နမ့္စန္ၿမိဳ႕၌ ယင္းနက္လူမ်ိဳးမ်ား၏ ရိုးရာသီတင္းကြ်တ္ပြဲေတာ္ က်င္းပ

နမ့္စန္ၿမိဳ႕၌ ယင္းနက္လူမ်ိဳးမ်ား၏ ရိုးရာသီတင္းကြ်တ္ပြဲေတာ္ က်င္းပ
အောက်တိုဘာ 26, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ေတာင္ပုိင္း၊ နမ့္စန္ၿမိဳ႕နယ္တြင္ ယင္းနက္လူမ်ိဳးတုိ႔၏ သီတင္းကြၽတ္ပြဲေတာ္ကုိ တာဆုိင္းရြာ၊ အေနာက္ဖက္ေစတီ႐ွိ ရာကြင္းႀကီးတြင္ ယခုႏွစ္ ယင္းနက္လူမ်ိဳးမ်ား၏ သီတင္းကြၽတ္ေနာက္ဆုံးပြဲေတာ္ကို က်င္းပၾကေၾကာငး္ သိရသည္။

"ဒီလုိသီတင္းကြၽတ္ပြဲေတာ္ကုိ ကြ်န္ေတာ္တုိ႔အဘုိးအဘြားလက္ထက္ေတြကတည္းက ႏွစ္စဥ္က်င္းပတယ္။ ၀ါးနဲ႔လုပ္ထားတဲ့ မီးတုိင္ကုိထမ္းၿပီး အုိးစည္ဗုံေမာင္းေတြတီးၿပီး ကၾကတယ္။ ေစတီပတ္လည္ကုိ မီးတုိင္ထမ္းၿပီးပတ္ၾကတယ္”ဟု ပြဲသုိ႔လာေရာက္လည္ပတ္သူ ဦးလုံတိက ေျပာသည္။

ယင္းနက္လူမ်ိဳးတုိ႔၏ ႐ုိးရာဓေလ့ သီတင္းကၽြတ္ကာလအတြင္း ေက်းရြာမ်ားတြင္ အလွည့္က်မီးထြန္းပြဲကို ဆက္လက္က်င္းပေနေၾကာငး္ သိရသည္။

"သီတင္းကြၽတ္ပြဲေတာ္ကုိ ယင္းနက္လူမ်ိဳးမ်ား ေနထုိင္ရာ ေက်းရြာေတြမွာ ပြဲလုပ္ၿပီးမွ အပ်ိဳ ၊လူပ်ိဳေတြ မဂၤလာေဆာင္လုိ႔ရတာ။ ပြဲေတာ္မၿပီးေသးရင္ သမီးရည္စားခ်စ္ႀကိဳက္ေပမဲ့လည္း ယူလုိ႔မရေသးဘူး။ ပြဲေတာ္ၿပီးတဲ့အထိ ေစာင့္ရတဲ့ဓေလ့႐ွိတယ္"ဟု ဦးတိလံုက ေျပာသည္။

သီတင္းကြၽတ္ပြဲေတာ္မ်ားကို ယင္းနက္တုိင္းရင္းသားမ်ားေနထုိင္ရာေက်းရြာတိုင္းတြင္ တစ္ရက္စီ အလွည့္က်စနစ္ျဖင့္ သီတင္းကြၽတ္လကြယ္ေန႔ မေရာက္မခ်င္း က်င္းပၾကျခင္းျဖစ္ေၾကာင္းသိရသည္။

နမ့္စန္ၿမိဳ႕နယ္တြင္ ယင္းနက္ႏွင့္ ယင္းက်ား တုိင္းရင္းသားႏွစ္မ်ိဳးေနထုိင္ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - သန္းစိုးေအာင္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ယင်းနက်လူမျိုးတို့၏ သီတင်းကျွတ်ပွဲတော်ကို တာဆိုင်းရွာ၊ အနောက်ဖက်စေတီရှိ ရာကွင်းကြီးတွင် ယခုနှစ် ယင်းနက်လူမျိုးများ၏ သီတင်းကျွတ်နောက်ဆုံးပွဲတော်ကို ကျင်းပကြကြောငး် သိရသည်။

"ဒီလိုသီတင်းကျွတ်ပွဲတော်ကို ကျွန်တော်တို့အဘိုးအဘွားလက်ထက်တွေကတည်းက နှစ်စဉ်ကျင်းပတယ်။ ဝါးနဲ့လုပ်ထားတဲ့ မီးတိုင်ကိုထမ်းပြီး အိုးစည်ဗုံမောင်းတွေတီးပြီး ကကြတယ်။ စေတီပတ်လည်ကို မီးတိုင်ထမ်းပြီးပတ်ကြတယ်”ဟု ပွဲသို့လာရောက်လည်ပတ်သူ ဦးလုံတိက ပြောသည်။

ယင်းနက်လူမျိုးတို့၏ ရိုးရာဓလေ့ သီတင်းကျွတ်ကာလအတွင်း ကျေးရွာများတွင် အလှည့်ကျမီးထွန်းပွဲကို ဆက်လက်ကျင်းပနေကြောငး် သိရသည်။

"သီတင်းကျွတ်ပွဲတော်ကို ယင်းနက်လူမျိုးများ နေထိုင်ရာ ကျေးရွာတွေမှာ ပွဲလုပ်ပြီးမှ အပျို၊လူပျိုတွေ မင်္ဂလာဆောင်လို့ရတာ။ ပွဲတော်မပြီးသေးရင် သမီးရည်စားချစ်ကြိုက်ပေမဲ့လည်း ယူလို့မရသေးဘူး။ ပွဲတော်ပြီးတဲ့အထိ စောင့်ရတဲ့ဓလေ့ရှိတယ်"ဟု ဦးတိလုံက ပြောသည်။

သီတင်းကျွတ်ပွဲတော်များကို ယင်းနက်တိုင်းရင်းသားများနေထိုင်ရာကျေးရွာတိုင်းတွင် တစ်ရက်စီ အလှည့်ကျစနစ်ဖြင့် သီတင်းကျွတ်လကွယ်နေ့ မရောက်မချင်း ကျင်းပကြခြင်းဖြစ်ကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် ယင်းနက်နှင့် ယင်းကျား တိုင်းရင်းသားနှစ်မျိုးနေထိုင်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~