တာချီလိတ်တွင် ကျင်းပသည့် စစ်တုရင် ၊ စားပွဲတင်တင်းနစ် နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများမှ ဆုရရှိသူများကို ချီးမြှင့်

တာချီလိတ်တွင် ကျင်းပသည့် စစ်တုရင် ၊ စားပွဲတင်တင်းနစ် နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများမှ ဆုရရှိသူများကို ချီးမြှင့်
ဖေဖော်ဝါရီ 12, 2017
By Tachileik News Agency

နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) တာချီလိတ်မြို့တွင် ကျင်းပသည့် စစ်တုရင် ၊ စားပွဲတင်တင်းနစ် နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများမှ ဆုရရှိသူများကို ဆုပေးပွဲအဖြစ် ကျင်းပပြုလုပ်သည်။



နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အနေဖြင့် ကျင်းပခဲ့သည့် တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၂၅)ဦးမှလည်းကောင်း၊ စစ်တုရင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၃၆)ဦးမှလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း (၁၁)သင်းမှလည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနဖြေင့် မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား) တာချီလိတ်မြို့တွင်ကျင်းပသည့် စစ်တုရင်၊ စားပွဲတင်တင်းနစ် နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများမှ ဆုရရှိသူများကို ဆုပေးပွဲအဖြစ် ကျင်းပပြုလုပ်သည်။

ပြည်ထောင်စုနေ့အထိမ်းမှတ်အဖြစ် အဆိုပါပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၈)ရက်နေ့မှ (၁၂)နေ့အထိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့ကာ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ညနေက ဆုပေးပွဲကျင်းပခြင်း ဖြစ်သည်။

စစ်တုရင်၊ စားပွဲတင်တင်းနစ် နှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုရရှိသော ပြိုင်ပွဲဝင်များအား တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်ခရိုင် အား/ကာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်း၊ မြို့နယ်လဝကမှ ဒုလဝကမှူး ဦးစိန်လွင်၊မြို့နယ်အား/ကာအထောက်အကူပြုကော်မတီ ဥက္ကဌ ဦးတင်လှိုင် နှင့် တာချီလိတ်မြို့နယ်စပ်ကုန်သွယ်ရေး ဥက္ကဌ ဦးမြင့်ဦး တို့မှ ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အနဖြေင့် ကျင်းပခဲ့သည့် တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၂၅)ဦးမှလည်းကောင်း၊ စစ်တုရင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၃၆)ဦးမှလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း (၁၁)သင်းမှလည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~