ကရင္နီျပည္နယ္ တိုင္းရင္းသားလူငယ္မ်ား မူ၀ါဒေရးဆြဲေရးဖိုရမ္ပြဲ လြိဳင္ေကာ္၌ က်င္းပ

ကရင္နီျပည္နယ္ တိုင္းရင္းသားလူငယ္မ်ား မူ၀ါဒေရးဆြဲေရးဖိုရမ္ပြဲ လြိဳင္ေကာ္၌ က်င္းပ
စက်တင်ဘာ 9, 2016
By Tachileik News Agency

ကရင္နီျပည္နယ္ တိုင္းရင္းသားလူငယ္မ်ား မူ၀ါဒေရးဆြဲေရးဖိုရမ္အား စက္တင္ဘာ (၉)ရက္ နံနက္ (၉)နာရီအခ်ိန္က ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပျပဳလုပ္သည္။

အခမ္းအနားတြင္ ကယားျပည္နယ္အစိုးရအဖြဲ႔ စည္ပင္သာယာေရးႏွင့္လူမႈေရး၀န္ႀကီး ေဒါက္တာ ေအာင္ေက်ာ္ေဌးက အဖြင့္အမွာစကားေျပာၾကားၿပီး ကယန္းအမ်ိဳးသားပါတီ ဥကၠဌ ခြန္းဘီထူးမွ လူငယ္မ်ားအား အားေပးစကားေျပာၾကားသည္။

ဆက္လက္၍ ေနာ္ေဂးေနေဖါက ကရင္နီျပည္နယ္ တိုင္းရင္းသားလူငယ္မ်ား မူ၀ါဒေရးဆြဲေရး ဖိုရမ္အခမ္းအနားသို႔ တက္ေရာက္လာသည့္ လူငယ္မ်ားအား ႀကိဳဆို ႏွဳတ္ဆက္စကားေျပာၾကားၿပီး တက္ေရာက္လာေသာ လူငယ္မ်ားမွ မ်ိဳးႏြယ္စုအလိုက္ အသီးသီး မိတ္ဆက္ၾကေၾကာင္း သိရသည္။

ထို႔ေနာက္ ကယားျပည္နယ္အစိုးရအဖြဲ႕မွေပးအပ္လိုက္သည့္ ေငြက်ပ္ သိန္းႏွစ္ဆယ္အား စည္ပင္သာယာေရးနွင့္ လူမႈေရး၀န္ႀကီး ေဒါက္တာေအာင္ေက်ာ္ေဌးမွ ေပးအပ္ၿပီး UNFPA မွ ေငြက်ပ္ သံုးဆယ့္ငါးသိန္း ၊ KSCSN မွ ေငြက်ပ္ သိန္းႏွစ္ဆယ္ငါးေထာင္ အား အသီးသီး ေပးအပ္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ တိုင္းရင္းသားလူမ်ိဳးစု (၈)စုႏွင့္ လူငယ္အဖြဲ႕ (၁၀)ဖြဲ႕၊ လူမႈ၀န္ထမ္း ဦးစီးဌာနမွ ျပည္နယ္ဦးစီးမွဴး ဦးသန္းေဌးတို႔ တက္ေရာက္ၾကၿပီး ကရင္နီျပည္နယ္ တိုင္းရင္းသားလူငယ္ဖိုရမ္အား စက္တင္ဘာ(၉)ရက္ေန႔မွ (၁၁)ရက္ေန႔အထိ ဆက္လက္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကရင်နီပြည်နယ် တိုင်းရင်းသားလူငယ်များ မူဝါဒရေးဆွဲရေးဖိုရမ်အား စက်တင်ဘာ (၉)ရက် နံနက် (၉)နာရီအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးမှ လူငယ်များအား အားပေးစကားပြောကြားသည်။

ဆက်လက်၍ နော်ဂေးနေဖောက ကရင်နီပြည်နယ် တိုင်းရင်းသားလူငယ်များ မူဝါဒရေးဆွဲရေး ဖိုရမ်အခမ်းအနားသို့ တက်ရောက်လာသည့် လူငယ်များအား ကြိုဆို နှုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာသော လူငယ်များမှ မျိုးနွယ်စုအလိုက် အသီးသီး မိတ်ဆက်ကြကြောင်း သိရသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့မှပေးအပ်လိုက်သည့် ငွေကျပ် သိန်းနှစ်ဆယ်အား စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးမှ ပေးအပ်ပြီး UNFPA မှ ငွေကျပ် သုံးဆယ့်ငါးသိန်း၊ KSCSN မှ ငွေကျပ် သိန်းနှစ်ဆယ်ငါးထောင် အား အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးစု (၈)စုနှင့် လူငယ်အဖွဲ့ (၁၀)ဖွဲ့၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဌေးတို့ တက်ရောက်ကြပြီး ကရင်နီပြည်နယ် တိုင်းရင်းသားလူငယ်ဖိုရမ်အား စက်တင်ဘာ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~