မံုရြာၿမိဳ႕၌ ေခြးစားခံထားရသည့္ ကေလးငယ္အေလာင္းအား အမိႈက္ပံုတြင္ ေတြ႔ရိွ

မံုရြာၿမိဳ႕၌ ေခြးစားခံထားရသည့္ ကေလးငယ္အေလာင္းအား အမိႈက္ပံုတြင္ ေတြ႔ရိွ
အောက်တိုဘာ 14, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕ ေအးသာယာရပ္ကြက္ ကမ္းနားလမ္းတြင္ ေခြးစားခံထားရသည့္ ေမြးကင္းစကေလးငယ္၏ အေလာင္းတစ္ေလာင္းကို ေအာက္တိုဘာလ (၁၃)ရက္ ေန႔လယ္(၂) နာရီအခ်ိန္က ေတြ႕ရိွရသျဖင့္ အမႈဖြင့္ စံုစမ္းေနေၾကာင္း မံုရြာၿမိဳ႕မရဲစခန္းမွ သိရသည္။

"ကေလးကို ဘယ္အခ်ိန္က စြန္႔ပစ္သြားတယ္ မသိဘူး။ လမ္းေဘးေခြးေတြက ဝိုင္းဆြဲထားတာ။ ကေလးက မိန္းကေလးပါ။ ေမြးကင္းစဆိုေတာ့ အသားကႏုႏုေလးျဖစ္တဲ႔အတြက္ ဒဏ္ရာက ခႏၶာကိုယ္ တစ္စစ ီျဖစ္ေနတယ္ ။ ကၽြန္ေတာ္တို႔ အေနနဲ႔ ကေလးစြန္႔ပစ္သြားတဲ႔ တရားခံကို အျမန္ဆံုး ေဖာ္ထုတ္ အေရးယူသြားမွာပါ" ဟု မံုရြာၿမိဳ႕မရဲစခန္းမွ ရဲအုပ္ ရဲမင္းစိုးက  Tachileik News Agency (တာခ်ီလိတ္သတင္းေအဂ်င္စီ)သို႔ ေျပာသည္။

အဆိုပါ ကေလးငယ္ အေလာင္းအား ျမစ္ကမ္းေဘးရိွ အမိႈက္ပံုအနီးတြင္ ေတြ႕ရွိခ်ိန္၌ ေခြးမ်ား ကိုက္ဆြဲထားေသာေၾကာင့္ ဦးေခါင္း၊ လက္နွင့္ ေျခမ်ား ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆံုးေနၿပီျဖစ္ေၾကာင္း သိရသည္။

"ကေလးကို ေမြးၿပီး စြန္႔ပစ္ထားတာ။ ခ်က္တိုင္ေတာင္ ပါေသးတယ္ ။ ကၽြန္မတို႕ရပ္ကြက္က အေလာင္းကိုေတြ႕ေတာ့ ေခြးေတြ ဝိုင္းစားထားလို႔ ေသေနပါၿပီ။ ကိုယ္လက္အဂၤါေတြ မရိွေတာ့ဘူး " ဟု ေအးသာယာရပ္ကြက္ေန မမိုးမိုးသန္းက ေျပာသည္။

အဆိုပါ ကေလးေသဆံုးမႈျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ကေလးစြန္႔ပစ္ခဲ့သူအား အေရးယူေပးရန္ ဒုရဲအုပ္ေဇာ္ေဇာ္ေအာင္က တရားလို ျပဳလုပ္၍ တိုင္ၾကားရာ မံုရြာၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၄၇၃/၂၀၁၆ ရာဇသတ္ႀကီး ဥပေဒ (၃၁၈) အရ အမႈဖြင့္၍ တရားခံဖမ္းဆီးနိုင္ရန္ ေဆာင္ရြက္လ်ွက္ရိွေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အေးသာယာရပ်ကွက် ကမ်းနားလမ်းတွင် ခွေးစားခံထားရသည့် မွေးကင်းစကလေးငယ်၏ အလောင်းတစ်လောင်းကို အောက်တိုဘာလ (၁၃)ရက် နေ့လယ်(၂) နာရီအချိန်က တွေ့ရှိရသဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

"ကလေးကို ဘယ်အချိန်က စွန့်ပစ်သွားတယ် မသိဘူး။ လမ်းဘေးခွေးတွေက ဝိုင်းဆွဲထားတာ။ ကလေးက မိန်းကလေးပါ။ မွေးကင်းစဆိုတော့ အသားကနုနုလေးဖြစ်တဲ့အတွက် ဒဏ်ရာက ခန္ဓာကိုယ် တစ်စစီဖြစ်နေတယ်။ ကျွန်တော်တို့ အနေနဲ့ ကလေးစွန့်ပစ်သွားတဲ့ တရားခံကို အမြန်ဆုံး ဖော်ထုတ် အရေးယူသွားမှာပါ" ဟု မုံရွာမြို့မရဲစခန်းမှ ရဲအုပ် ရဲမင်းစိုးက Tachileik News Agency (တာချီလိတ်သတင်းအေဂျင်စီ)သို့ ပြောသည်။

အဆိုပါ ကလေးငယ် အလောင်းအား မြစ်ကမ်းဘေးရှိ အမှိုက်ပုံအနီးတွင် တွေ့ရှိချိန်၌ ခွေးများ ကိုက်ဆွဲထားသောကြောင့် ဦးခေါင်း၊ လက်နှင့် ခြေများ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနပြေီဖြစ်ကြောင်း သိရသည်။

"ကလေးကို မွေးပြီး စွန့်ပစ်ထားတာ။ ချက်တိုင်တောင် ပါသေးတယ်။ ကျွန်မတို့ရပ်ကွက်က အလောင်းကိုတွေ့တော့ ခွေးတွေ ဝိုင်းစားထားလို့ သေနေပါပြီ။ ကိုယ်လက်အင်္ဂါတွေ မရှိတော့ဘူး " ဟု အေးသာယာရပ်ကွက်နေ မမိုးမိုးသန်းက ပြောသည်။

အဆိုပါ ကလေးသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကလေးစွန့်ပစ်ခဲ့သူအား အရေးယူပေးရန် ဒုရဲအုပ်ဇော်ဇော်အောင်က တရားလို ပြုလုပ်၍ တိုင်ကြားရာ မုံရွာမြို့မရဲစခန်းတွင် (ပ) ၁၄၇၃/၂၀၁၆ ရာဇသတ်ကြီး ဥပဒေ (၃၁၈) အရ အမှုဖွင့်၍ တရားခံဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~