ရန္ကုန္ - မႏၱေလးလမ္းမေပၚမွ လမ္းပ်က္သည့္ေနရာမွ ယာဥ္တိုက္မႈေၾကာင့္ လူ (၇)ဦးဒဏ္ရာရ

ရန္ကုန္ - မႏၱေလးလမ္းမေပၚမွ လမ္းပ်က္သည့္ေနရာမွ ယာဥ္တိုက္မႈေၾကာင့္ လူ (၇)ဦးဒဏ္ရာရ
အောက်တိုဘာ 14, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕ေျမာက္ဘက္အထြက္ ရန္ကုန္ - မႏၲေလးလမ္းေဟာင္း မိုင္တိုင္ ၃၆၀/၂ နွင့္ ၃၆၀/၃ ၾကားတြင္ လမ္းအက်ယ္၏ တဝက္နီးပါးရွိျပီး အနက္ငါးေပခန္႔ရိွသည့္ လမ္းပ်က္ေနရာအား ေရွာင္ရန္ ေျမသားလမ္းေပးထားသည့္ေနရာတြင္ လမ္းဆိုးသျဖင့္ မၾကာခဏ ယာဥ္တိုက္မႈျဖစ္ေနေၾကာင္း သိရသည္။

 “လမ္းက သိပ္ၾကမ္းၿပီး ဖုန္ေတြထေနေတာ့ ေရွ႕ကားကုိ မျမင္မိဖူး။ ျမင္လုိက္တဲ့အခ်ိန္ ကၽြန္ေတာ့္ကားက သူ႔ကားကုိ ေနာက္ကေန ဝင္တိုက္မိျပီးေနျပီ”ဟု ဟုိက္ဂ်က္ကားယာဥ္ေမာင္း ကုိသန္းဝင္းက ေျပာသည္။

ေအာက္တိုဘာလ (၁၃) ရက္က လမ္းပ်က္သည့္ေနရာအား ေရွာင္ကြင္းရန္ ေပးထားသည့္ ေျမသားလမ္းသို႔ ဆင္းရန္ လိုက္ထရပ္ကားက အရွိန္ေလွ်ာ့လိုက္စဥ္ ေနာက္မွ ကပ္၍လုိက္လာသည့္ Hijet က ဝင္တိုက္မိသျဖင့္ လိုက္ထရပ္ယာဥ္ေပၚ ပါခရီးသည္ (၇) ဦးဒဏ္ရာ ရသြားျခင္းျဖစ္သည္။

ဒဏ္ရာရရွိသြားသည့္ အမ်ိဳးသမီး(၅)ဦးႏွင့္ ကေလး(၂)ဦးမွာ ဝမ္းတြင္းၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈ ခံယူေနေၾကာင္း သိရသည္။

“လမ္းေခ်ာက္ေပါက္ႀကီးေၾကာင့္ ခဏခဏ မေတာ္တဆယာဥ္တိုက္မွဳ ျဖစ္တယ္။ သိပ္ၿပီးထိခိုက္နစ္နာမွဳ မျဖစ္ေတာ့ သူတို႕ခ်င္းနားလည္မွဳယူသြားၾကတာ မ်ားတယ္။ ရဲေတာင္ မသိလုိက္ဖူး။ အျမန္ျပင္ေစခ်င္တယ္ဗ်ာ။ အႏၲရာယ္ရွိေနျပီ”ဟု ေဒသခံတစ္ဦးက ေျပာသည္။

အဆိုယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ Hijet ယာဥ္မွ ဦးသန္းဝင္းအား ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၂၂/၂၀၁၆ ယာဥ္မဆင္မျခင္ေမာင္းနွင္ၿပီး ထိခုိက္ဒဏ္ရာရရွိေစမွဳပုဒ္မ ၃၃၇/၃၃၈ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုလင္း



~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မြောက်ဘက်အထွက် ရန်ကုန် - မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၀/၂ နှင့် ၃၆၀/၃ ကြားတွင် လမ်းအကျယ်၏ တဝက်နီးပါးရှိပြီး အနက်ငါးပေခန့်ရှိသည့် လမ်းပျက်နေရာအား ရှောင်ရန် မြေသားလမ်းပေးထားသည့်နေရာတွင် လမ်းဆိုးသဖြင့် မကြာခဏ ယာဉ်တိုက်မှုဖြစ်နေကြောင်း သိရသည်။

 “လမ်းက သိပ်ကြမ်းပြီး ဖုန်တွေထနေတော့ ရှေ့ကားကို မမြင်မိဖူး။ မြင်လိုက်တဲ့အချိန် ကျွန်တော့်ကားက သူ့ကားကို နောက်ကနေ ဝင်တိုက်မိပြီးနပြေီ”ဟု ဟိုက်ဂျက်ကားယာဉ်မောင်း ကိုသန်းဝင်းက ပြောသည်။

အောက်တိုဘာလ (၁၃) ရက်က လမ်းပျက်သည့်နေရာအား ရှောင်ကွင်းရန် ပေးထားသည့် မြေသားလမ်းသို့ ဆင်းရန် လိုက်ထရပ်ကားက အရှိန်လျှော့လိုက်စဉ် နောက်မှ ကပ်၍လိုက်လာသည့် Hijet က ဝင်တိုက်မိသဖြင့် လိုက်ထရပ်ယာဉ်ပေါ် ပါခရီးသည် (၇) ဦးဒဏ်ရာ ရသွားခြင်းဖြစ်သည်။

ဒဏ်ရာရရှိသွားသည့် အမျိုးသမီး(၅)ဦးနှင့် ကလေး(၂)ဦးမှာ ဝမ်းတွင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“လမ်းချောက်ပေါက်ကြီးကြောင့် ခဏခဏ မတော်တဆယာဉ်တိုက်မှု ဖြစ်တယ်။ သိပ်ပြီးထိခိုက်နစ်နာမှု မဖြစ်တော့ သူတို့ချင်းနားလည်မှုယူသွားကြတာ များတယ်။ ရဲတောင် မသိလိုက်ဖူး။ အမြန်ပြင်စေချင်တယ်ဗျာ။ အန္တရာယ်ရှိနပြေီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုယာဉ်တိုက်မှုနှင့် ပတ်သက်၍ Hijet ယာဉ်မှ ဦးသန်းဝင်းအား ဝမ်းတွင်းမြို့မရဲစခန်းတွင် ယာဉ်(ပ) ၂၂/၂၀၁၆ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ထိခိုက်ဒဏ်ရာရရှိစေမှုပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~