မူးယစ္ေဆးဝါးကိစၥ ကာကြယ္တားဆီးႏိုင္ရန္ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ား ပူးေပါင္းပါဝင္ရန္ လိုအပ္ဟု ရဲတပ္ဖြဲ႕ဆို

မူးယစ္ေဆးဝါးကိစၥ ကာကြယ္တားဆီးႏိုင္ရန္ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ား ပူးေပါင္းပါဝင္ရန္ လိုအပ္ဟု ရဲတပ္ဖြဲ႕ဆို
နိုဝင်ဘာ 11, 2016
By Tachileik News Agency

ျမန္မာႏိုင္ငံတြင္ လူငယ္မ်ားအၾကား ပ်ံ႕ႏွံ႔လာသည့္ မူးယစ္ေဆးဝါးအႏၲရာယ္ ကာကြယ္တားဆီးႏိုင္ရန္ အရပ္ဘက္ လူမႈ အဖြဲ႔အစည္းမ်ား အေနျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္း ပါဝင္ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း ရဲတပ္ဖြဲ႕က တိုက္တြန္းလိုက္သည္။

"ကၽြန္ေတာ္တို႔  ျမန္မာႏိုင္ငံက ကမၻာေပၚမွာ မူးယစ္ေဆးဝါး ထုတ္လုပ္ေရာင္းခ်တာ (၂၀) ရာခိုင္ႏႈန္း ရိွပါတယ္။ အခုတေလာ လူငယ္ေတြၾကားထဲမွာ ေတာ္ေတာ္ပ်ံ႕ႏွံ႔ေနတဲ့ အေနအထားမွာ ရိွတယ္။ ဒါေတြကို အျမစ္ျပတ္ေအာင္ ဆိုရင္ ကၽြန္ေတာ္တို႔ ရဲတပ္ဖြဲ႕ခ်ည္းပဲ ေဆာင္ရြက္လို႔ မရဘူး ။ အရပ္ဘက္ လူမႈအဖြဲ႕ အစည္းေတြနဲ႔ လူငယ္ေတြအားလံုး ပူးေပါင္းပါဝင္မွ ရမွာပါ။ ကၽြန္ေတာ္တို႔ အေနနဲ႔ကလည္း ဖိတ္ေခၚ ပါတယ္။ တခ်ိဳ႕လူငယ္ေတြဆို အရြယ္ေကာင္းေလးနဲ႔ ဒီမူးယစ္ေဆးဝါးေၾကာင့္ လူညႊန္႔တုံးျပီး ဘဝေတြ ပ်က္စီးၾကရတယ္။ သူတို႔တင္ မကဘူး သူတို႔ မိသားစုဝင္ေတြထိ ဒီဒဏ္ေတြခံၾကရတယ္။ အဲဒီေတာ့ ဒီမူးယစ္ေဆးဝါးက လူသားအရင္းအျမစ္ကို တိုက္ဖ်က္ေနတဲ့ အႏၲရာယ္ဆိုးႀကီး ျဖစ္တဲ့အတြက္ အၿပီးတိုက္ဖ်က္ၾကဖို႔ လူသားအားလံုးမွာ တာဝန္ရိွပါတယ္။ လူငယ္ေတြ အေနနဲ႔လည္း မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီး အသိပညာေပးေဟာေျပာပြဲေတြမွာ တက္ေရာက္နားေထာင္ၾကဖို႔နဲ႔ သံုးစြဲျခင္း၊ ေရာင္းခ်ျခင္းေတြကို ေရွာင္က်ဥ္ၾကဖို႕ တိုက္တြန္းလိုပါတယ္"ဟု တမူးခရိုင္ မူးယစ္တပ္ဖြဲ႕စု(၇)တမူးမွ ဒုတပ္ဖြဲ႕စုမွဴး ဒုရဲမွဴး အယ္လ္ခန္းေအာင္က ေျပာသည္။

ျမန္မာနိုင္ငံအတြင္း၌ မူးယစ္ေဆးဝါး လက္လီလက္ကား ျဖန္႔ျဖဴးေရာင္းခ်သူမ်ား အမ်ားအျပားရိွေနၿပီး ရဲတပ္ဖြဲ႕အေနျဖင့္ ေန႔စဥ္ဖမ္းဆီးမႈမ်ားရိွေနေသာ္လည္း ေရာင္းဝယ္မႈမွာ ေလ်ာ့နည္းသြားျခင္း မရိွေသးေၾကာင္း သိရသည္။

"ျမန္မာျပည္ မူးယစ္ေဆးဝါးအႏၲရာယ္က အစိုးရ အဆက္ဆက္ ပေပ်ာက္ေအာင္ ေဆာင္ရြက္နိုင္ျခင္း မရိွေသးဘူး။ အၿမဲလိုလိုပဲ ထိုးေဖာက္ဝင္ေနတယ္။ ဒါေၾကာင့္ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီး ႏွိမ္နင္း တားဆီးေဆာင္ရြက္နိုင္ဖို႔ မူဝါဒအသစ္ေရးဆြဲဖို႔ ကၽြန္ေတာ္တို႔အေနနဲ႔ လႊတ္ေတာ္မွာ တင္ျပထားပါတယ္" ဟု တမူးၿမိဳ႕နယ္မွ အမ်ဳိးသားလႊတ္ေတာ္အမတ္ ဦးေမာင္ေမာင္လတ္က ေျပာသည္။

ျမန္မာနိုင္ငံအနွံ႕ျပားတြင္ ဝင္ေရာက္လာေသာ မူးယစ္ေဆးဝါးအမ်ိဳးအစားမ်ားစြာအနက္ လူငယ္မ်ားၾကား ေရပန္းစားလ်ွက္ရိွသည္မွာ Wy စာတန္းပါ စိတ္ၾကြေဆးဝါးမ်ား ျဖစ္ေၾကာင္း သိရသည္။

"အဲလို စိတ္ၾကြေဆးေတြက တကၠသိုလ္ေက်ာင္းသားေတြၾကားတင္မကဘူး ၊ အထက္တန္းေက်ာင္းက ေက်ာင္းသားကေလးငယ္ေတြထိ ပ်ံ႕႔ႏွ႔ံေနတယ္ ။ ဒါေတြကို နိုင္နင္းေအာင္ မတားဆီးနိုင္ရင္ နိုင္ငံရဲ႕ အနာဂတ္က စိုးရိမ္ဖြယ္ရာအေနအထား ေရာက္လာလိမ့္မယ္။ ကၽြန္ေတာ္တို႔ဘက္က နယ္စပ္ေဒသျမိဳ႕ေတြမွာဆိုရင္ တရားမဝင္ လူအဝင္အထြက္ေတြရိွေနသလို ေဒသခံလူငယ္တခ်ိဳ႕ၾကားထဲမွာလည္း သံုးစြဲမႈေတြရိွေနတယ္ " ဟု တမူးျမိဳ႕ေဒသခံ ဦးသန္းေဌးက ေျပာသည္။

လြန္ခဲ႔သည့္ (၃)လခန္႔မွ စ၍ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ နိုင္ငံအႏွွံ႔အျပားရိွ ၿမိဳ႕အသီးသီး၌ မူးယစ္ေဆးဝါး အပါအဝင္ တျခားမူခင္းက်ဆင္းေရး ကိစၥမ်ားအတြက္ အသိပညာေပးရန္ ရဲကားမ်ားအတြင္း မိုဘိုင္းလ္ စာၾကည့္တိုက္မ်ားျပဳလုပ္ကာ လွည့္လည္ေဆာင္ရြက္ေနေသာ္လည္း လူငယ္မ်ားအၾကား စိတ္ဝင္စားမႈ နည္းပါးေနေသးေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံတွင် လူငယ်များအကြား ပျံ့နှံ့လာသည့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးနိုင်ရန် အရပ်ဘက် လူမှု အဖွဲ့အစည်းများ အနဖြေင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရဲတပ်ဖွဲ့က တိုက်တွန်းလိုက်သည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတာ (၂၀) ရာခိုင်နှုန်း ရှိပါတယ်။ အခုတလော လူငယ်တွကြေားထဲမှာ တော်တော်ပျံ့နှံ့နေတဲ့ အနေအထားမှာ ရှိတယ်။ ဒါတွေကို အမြစ်ပြတ်အောင် ဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ချည်းပဲ ဆောင်ရွက်လို့ မရဘူး။ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေနဲ့ လူငယ်တွေအားလုံး ပူးပေါင်းပါဝင်မှ ရမှာပါ။ ကျွန်တော်တို့ အနေနဲ့ကလည်း ဖိတ်ခေါ် ပါတယ်။ တချို့လူငယ်တွေဆို အရွယ်ကောင်းလေးနဲ့ ဒီမူးယစ်ဆေးဝါးကြောင့် လူညွှန့်တုံးပြီး ဘဝတွေ ပျက်စီးကြရတယ်။ သူတို့တင် မကဘူး သူတို့ မိသားစုဝင်တွေထိ ဒီဒဏ်တွေခံကြရတယ်။ အဲဒီတော့ ဒီမူးယစ်ဆေးဝါးက လူသားအရင်းအမြစ်ကို တိုက်ဖျက်နေတဲ့ အန္တရာယ်ဆိုးကြီး ဖြစ်တဲ့အတွက် အပြီးတိုက်ဖျက်ကြဖို့ လူသားအားလုံးမှာ တာဝန်ရှိပါတယ်။ လူငယ်တွေ အနေနဲ့လည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲတွေမှာ တက်ရောက်နားထောင်ကြဖို့နဲ့ သုံးစွဲခြင်း၊ ရောင်းချခြင်းတွေကို ရှောင်ကျဉ်ကြဖို့ တိုက်တွန်းလိုပါတယ်"ဟု တမူးခရိုင် မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး အယ်လ်ခန်းအောင်က ပြောသည်။

မြန်မာနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါး လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူများ အများအပြားရှိနပြေီး ရဲတပ်ဖွဲ့အနဖြေင့် နေ့စဉ်ဖမ်းဆီးမှုများရှိနေသော်လည်း ရောင်းဝယ်မှုမှာ လျော့နည်းသွားခြင်း မရှိသေးကြောင်း သိရသည်။

"မြန်မာပြည် မူးယစ်ဆေးဝါးအန္တရာယ်က အစိုးရ အဆက်ဆက် ပပျောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူး။ အမြဲလိုလိုပဲ ထိုးဖောက်ဝင်နေတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နှိမ်နင်း တားဆီးဆောင်ရွက်နိုင်ဖို့ မူဝါဒအသစ်ရေးဆွဲဖို့ ကျွန်တော်တို့အနေနဲ့ လွှတ်တော်မှာ တင်ပြထားပါတယ်" ဟု တမူးမြို့နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ်က ပြောသည်။

မြန်မာနိုင်ငံအနှံ့ပြားတွင် ဝင်ရောက်လာသော မူးယစ်ဆေးဝါးအမျိုးအစားများစွာအနက် လူငယ်များကြား ရေပန်းစားလျှက်ရှိသည်မှာ Wy စာတန်းပါ စိတ်ကြွဆေးဝါးများ ဖြစ်ကြောင်း သိရသည်။

"အဲလို စိတ်ကြွဆေးတွေက တက္ကသိုလ်ကျောင်းသားတွကြေားတင်မကဘူး၊ အထက်တန်းကျောင်းက ကျောင်းသားကလေးငယ်တွေထိ ပျံ့နှံ့နေတယ်။ ဒါတွေကို နိုင်နင်းအောင် မတားဆီးနိုင်ရင် နိုင်ငံရဲ့ အနာဂတ်က စိုးရိမ်ဖွယ်ရာအနေအထား ရောက်လာလိမ့်မယ်။ ကျွန်တော်တို့ဘက်က နယ်စပ်ဒေသမြို့တွေမှာဆိုရင် တရားမဝင် လူအဝင်အထွက်တွေရှိနေသလို ဒေသခံလူငယ်တချို့ကြားထဲမှာလည်း သုံးစွဲမှုတွေရှိနေတယ် " ဟု တမူးမြို့ဒေသခံ ဦးသန်းဌေးက ပြောသည်။

လွန်ခဲ့သည့် (၃)လခန့်မှ စ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနဖြေင့် နိုင်ငံအနှံ့အပြားရှိ မြို့အသီးသီး၌ မူးယစ်ဆေးဝါး အပါအဝင် တခြားမူခင်းကျဆင်းရေး ကိစ္စများအတွက် အသိပညာပေးရန် ရဲကားများအတွင်း မိုဘိုင်းလ် စာကြည့်တိုက်များပြုလုပ်ကာ လှည့်လည်ဆောင်ရွက်နေသော်လည်း လူငယ်များအကြား စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~