ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးသစ် ခန့်အပ် တာဝန်ပေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးသစ် ခန့်အပ် တာဝန်ပေး
ဇှနျ 18, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇွန်လ (၁၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ တက်ရောက်ခွင့်ရှိသူ (၁၄၃)ဦးအနက် (၃၀)ဦးခွင့်ယူခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် ဗိုလ်မှူးကြီးလှဦးအား ခန့်အပ်တာဝန်ပေးခြင်းနှင့် ကတိသစ္စာပြုခြင်း အပြင် ရှမ်းပြည်နယ် အပန်းဖြေစခန်း၊ တိရိစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒ ဥယျာဉ်ဥပဒေ(မူကြမ်း)အား လွှတ်တော်သို့ တင်သွင်းခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။

အရေးပေါ်လွှတ်တော်အစည်းအဝေးကို တစ်ရက်တာကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Shan Parliament for Kyaing Tong Needs ကျိုင်းတုံဟစ်တိုင်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~