ျပည္ေထာင္စုအစိုးရ ညႊန္ၾကားခ်က္ျဖင့္ ရွမ္းျပည္နယ္ တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးေရးအထူးအဖြဲ႕ လုပ္ငန္းစတင္ရန္ ျပင္ဆင္ေန

ျပည္ေထာင္စုအစိုးရ ညႊန္ၾကားခ်က္ျဖင့္ ရွမ္းျပည္နယ္ တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးေရးအထူးအဖြဲ႕ လုပ္ငန္းစတင္ရန္ ျပင္ဆင္ေန
ဇွန် 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ကို ျပည္ေထာင္စုအစိုးရအဖြဲ႕၏ ညႊန္ၾကားခ်က္ျဖင့္ ဇြန္လအတြင္း ဖြဲ႕စည္းထားၿပီး လုပ္ငန္းစတင္ႏုိင္ရန္ လုပ္ငန္းစဥ္ ေရးဆြဲေနၿပီျဖစ္ေၾကာင္း သိရသည္။

“အဖြဲ႕ကိုေတာ့ ျပည္ေထာင္စုအစိုးရရဲ႕ ညႊန္ၾကားခ်က္နဲ႔ ဖြဲ႕စည္းထားပါၿပီ။ ဒါက တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြကို ညႊန္ၾကားထားတဲ့အတုိင္း လုပ္ေဆာင္တာျဖစ္ပါတယ္။ လက္ရိွမွာေတာ့ အရင္ကရိွခဲ့တဲ့ အားနည္းခ်က္ေတြကို ေလ့လာၿပီး လုပ္ငန္းစဥ္ ေရးဆြဲေနပါတယ္။ အရင္ကအဖြဲ႕ေတြ လုပ္ေဆာင္ခဲ့သလို အားနည္းခ်က္ေတြ မျဖစ္ေအာင္ ေသခ်ာေလ့လာ ေရးဆြဲေနပါတယ္”ဟု ျပည္နယ္တရားမဝင္ ကုန္သြယ္မႈမ်ား တားဆီးအေရးယူ ႏိုင္ေရးအထူးအဖြဲ႕ ဥကၠဌ၊ ျပည္နယ္ဘ႑ာေရး ဦးစိုင္းရွဲန္တစ္လံုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူ ႏုိင္ေရးအတြက္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအားလံုးတြင္ သက္ဆုိင္ရာ တုိင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕မ်ားက တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူ ႏိုင္ေရး အထူးအဖြဲ႕မ်ားျဖင့္ စိစစ္ေဆာင္ရြက္သြားရန္ ႏုိင္ငံေတာ္သမၼတရံုး စီးပြားေရးရာ ဌာနႀကီးက ၂၀၁၈ ခုႏွစ္၊ ေမလ (၁၆)ရက္ေန႔က ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

“လက္ရိွက ေကာ္မတီပဲဖြဲ႕ရပါေသးတယ္။ လုပ္ငန္းစီမံခ်က္က မဆြဲရေသးဘူး။ လုပ္ငန္းစီမံခ်က္မွာ အရင္က အားနည္းခ်က္ေတြ၊ ယိုေပါက္ေတြလိုမ်ိဳးမျဖစ္ေအာင္ ဆြဲရမွာပါ”ဟု ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ ဒုတိယဥကၠဌ ရွမ္းျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

တရားမဝင္ ကုန္သြယ္မႈမ်ားတားဆီး အေရးယူႏိုင္ေရး အထူးအဖြဲ႕အား ဗဟိုေကာ္မတီႏွင့္ လုပ္ငန္း ေကာ္မတီမ်ားျဖင့္ ဖြဲ႕စည္းေဆာင္ရြက္သြားမည္ျဖစ္ၿပီး လိုအပ္သည့္ေနရာေဒသမ်ားႏွင့္ လမ္းေၾကာင္း မ်ားတြင္ လႈပ္ရွားေရွာင္တခင္ စစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ စစ္ေဆးျခင္းကို ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ စည္းၾကပ္ေဆာင္ရြက္ျခင္းေၾကာင့္ ကုန္သြယ္ေရးစီးဆင္းမႈကို ထိခိုက္မႈမရိွေစရန္ သတိျပဳသင့္ေၾကာင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္း ဒုတိယ ဥကၠဌ (၂) ဦးစိုင္းစိုင္းက ေထာက္ျပေျပာဆိုလိုက္ၿပီး ကုန္သည္မ်ားအေနျဖင့္ လက္ရိွအေျခအေနထက္ လုပ္သာကိုင္သာရိွမႈ ၾကပ္တည္းလာႏုိင္သည္ဟုလည္း သံုးသပ္ထားသည္။

“ဖြဲ႕လာတယ္ဆိုရင္ေတာ့လည္း ကုန္သည္ေတြက မိုးတြင္းကာလမွာ အေရာင္းအဝယ္လည္း ေအးတယ္။ ကုန္စည္စီးဆင္းမႈကလည္း ေအးေနတဲ့အခ်ိန္မွာမွ အခုလိုမ်ိဳးထပ္ၿပီးေတာ့ ၾကပ္လာမယ္ဆိုရင္ေတာ့ ကုန္သည္ေတြ လုပ္သာကိုင္သာရိွမႈေတာ့ ၾကပ္လာမယ္လို႔ ထင္ပါတယ္။ ဒီလိုစစ္ေဆးတာေၾကာင့္ ပိုၿပီးလြယ္ကူလာမယ္၊ ပိုၿပီး ေျဖေလ်ာ့ေပးမယ္ဆိုရင္ ပိုေကာင္းတာေပါ့။ အဲဒီလိုမဟုတ္ဘဲ ပိုၿပီးတင္းက်ပ္ လာတယ္ဆိုရင္ေတာ့ ကုန္သည္၊ ကားသမားေတြအတြက္ကေတာ့ လုပ္ရတာ ေတာ္ေတာ္ကို ခက္သြားပါ လိမ့္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္”ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္း ဒုတိယ ဥကၠဌ ဦးစိုင္းစိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းရိွသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ရွမ္းျပည္နယ္ ေတာင္ပိုင္းသို႔ ကုန္စည္ပို႔ေဆာင္ခႏႈန္းထားမွာ ကရင္ျပည္နယ္ ျမဝတီမွ ရွမ္းျပည္နယ္ေတာင္ပိုင္းသို႔ ကုန္စည္ပို႔ေဆာင္ခ ႏႈန္းထားအတိုင္းက်သင့္ေနသျဖင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမ်ားမွ တရားမဝင္ကုန္သြယ္မႈမ်ား စိစစ္ျခင္းနည္းတူ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ပိုမိုေကာင္းမြန္ လာေရးကိုလည္း အစိုးရအေနျဖင့္ လုပ္ေဆာင္လာမည္ဟု ေမွ်ာ္လင့္ေၾကာင္း ဦးစိုင္းစိုင္းက ဆိုသည္။

“ကၽြန္ေတာ္တို႔ေဒသရဲ႕ လမ္းပန္းအေျခအေနကလည္း ေနာက္ေတာ့ပိုေကာင္းလာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။ အခုလည္းျပင္ေနတယ္ဆိုေတာ့ အခုထက္ထိေတာ့ ကၽြန္ေတာ္တုိ႔ တာခ်ီလိတ္နဲ႔ ေတာင္ႀကီးကို ဆက္သြယ္တဲ့လမ္းေၾကာင္းက မိုင္(၄၀၀)ေလာက္ပဲရိွေပမဲ့ ေတာ္ေတာ္ႀကီးကို သီးသန္႔ျခားနား ထားသလို ထင္ရေတာ့ေလ။ ရန္ကုန္ - မႏၱေလး၊ ရန္ကုန္ - ေတာင္ႀကီးသြားတာေတြက လက္တစ္ကမ္းအတြင္းမွာလို႔ ထင္ရေပမဲ့ ကၽြန္ေတာ္တုိ႔ ဒီရွမ္းေရွ႕ကိုလာရတာကေတာ့ ေတာ္ေတာ္ႀကီးကို အလွမ္းေဝးတယ္လို႔ ထင္ရပါတယ္”ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္း ဒုတိယ ဥကၠဌ ဦးစိုင္းစိုင္းက ဆိုသည္။

ရွမ္းျပည္နယ္အတြင္း တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားအျဖစ္ မူဆယ္ၿမိဳ႕ရိွ (၁၀၅)မိုင္ နယ္စပ္ကုန္သြယ္ေရးစခန္းမွာ တစ္ႏုိင္ငံလံုး၏ နယ္စပ္ကုန္သြယ္မႈ အမ်ားဆံုးစခန္းျဖစ္ေသာ္လည္း ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ တရုတ္ႏုိင္ငံႏွင့္ကုန္သြယ္ေရးလမ္းေၾကာင္းမွာ အထူးေဒသမ်ားရိွေနသျဖင့္ ကုန္သြယ္ေရးအတြက္ အျပည့္အဝအသံုးျပဳႏုိင္ျခင္း မရိွေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံႏွင့္ ျမန္မာႏုိင္ငံ နယ္စပ္ကုန္သြယ္မႈတြင္ တနသၤာရီတုိင္းေဒသႀကီးရိွ ေကာ့ေသာင္း၊ ကရင္ျပည္နယ္ရိွ ျမဝတီႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ တာခ်ီလိတ္ေဒသမ်ားရိွ နယ္စပ္ကုန္သြယ္ေရး စခန္းမွ ေဆာင္ရြက္ေနရာတြင္ လမ္းပန္းဆက္သြယ္ေရးအေျခအေနေၾကာင့္ ျမဝတီနယ္စပ္မွ တင္သြင္းသည့္ ထုိင္းပစၥည္းမ်ားကို ရန္ကုန္၊မႏၱေလးမွ တစ္ႏုိင္ငံလံုး ေစ်းကြက္ပို႔ ေဆာင္ႏုိင္ကာ ရွမ္းျပည္နယ္ေစ်းကြက္ အထိ တင္ပို႔ႏုိင္ေနေသာ္လည္း ရွမ္းျပည္နယ္ အေရွ႕ပုိင္းေဒသမွာ လမ္းပန္းဆက္သြယ္ေရးအခက္အခဲေၾကာင့္ က်ယ္က်ယ္ျပန္႔ျပန္႔ တင္ပို႔ႏိုင္ျခင္းမရိွဘဲ ေဒသသံုး တင္သြင္းမႈအဆင့္သာ ရိွေနေၾကာင္း သိရသည္။

နယ္စပ္လမ္းေၾကာင္းမ်ားတြင္ တရားမဝင္ကုန္သြယ္မႈမ်ားကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ယခင္အစိုးရ လက္ထက္ ၂၀၁၂ ခုႏွစ္ကစတင္၍ တရားမဝင္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္ေရးအဖြဲဲ႕(Mobile Team)မ်ားျဖင့္ စည္းၾကပ္ေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း အဆိုပါအဖြဲ႕မ်ားကို အစိုးရသက္တမ္း ကုန္ခါနီးျဖစ္သည့္ ၂၀၁၅ ဒီဇင္ဘာလ (၃၀)ရက္ေန႔တြင္ သမၼတရံုးညႊန္ၾကားစာျဖင့္ ဖ်က္သိမ္းခဲ့ျခင္း ျဖစ္ၿပီးေနာက္ လက္ရိွအစိုးရလက္ထက္တြင္ တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရး အထူးအဖြဲ႔မ်ား ဖြဲ႕စည္းစိစစ္သြားရန္ လုပ္ေဆာင္လာျခင္းျဖစ္သည္။

ရွမ္းျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕၏ ဗဟိုေကာ္မတီတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ျပည္နယ္ အေကာက္ခြန္ ဦးစီးဌာနႏွင့္ မူဆယ္(၁၀၅)မိုင္ကုန္သြယ္ေရးဇုန္ ကုန္သြယ္ေရးဦးစီးဌာနတို႔ ပါဝင္ၿပီး ျပည္နယ္ဘ႑ာေရးဝန္ႀကီးအဖြဲ႕ေခါင္းေဆာင္အျဖစ္ တာဝန္ယူထားသည့္ လုပ္ငန္းေကာ္မတီတြင္ ရဲတပ္ဖြဲ႕၊ အေကာက္ခြန္ဦးစီးဌာန၊ သစ္ေတာဦးစီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာန၊ ျပည္နယ္စားသံုးသူေရးရာ ဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အားဝန္ႀကီးဌာန၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ငါးလုပ္ငန္းဦးစီးဌာန၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈ ဦးစီးဌာန၊ သတင္းမီဒီယာတို႔မွ ကိုယ္စားလွယ္တစ္ဦးဆီ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဇွန်လအတွင်း ဖွဲ့စည်းထားပြီး လုပ်ငန်းစတင်နိုင်ရန် လုပ်ငန်းစဉ် ရေးဆွဲနပြေီဖြစ်ကြောင်း သိရသည်။

“အဖွဲ့ကိုတော့ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့စည်းထားပါပြီ။ ဒါက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ညွှန်ကြားထားတဲ့အတိုင်း လုပ်ဆောင်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အရင်ကရှိခဲ့တဲ့ အားနည်းချက်တွေကို လေ့လာပြီး လုပ်ငန်းစဉ် ရေးဆွဲနေပါတယ်။ အရင်ကအဖွဲ့တွေ လုပ်ဆောင်ခဲ့သလို အားနည်းချက်တွေ မဖြစ်အောင် သေချာလေ့လာ ရေးဆွဲနေပါတယ်”ဟု ပြည်နယ်တရားမဝင် ကုန်သွယ်မှုများ တားဆီးအရေးယူ နိုင်ရေးအထူးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်ဘဏ္ဍာရေး ဦးစိုင်းရှဲန်တစ်လုံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူ နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူ နိုင်ရေး အထူးအဖွဲ့များဖြင့် စိစစ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတရုံး စီးပွားရေးရာ ဌာနကြီးက ၂၀၁၈ ခုနှစ်၊ မေလ (၁၆)ရက်နေ့က ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိက ကော်မတီပဲဖွဲ့ရပါသေးတယ်။ လုပ်ငန်းစီမံချက်က မဆွဲရသေးဘူး။ လုပ်ငန်းစီမံချက်မှာ အရင်က အားနည်းချက်တွေ၊ ယိုပေါက်တွေလိုမျိုးမဖြစ်အောင် ဆွဲရမှာပါ”ဟု ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဌ ရှမ်းပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားမဝင် ကုန်သွယ်မှုများတားဆီး အရေးယူနိုင်ရေး အထူးအဖွဲ့အား ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည့်နေရာဒေသများနှင့် လမ်းကြောင်း များတွင် လှုပ်ရှားရှောင်တခင် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စည်းကြပ်ဆောင်ရွက်ခြင်းကြောင့် ကုန်သွယ်ရေးစီးဆင်းမှုကို ထိခိုက်မှုမရှိစေရန် သတိပြုသင့်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဌ (၂) ဦးစိုင်းစိုင်းက ထောက်ပြပြောဆိုလိုက်ပြီး ကုန်သည်များအနဖြေင့် လက်ရှိအခြေအနေထက် လုပ်သာကိုင်သာရှိမှု ကြပ်တည်းလာနိုင်သည်ဟုလည်း သုံးသပ်ထားသည်။

“ဖွဲ့လာတယ်ဆိုရင်တော့လည်း ကုန်သည်တွေက မိုးတွင်းကာလမှာ အရောင်းအဝယ်လည်း အေးတယ်။ ကုန်စည်စီးဆင်းမှုကလည်း အေးနေတဲ့အချိန်မှာမှ အခုလိုမျိုးထပ်ပြီးတော့ ကြပ်လာမယ်ဆိုရင်တော့ ကုန်သည်တွေ လုပ်သာကိုင်သာရှိမှုတော့ ကြပ်လာမယ်လို့ ထင်ပါတယ်။ ဒီလိုစစ်ဆေးတာကြောင့် ပိုပြီးလွယ်ကူလာမယ်၊ ပိုပြီး ဖြေလျော့ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။ အဲဒီလိုမဟုတ်ဘဲ ပိုပြီးတင်းကျပ် လာတယ်ဆိုရင်တော့ ကုန်သည်၊ ကားသမားတွေအတွက်ကတော့ လုပ်ရတာ တော်တော်ကို ခက်သွားပါ လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဌ ဦးစိုင်းစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ရှမ်းပြည်နယ် တောင်ပိုင်းသို့ ကုန်စည်ပို့ဆောင်ခနှုန်းထားမှာ ကရင်ပြည်နယ် မြဝတီမှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ကုန်စည်ပို့ဆောင်ခ နှုန်းထားအတိုင်းကျသင့်နေသဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တရားမဝင်ကုန်သွယ်မှုများ စိစစ်ခြင်းနည်းတူ ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုကောင်းမွန် လာရေးကိုလည်း အစိုးရအနဖြေင့် လုပ်ဆောင်လာမည်ဟု မျှော်လင့်ကြောင်း ဦးစိုင်းစိုင်းက ဆိုသည်။

“ကျွန်တော်တို့ဒေသရဲ့ လမ်းပန်းအခြေအနေကလည်း နောက်တော့ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလည်းပြင်နေတယ်ဆိုတော့ အခုထက်ထိတော့ ကျွန်တော်တို့ တာချီလိတ်နဲ့ တောင်ကြီးကို ဆက်သွယ်တဲ့လမ်းကြောင်းက မိုင်(၄၀၀)လောက်ပဲရှိပေမဲ့ တော်တော်ကြီးကို သီးသန့်ခြားနား ထားသလို ထင်ရတော့လေ။ ရန်ကုန် - မန္တလေး၊ ရန်ကုန် - တောင်ကြီးသွားတာတွေက လက်တစ်ကမ်းအတွင်းမှာလို့ ထင်ရပေမဲ့ ကျွန်တော်တို့ ဒီရှမ်းရှေ့ကိုလာရတာကတော့ တော်တော်ကြီးကို အလှမ်းဝေးတယ်လို့ ထင်ရပါတယ်”ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဌ ဦးစိုင်းစိုင်းက ဆိုသည်။

ရှမ်းပြည်နယ်အတွင်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများအဖြစ် မူဆယ်မြို့ရှိ (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ တစ်နိုင်ငံလုံး၏ နယ်စပ်ကုန်သွယ်မှု အများဆုံးစခန်းဖြစ်သော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးလမ်းကြောင်းမှာ အထူးဒေသများရှိနေသဖြင့် ကုန်သွယ်ရေးအတွက် အပြည့်အဝအသုံးပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ကော့သောင်း၊ ကရင်ပြည်နယ်ရှိ မြဝတီနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်ဒေသများရှိ နယ်စပ်ကုန်သွယ်ရေး စခန်းမှ ဆောင်ရွက်နေရာတွင် လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် မြဝတီနယ်စပ်မှ တင်သွင်းသည့် ထိုင်းပစ္စည်းများကို ရန်ကုန်၊မန္တလေးမှ တစ်နိုင်ငံလုံး ဈေးကွက်ပို့ ဆောင်နိုင်ကာ ရှမ်းပြည်နယ်ဈေးကွက် အထိ တင်ပို့နိုင်နေသော်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ခြင်းမရှိဘဲ ဒေသသုံး တင်သွင်းမှုအဆင့်သာ ရှိနေကြောင်း သိရသည်။

နယ်စပ်လမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် ယခင်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်ကစတင်၍ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့(Mobile Team)များဖြင့် စည်းကြပ်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သော်လည်း အဆိုပါအဖွဲ့များကို အစိုးရသက်တမ်း ကုန်ခါနီးဖြစ်သည့် ၂၀၁၅ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် သမ္မတရုံးညွှန်ကြားစာဖြင့် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ပြီးနောက် လက်ရှိအစိုးရလက်ထက်တွင် တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့များ ဖွဲ့စည်းစိစစ်သွားရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့၏ ဗဟိုကော်မတီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အကောက်ခွန် ဦးစီးဌာနနှင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်ပြီး ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် လုပ်ငန်းကော်မတီတွင် ရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၊ သတင်းမီဒီယာတို့မှ ကိုယ်စားလှယ်တစ်ဦးဆီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~