Update News

အဆိုေတာ္ ေရႊထိုက္ အပါအ၀င္ အမ်ိဳးသား၊အမ်ိဳးသမီး(၇)ဦးကို မူးယစ္ေဆး၀ါးမ်ားျဖင့္ ရန္ကုန္တြင္ ဖမ္းဆီးရမိ

အဆိုေတာ္ ေရႊထုိက္ အပါအဝင္ အမ်ိဳးသား၊အမ်ိဳးသမီး (၇)ဦးထံမွ မူးယစ္ေဆး၀ါးမ်ားကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၉)ရက္ေန႔တြင္ ကြင္းဆက္ေဖၚထုတ္ခ်က္မ်ားအရ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၄၁)ရန္ကုန္(အေရွ႕)မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ (၉) ရက္ေန႔ နံနက္ (၁၁)နာရီအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္ေန သန္႔စင္ေမာင္(ခ) ကိုေပါက္၏ ေနအိမ္ကို ရွာေဖြရာ ၎၏ ေဘာင္းဘီအိတ္ကပ္ အတြင္းႏွင့္ ခုတင္ေပၚရွိ မ်က္မွန္ဘူး အတြင္းတို႔မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၃၉) ျပားႏွင့္ အိုက္စ္ (၁၃) ဂရမ္တို႔ကို ဖမ္းဆီး ရမိေၾကာင္း သိရသည္။

ဆက္လက္ ေဖၚထုတ္ခ်က္ အရ ညေန(၃)နာရီ (၅၀)မိနစ္တြင္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၁၆)ရပ္ကြက္၊ ျပည္သာယာလမ္းတြင္ ရပ္ထားသည့္ Mark II ေမာ္ေတာ္ယာဥ္ကို ရွာေဖြရာ ေက်ာ္သူရအား ေတြ႕ရၿပီး ၎ထိုင္သည့္ ယာဥ္ေမာင္းထိုင္ခုံေပၚမွ Ecstasy ေဆးျပား (၃၆) ျပား၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၆၀) ျပားႏွင့္ အိုက္စ္ (၇ )ဂရမ္တို႔ကို ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

ယင္းေနာက္ ပူးေပါင္းအဖြဲ႕က ေက်ာ္သူရ တည္းခိုေနသည့္ My Dream Hotel၊ အခန္းအမွတ္ (၁၀၁)ကို  ညေန (၄)နာရီ မိနစ္(၂၀)တြင္ ဝင္ေရာက္ရွာေဖြရာ အခန္းထဲတြင္ လင္းလြင္၊ ေ႐ႊမႈံႏွင့္ အိအိခိုင္တို႔အား ေတြ႕ရၿပီး ေရခ်ိဳးခန္းေဘစင္ေပၚမွ ေကာ္ဘူးျဖင့္ ထည့္လ်က္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၉) ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ထပ္မံ စစ္ေဆးေဖၚထုတ္ခ်က္ အရ ယင္းေန႔ ည (၆)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ ရန္ကင္းလမ္း၊ Golden City အိမ္ရာေန သက္ေဆြမင္း(ခ)ကိုစိုင္းႏွင့္ မေဝလြင္ေဇာ္(ခ) မေ႐ႊထိုက္တို႔၏ ေနအိမ္ႏွင့္ သက္ေဆြမင္း ငွားရမ္းထားေသာ ရန္ကင္းၿမိဳ႕နယ္၊ အေဝရာလမ္း၊ အမွတ္(၁၅)ရပ္ကြက္ရွိ ေနအိမ္တို႔ကို ရွာေဖြရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၁,၉၉၄) ျပား၊ အိုက္စ္ (၇၇၃) ဂရမ္၊ ဘိန္းျဖဴ (၁၁) ဂရမ္ႏွင့္ ေဆးေျခာက္ (၁၂) ဂရမ္တို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္ အတူ ဖမ္းဆီးရမိသည့္ သန္႔စင္ေမာင္(ခ)ကိုေပါက္၊ ေက်ာ္သူရ ၊ လင္းလြင္၊ ေ႐ႊမႈံ၊ အိအိခိုင္၊ သက္ေဆြမင္း (ခ)ကိုစိုင္းႏွင့္ မေဝလြင္ေဇာ္(ခ) ေ႐ႊထိုက္တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါး မ်ားဆိုင္ရာဥပေဒအရ အေရးယူ ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္ထဲေရး






~~~~~~~~⊰❂ unicode ~~~~~~~~

အဆိုတော် ရွှေထိုက် အပါအဝင် အမျိုးသား၊အမျိုးသမီး (၇)ဦးထံမှ မူးယစ်ဆေးဝါးများကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့တွင် ကွင်းဆက်ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ခုနှစ် သြဂုတ်လ (၉) ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ သန့်စင်မောင်(ခ) ကိုပေါက်၏ နေအိမ်ကို ရှာဖွေရာ၎င်း၏ ဘောင်းဘီအိတ်ကပ် အတွင်းနှင့် ခုတင်ပေါ်ရှိ မျက်မှန်ဘူး အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား (၁၃၉) ပြားနှင့် အိုက်စ် (၁၃) ဂရမ်တို့ကို ဖမ်းဆီး ရမိကြောင်း သိရသည်။

ဆက်လက် ဖော်ထုတ်ချက် အရ ညနေ(၃)နာရီ (၅၀)မိနစ်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ပြည်သာယာလမ်းတွင် ရပ်ထားသည့် Mark II မော်တော်ယာဉ်ကို ရှာဖွေရာ ကျော်သူရအား တွေ့ရပြီး၎င်းထိုင်သည့် ယာဉ်မောင်းထိုင်ခုံပေါ်မှ Ecstasy ဆေးပြား (၃၆) ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၆၀) ပြားနှင့် အိုက်စ် (၇ )ဂရမ်တို့ကို ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

ယင်းနောက် ပူးပေါင်းအဖွဲ့က ကျော်သူရ တည်းခိုနေသည့် My Dream Hotel၊ အခန်းအမှတ် (၁၀၁)ကို ညနေ (၄)နာရီ မိနစ်(၂၀)တွင် ဝင်ရောက်ရှာဖွေရာ အခန်းထဲတွင် လင်းလွင်၊ ရွှေမှုံနှင့် အိအိခိုင်တို့အား တွေ့ရပြီး ရေချိုးခန်းဘေစင်ပေါ်မှ ကော်ဘူးဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား (၉) ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

ထပ်မံ စစ်ဆေးဖော်ထုတ်ချက် အရ ယင်းနေ့ ည (၆)နာရီ (၄၅)မိနစ်အချိန်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကင်းလမ်း၊ Golden City အိမ်ရာနေ သက်ဆွေမင်း(ခ)ကိုစိုင်းနှင့် မဝေလွင်ဇော်(ခ) မရွှေထိုက်တို့၏ နေအိမ်နှင့် သက်ဆွေမင်း ငှါးရမ်းထားသော ရန်ကင်းမြို့နယ်၊ အဝေရာလမ်း၊ အမှတ်(၁၅)ရပ်ကွက်ရှိ နေအိမ်တို့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၁,၉၉၄) ပြား၊ အိုက်စ် (၇၇၃) ဂရမ်၊ ဘိန်းဖြူ (၁၁) ဂရမ်နှင့် ဆေးခြောက် (၁၂) ဂရမ်တို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့် အတူ ဖမ်းဆီးရမိသည့် သန့်စင်မောင်(ခ)ကိုပေါက်၊ ကျော်သူရ၊ လင်းလွင်၊ ရွှေမှုံ၊ အိအိခိုင်၊ သက်ဆွေမင်း (ခ)ကိုစိုင်းနှင့် မဝေလွင်ဇော်(ခ) ရွှေထိုက်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်ထဲရေး
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::