ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA)မွ နမ့္စန္ေဒသခံမ်ားႏွင့္ ေတြ႕ဆံု၊ တစ္ႏုိင္ငံလံုးအပစ္ရပ္စာခ်ဳပ္၏ အေျခခံမူမ်ား ရွင္းလင္း

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA)မွ နမ့္စန္ေဒသခံမ်ားႏွင့္ ေတြ႕ဆံု၊ တစ္ႏုိင္ငံလံုးအပစ္ရပ္စာခ်ဳပ္၏ အေျခခံမူမ်ား ရွင္းလင္း
အောက်တိုဘာ 4, 2016
By Tachileik News Agency

တစ္ႏိုင္ငံလံုး အပစ္ရပ္စာခ်ဳပ္ (NCA)၏ အေျခခံမူမ်ားႏွင့္ ပတ္သက္၍  ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA) မွ တာ၀န္ရွိသူမ်ားက ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသ နမ့္စန္ၿမိဳ႕ေဒသခံမ်ားႏွင့္ ေတြ႔ဆံုရွင္းလင္းျခင္းကို  နမ့္စန္ၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္ သုခိတာ႐ုံေက်ာင္းတုိက္တြင္ ေအာက္တိုဘာလ (၄)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္သည္။

အဆိုပါ ေတြ႕ဆံုပြဲသို႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA)မွ ဗုိလ္မွဴးႀကီးေအာင္တိန္း ဦးေဆာင္ကာ ဒုဗုိလ္မွဴးႀကီးစုိင္းငင္း၊ ဗုိလ္မွဴးေတ၀ိင္၊ ဦးစိုင္းေကာင္း၊ ဦးစိုင္းမ်ဳိးသန္႔ ႏွင့္ ဦးစိုင္းႏြတ္ အပါအဝင္ (၈)ဦးပါအဖြဲ႕က ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS/SSA)၏ လက္ရိွ က်င့္သံုးေနသည့္ မူဝါဒမ်ား၊ ဒီမိုကေရစီႏွင့္ တုိင္းရင္းသား စည္းလံုးညီညြတ္ေရး၊ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အေၾကာင္းကို ေဒသခံမ်ားအား ရွင္းလင္းျခင္းျဖစ္သည္။

အဆိုပါ ရွင္းလင္းပြဲသို႔  ရွမ္းျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ရွမ္းတုိင္းသားမ်ား ဒီမိုကရက္တစ္ပါတီ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမ်ားမွ တာဝန္ရိွသူမ်ားႏွင့္ ေဒသခံလူထု စုစုေပါင္းအင္အား (၂၅၀)နီးပါး တက္ေရာက္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)၏ အခြေခံမူများနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) မှ တာဝန်ရှိသူများက ရှမ်းပြည်နယ် တောင်ပိုင်းဒေသ နမ့်စန်မြို့ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းခြင်းကို နမ့်စန်မြို့၊ အမှတ်(၄)ရပ်ကွက် သုခိတာရုံကျောင်းတိုက်တွင် အောက်တိုဘာလ (၄)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ဗိုလ်မှူးကြီးအောင်တိန်း ဦးဆောင်ကာ ဒုဗိုလ်မှူးကြီးစိုင်းငင်း၊ ဗိုလ်မှူးတေဝိင်၊ ဦးစိုင်းကောင်း၊ ဦးစိုင်းမျိုးသန့် နှင့် ဦးစိုင်းနွတ် အပါအဝင် (၈)ဦးပါအဖွဲ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၏ လက်ရှိ ကျင့်သုံးနေသည့် မူဝါဒများ၊ ဒီမိုကရေစီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကြောင်းကို ဒေသခံများအား ရှင်းလင်းခြင်းဖြစ်သည်။

အဆိုပါ ရှင်းလင်းပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီများမှ တာဝန်ရှိသူများနှင့် ဒေသခံလူထု စုစုပေါင်းအင်အား (၂၅၀)နီးပါး တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~