နမ့္ဆန္ၿမိဳ႕နယ္တြင္ လက္ဖက္ေျခာက္စက္ရံုတစ္ရံု လက္ဖက္ေျခာက္ေလွာ္ရာမွ မီးေလာင္မႈျဖစ္ပြား

နမ့္ဆန္ၿမိဳ႕နယ္တြင္ လက္ဖက္ေျခာက္စက္ရံုတစ္ရံု လက္ဖက္ေျခာက္ေလွာ္ရာမွ မီးေလာင္မႈျဖစ္ပြား
ဧပြီ 25, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္၊ နမ့္ဆန္ၿမိဳ႕နယ္၊ ကြမ္ဟယ္ေက်းရြာရွိ လက္ဖက္ေျခာက္စက္ရံုတစ္ရံု ဧၿပီလ (၂၅) ရက္ေန႔ နံနက္အေစာပိုင္းက လက္ဖက္ေျခာက္ေလွာ္သည့္မီးဖိုမွတစ္ဆင့္ မီးေလာင္သြားေၾကာင္း ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႔ထံမွ သိရသည္။

ေက်ာက္မဲခရိုင္၊ နမ့္ဆန္ၿမိဳ႕နယ္၊ ကြမ္ဟယ္ေက်းရြာအုပ္စု၊ ကြမ္ဟယ္ေက်းရြာ ရြာလယ္လမ္းရွိ ဦးဝင္းေရႊ ပိုင္ဆိုင္သည့္ အေသးစားလက္ဖက္ေျခာက္စက္ရံုတစ္ခုတြင္ ဧၿပီလ (၂၅) ရက္ေန႔ နံနက္ (၂) နာရီခန္႔က လက္ဖက္ေလွာ္သည့္မီးဖိုမွတစ္ဆင့္ နံေဘးရွိလက္ဖက္ေျခာက္အိတ္မ်ားသို႔ မီးကူးကာ ေပ (၁၀၀×၁၀၀×၁၄) အက်ယ္အဝန္းရွိ သြပ္မိုးသြပ္ကာ ကြန္ကရစ္ခင္း အေဆာက္အဦးတစ္ခုလံုး မီးကူးစက္ေလာင္ကၽြမ္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားခ်ိန္တြင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမွ မီးသတ္ဦးစီးဌာနသို႔ ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ နမ့္ဆန္ၿမိဳ႕နယ္မီးသတ္စခန္းမွ (၃၃) မိုင္ခန္႔ေဝးကြာသည့္ မီးေလာင္ရာသို႔ မီးသတ္ယာဥ္၊ မီးၿငိမ္းသတ္ယာဥ္ (၂) စီး၊ သေႏၶမီးသတ္ တပ္ဖြဲ႔ဝင္ (၉) ဦး၊ အရံမီးသတ္တပ္ဖြဲ႔ဝင္ (၁၅) ဦးတို႔ျဖင့္ သြားေရာက္ၿငိမ္းသတ္ခဲ့ရာ နံနက္ (၅) နာရီ မိနစ္ (၂၀) ခန္႔တြင္ လံုးဝမီးၿငိမ္းသတ္ႏိုင္ခဲ့ၿပီး မီးေလာင္မႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူမရိွေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်ဆန်မြို့နယ်တွင် လက်ဖက်ခြောက်စက်ရုံတစ်ရုံ လက်ဖက်ခြောက်လှော်ရာမှ မီးလောင်မှုဖြစ်ပွား
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာရှိ လက်ဖက်ခြောက်စက်ရုံတစ်ရုံ ဧပြီလ (၂၅) ရက်နေ့ နံနက်အစောပိုင်းက လက်ဖက်ခြောက်လှော်သည့်မီးဖိုမှတစ်ဆင့် မီးလောင်သွားကြောင်း ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာအုပ်စု၊ ကွမ်ဟယ်ကျေးရွာ ရွာလယ်လမ်းရှိ ဦးဝင်းရွှေ ပိုင်ဆိုင်သည့် အသေးစားလက်ဖက်ခြောက်စက်ရုံတစ်ခုတွင် ဧပြီလ (၂၅) ရက်နေ့ နံနက် (၂) နာရီခန့်က လက်ဖက်လှော်သည့်မီးဖိုမှတစ်ဆင့် နံဘေးရှိလက်ဖက်ခြောက်အိတ်များသို့ မီးကူးကာ ပေ (၁၀၀×၁၀၀×၁၄) အကျယ်အဝန်းရှိ သွပ်မိုးသွပ်ကာ ကွန်ကရစ်ခင်း အဆောက်အဦးတစ်ခုလုံး မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ မီးသတ်ဦးစီးဌာနသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် နမ့်ဆန်မြို့နယ်မီးသတ်စခန်းမှ (၃၃) မိုင်ခန့်ဝေးကွာသည့် မီးလောင်ရာသို့ မီးသတ်ယာဉ်၊ မီးငြိမ်းသတ်ယာဉ် (၂) စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၉) ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် (၅) နာရီ မိနစ် (၂၀) ခန့်တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~