လားရိႈးၿမိဳ႕ရွိ ရန္တုိင္းေအာင္ဆုေတာင္းျပည့္ ၿမိဳ႕ဦးေစတီနယ္နမိတ္ကို ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္

လားရိႈးၿမိဳ႕ရွိ ရန္တုိင္းေအာင္ဆုေတာင္းျပည့္ ၿမိဳ႕ဦးေစတီနယ္နမိတ္ကို ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္
ဧပြီ 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ ၿမိဳ႕အဝင္မုခ္ဦးအနီးရွိ ရန္တိုင္းေအာင္ ဆုေတာင္းျပည့္ ၿမိဳ႕ဦးေစတီ နယ္နိမိတ္ကို ၂၀၁၈ ခုနွစ္ ဧၿပီလ (၂၉) ရက္ေန႔မွစတင္၍ ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္လိုက္ေၾကာင္း သိရသည္။

ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ ေၾကညာျခင္းႏွင့္အတူ ေဆးလိပ္ေငြ႔ကင္းစင္ေရး လႈံ႕ေဆာ္သည့္ လႈပ္ရွားမႈ တစ္ခုကိုလည္း တစ္ၿပိဳင္တည္းလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

“အဓိက ကေတာ့ ရန္တိုင္းေအာင္ဘုရားနယ္နိမိတ္အတြင္းမွာ ရာႏႈန္းျပည့္ေဆးလိပ္ေငြ႕ကင္းစင္နယ္နိမိတ္ အျဖစ္ သတ္မွတ္ေစခ်င္တဲ့အတြက္ အခုလို ကမ္းပိန္းသေဘာမ်ိဳးျပဳလုပ္တာျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ား အဖြဲ႔အစည္းေတြ ပါဝင္လုပ္ေဆာင္ၾကပါတယ္”ဟု ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာန(လားရိႈး)မွ ၿမိဳ႕နယ္က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာ ထြန္းလွျဖဴက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ လႈပ္ရွားမႈတြင္ ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမ အထိမ္းအမွတ္စာတန္း ပါဝင္သည့္ ေသာ့ခ်ိတ္၊ တီရွပ္မ်ား မွ်ေဝျခင္းအျပင္ ဘုရားပရဝုဏ္အတြင္း ခ်ယ္ရီပင္ (၂၅) ပင္ကိုလည္း စိုက္ပ်ိဳးခဲ့ကာ ေဆးလိပ္၏ ဆိုးက်ိဳးမ်ားကို အသိပညာေပးျပခန္းမ်ား၊ ပညာေပးပိုစတာ ကာတြန္းမ်ား၊ အေမးအေျဖမ်ားျဖင့္ အသိပညာေပး လုပ္ေဆာင္ခဲ့ေၾကာငး္ သိရသည္။

အဆိုပါ လႈပ္ရွားမႈကို လားရိႈးၿမိဳ႕ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနက ဦးေဆာင္ျပဳလုပ္ျခင္းျဖစ္ၿပီး NGO၊ INGO အဖြဲ႔အစည္းမ်ား၊ လူမႈကူညီေရးအသင္းမ်ား၊ သူနာျပဳသင္တန္းေက်ာင္း၊ ၿမိဳ႕နယ္သစ္ေတာဦးစီးဌာနႏွင့္ ၿမိဳ႕ခံအခ်ိဳ႕ပါဝင္ၿပီး စုစုေပါင္း အင္အား (၆၀၀) ခန္႔ ပါဝင္ခဲ့ေၾကာင္း သိရသည္။

သတင္း  - ေနၿဖိဳးျမင့္
ဓါတ္ပံု  - Dr.TunHlaPhyu




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့အဝင်မုခ်ဦးအနီးရှိ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီ နယ်နိမိတ်ကို ၂၀၁၈ ခုနှစ် ဧပြီလ (၂၉) ရက်နေ့မှစတင်၍ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ် ကြေညာခြင်းနှင့်အတူ ဆေးလိပ်ငွေ့ကင်းစင်ရေး လှုံ့ဆော်သည့် လှုပ်ရှားမှု တစ်ခုကိုလည်း တစ်ပြိုင်တည်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အဓိက ကတော့ ရန်တိုင်းအောင်ဘုရားနယ်နိမိတ်အတွင်းမှာ ရာနှုန်းပြည့်ဆေးလိပ်ငွေ့ကင်းစင်နယ်နိမိတ် အဖြစ် သတ်မှတ်စေချင်တဲ့အတွက် အခုလို ကမ်းပိန်းသဘောမျိုးပြုလုပ်တာဖြစ်ပါတယ်။ တော်တော်များများ အဖွဲ့အစည်းတွေ ပါဝင်လုပ်ဆောင်ကြပါတယ်”ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာန(လားရှိုး)မှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းလှဖြူက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ လှုပ်ရှားမှုတွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ အထိမ်းအမှတ်စာတန်း ပါဝင်သည့် သော့ချိတ်၊ တီရှပ်များ မျှဝခြေင်းအပြင် ဘုရားပရဝုဏ်အတွင်း ချယ်ရီပင် (၂၅) ပင်ကိုလည်း စိုက်ပျိုးခဲ့ကာ ဆေးလိပ်၏ ဆိုးကျိုးများကို အသိပညာပေးပြခန်းများ၊ ပညာပေးပိုစတာ ကာတွန်းများ၊ အမေးအဖြေများဖြင့် အသိပညာပေး လုပ်ဆောင်ခဲ့ကြောငး် သိရသည်။

အဆိုပါ လှုပ်ရှားမှုကို လားရှိုးမြို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး NGO၊ INGO အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများ၊ သူနာပြုသင်တန်းကျောင်း၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့ခံအချို့ပါဝင်ပြီး စုစုပေါင်း အင်အား (၆၀၀) ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Dr.TunHlaPhyu

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~