သီေပါၿမိဳ႕တြင္ ေရွးဦးသူနာျပဳစုနည္း သံုးရက္ၾကာ သင္တန္းတက္ေရာက္လုိသူမ်ား စာရင္းေပးသြင္းႏိုင္

သီေပါၿမိဳ႕တြင္ ေရွးဦးသူနာျပဳစုနည္း သံုးရက္ၾကာ သင္တန္းတက္ေရာက္လုိသူမ်ား စာရင္းေပးသြင္းႏိုင္
ဇွန် 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္  ၊ သီေပါျပည္သူ႔ေဆးရံုရွိ သင္တန္းခန္းမတြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၂) ရက္ေန႔မွစတင္  ဖြင့္လွစ္မည့္ ေရွးဦး သူနာျပဳစုနည္း (၃)ရက္သင္တန္းအား  လူဦးေရ (၃၀)မွ (၅၀) အထိ လက္ခံ သင္ၾကားေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ေရွးဦးသူနာျပဳစုနည္းေလး တတ္ထားမယ္ဆိုရင္ အနည္းဆံုး ကုိယ့္မိသားစုကိုယ္ေတာ့ ေစာင့္ေရွာက္မႈေပးႏိုင္မယ္။ ၿပီးေတာ့ အားလံုးနဲ႔စုေပါင္းၿပီး လုပ္ကိုင္ႏိုင္တဲ့ ၾကက္ေျခနီစိတ္ဓာတ္ေလးေတြ ၊ အေျခခံ မူဝါဒေလးေတြကို  နားလည္သြားမယ္ဆိုရင္ လူ႔ေဘာင္တစ္ခုကို ေစာင့္ေရွာက္ႏိုင္တဲ့ ပရဟိတအင္အားစုေလးေတြ ရရွိလာနိုင္ေစဖို႔ ရည္ရြယ္ပါတယ္”ဟု သင္တန္းဖြင့္လွစ္သင္ၾကားေပးမည့္ သီေပါျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာ နႏၵဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါၿမိဳ႕နယ္အတြင္းမွ အသက္ (၁၈) ႏွစ္မွ (၃၀) ႏွစ္ၾကားရွိ သင္တန္းသား၊သင္တန္းသူဦးေရ (၃၀)အတြက္ ျမန္မာႏိုင္ငံၾကက္ေျခနီအဖြဲ႔မွ ေထာက္ပံ့မႈေပးထားၿပီး သင္တန္းသား၊သင္တန္းသူဦးေရ (၅၀) အထိ လက္ခံသင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္း အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ ပရဟိတလုပ္ငန္းမ်ားတြင္ ၾကက္ေျခနီတပ္ဖြဲ႔အင္အား နည္းပါးေနျခင္း ႏွင့္ လူငယ္မ်ားပရဟိတလုပ္ငန္းအား စိတ္ပါဝင္စားမႈတိုးလာေစရန္  ရည္ရြယ္လုပ္ေဆာင္ျခင္းလည္း ျဖစ္ေၾကာင္း သိရၿပီး သင္တန္းတက္ေရာက္သူမ်ားအေနျဖင့္ တစ္ပတ္လွ်င္ တစ္ရက္ ၾကက္ေျခနီပရဟိတလုပ္ငန္းမ်ား လုပ္ႏုိင္ကာ အေရးေပၚအေျခအေနတိုင္းတြင္ လိုက္ပါကူညီႏိုင္သူမ်ား ျဖစ္သင့္ေၾကာင္း ေဆးရံုအုပ္ႀကီးက ေမတၱာရပ္ခံထားသည္။

သင္တန္းတက္ေရာက္လိုသူမ်ားအေနျဖင့္ သီေပါျပည္သူ႔ေဆးရံု  ၊ ေဆးရံုအုပ္ရံုးခန္းမွ ဖုန္းနံပါတ္ ၀၉-၄၀၃၇၃၂၅၄၂ သို႔ ဆက္သြယ္ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

သတင္း - #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ သီပေါပြည်သူ့ဆေးရုံရှိ သင်တန်းခန်းမတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့မှစတင် ဖွင့်လှစ်မည့် ရှေးဦး သူနာပြုစုနည်း (၃)ရက်သင်တန်းအား လူဦးရေ (၃၀)မှ (၅၀) အထိ လက်ခံ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ရှေးဦးသူနာပြုစုနည်းလေး တတ်ထားမယ်ဆိုရင် အနည်းဆုံး ကိုယ့်မိသားစုကိုယ်တော့ စောင့်ရှောက်မှုပေးနိုင်မယ်။ ပြီးတော့ အားလုံးနဲ့စုပေါင်းပြီး လုပ်ကိုင်နိုင်တဲ့ ကြက်ခြေနီစိတ်ဓာတ်လေးတွေ၊ အခြေခံ မူဝါဒလေးတွေကို နားလည်သွားမယ်ဆိုရင် လူ့ဘောင်တစ်ခုကို စောင့်ရှောက်နိုင်တဲ့ ပရဟိတအင်အားစုလေးတွေ ရရှိလာနိုင်စေဖို့ ရည်ရွယ်ပါတယ်”ဟု သင်တန်းဖွင့်လှစ်သင်ကြားပေးမည့် သီပေါပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့နယ်အတွင်းမှ အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြားရှိ သင်တန်းသား၊သင်တန်းသူဦးရေ (၃၀)အတွက် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့မှ ထောက်ပံ့မှုပေးထားပြီး သင်တန်းသား၊သင်တန်းသူဦးရေ (၅၀) အထိ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများတွင် ကြက်ခြေနီတပ်ဖွဲ့အင်အား နည်းပါးနခြေင်း နှင့် လူငယ်များပရဟိတလုပ်ငန်းအား စိတ်ပါဝင်စားမှုတိုးလာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းလည်း ဖြစ်ကြောင်း သိရပြီး သင်တန်းတက်ရောက်သူများအနဖြေင့် တစ်ပတ်လျှင် တစ်ရက် ကြက်ခြေနီပရဟိတလုပ်ငန်းများ လုပ်နိုင်ကာ အရေးပေါ်အခြေအနေတိုင်းတွင် လိုက်ပါကူညီနိုင်သူများ ဖြစ်သင့်ကြောင်း ဆေးရုံအုပ်ကြီးက မေတ္တာရပ်ခံထားသည်။

သင်တန်းတက်ရောက်လိုသူများအနဖြေင့် သီပေါပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ရုံးခန်းမှ ဖုန်းနံပါတ် ဝ၉-၄၀၃၇၃၂၅၄၂ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း - #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~