင် သဲနုန်းတူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်း၊ ချောင်းချဲ့ခြင်းတို့အား လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက မေးမြန်းခဲ့ခြင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

နမ့်ပန်ချောင်းရေစီးရေလာ ကောင်းမွန်စေရန် ချောင်းဖြောင့်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်နိုင်သော်လည်း ချောင်း၏ ဝဲယာရှိ စိုက်ပျိုးမြေပိုင်ရှင်များဖြင့် ညှိနှိုင်းမှုများပြုလုပ်ရန် လိုအပ်ရာ အချိန်ကြန့်ကြာပြီး ငွေကုန်ကြေးကျလည်း များမည်ဖြစ်သဖြင့် အဆိုပါနည်းလမ်းဖြင့် မဆောင်ရွက်ဘဲ ပထမဦးစားပေးအနဖြေင့် သစ်ကိုင်းများဖြင့် ပိတ်ဆို့နေသည့် နေရာ(၅)နေရာကို တူးဖော်ရှင်းလင်းဖယ်ရှားခြင်းနှင့် ဒုတိယဦးစားပေး အနဖြေင့် နမ့်ပန်ချောင်းနှင့် ဟွေ့ကျောင်းချောင်းဆုံရာနေရာ ကန်မောက်လျံရွာအကြား ချောင်း တစ်လျှောက် (၄.၃၆) မိုင်တွင် ချောင်းအတွင်း သဲနုန်းတူးဖော်ခြင်းနှင်‌့ ချောင်းချဲ့ခြင်းများကိုသာ ဆောင်ရွက် သင့်ကြောင်း ဝန်ကြီးက ပြန်လည်ဖြကြေားခဲ့သည်။

ဒုတိယဦးစားပေးဆောင်ရွက်မည့် ဟွေ့ကျောင်းချောင်းနှင်‌့ နမ့်ပန်ချောင်းဆုံသည့်နေရာမှ ကန်ပေါက်လျံရွာအထိ (၄.၃၆) မိုင် တူးဖော်ရှင်းလင်းခြင်း၊ နမ်‌့ပန်ချောင်းနှင်‌့ ဟွေ့ကျောင်းချောင်းဆုံနေရာမှ ကန်ပေါက်လျံရွာအထိ ရေတိမ်ကောမှုများ သက်သာစေရန် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဖယ်ရှား၍ ချောင်းချဲ့ခြင်းလုပ်ငန်းနှစ်ခုအား လုပ်ဆောင်ရန် စုစုပေါင်းရန်ပုံငွေကျပ် (၁၆၁.၆၄) သန်းလိုအပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~