တာခ်ီလိတ္ၿမိဳ႕ YOUTH ကြန္ပ်ဴတာသင္တန္းေက်ာင္း၏ သင္တန္း ၁၄ ခုအတြက္ ထူးခၽြန္ဆုေပးပြဲႏွင့္ ေအာင္လက္မွတ္ေပးပြဲအခမ္းအနားက်င္းပ

တာခ်ီလိတ္ၿမိဳ႕ YOUTH ကြန္ပ်ဴတာသင္တန္းေက်ာင္း၏ သင္တန္း ၁၄ ခုအတြက္ ထူးခၽြန္ဆုေပးပြဲႏွင့္ ေအာင္လက္မွတ္ေပးပြဲအခမ္းအနားက်င္းပ
မေ 26, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ YOUTH ကြန္ပ်ဴတာသင္တန္းေက်ာင္း၏ ထူးခၽြန္ဆုေပးပြဲႏွင့္ ေအာင္လက္မွတ္ေပးပြဲအခမ္းအနားကို ဟိုတယ္တာခ်ီလိတ္တြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၆)ရက္ေန႔ နံနက္ပိုင္းက က်င္းပသည္။

အဆိုပါ အခမ္းအနားတြင္ ဆရာလင္းသိုက္ညြန္႕(ျမန္မာ့ေျမ) က ေက်ာင္းသားလူငယ္မ်ားအား စိတ္ခြန္အားျဖည့္ အမွာစကား ေျပာၾကားခဲ့ၿပီး Tachileik YOUTH ကြန္ပ်ဴတာသင္တန္းေက်ာင္း တည္ေထာင္သူႏွင့္ အမႈေဆာင္အရာရိွခ်ဳပ္ျဖစ္သူ ဦးဟန္မင္းထြန္းက ေက်းဇူးတင္စကားေျပာၾကားခဲ့သည္။

ယင္းေနာက္ သင္တန္းေက်ာင္းမွ ေက်ာင္းသား၊ေက်ာင္းသူမ်ားက အက၊သီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖၿပီးေနာက္ Tachileik YOUTH ကြန္ပ်ဴတာသင္တန္းေက်ာင္း၏ သင္တန္း (၁၄)ခုမွ သင္တန္းသား (၁၀၆)ဦးအား သင္တန္းဆင္းလက္မွတ္ႏွင့္ ထူးခၽြန္ဆုလက္မွတ္မ်ား ခ်ီးျမႇင့္ေပးျခင္းျဖစ္သည္။

တာခ်ီလိတ္YOUTH ကြန္ပ်ဴတာသင္တန္းေက်ာင္းတြင္ ကြန္ပ်ဴတာႏွင့္ သက္ဆိုင္ေသာ ဘာသာရပ္ (၂၇)ခုကို သင္ၾကားေပးလွ်က္ရိွၿပီး သင္တန္းေက်ာင္းအား ၂၀၁၄ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခမ္းအနားတြင္ သင္တန္းဆင္းေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား တက္ေရာက္ၾကၿပီး ဆရာလင္းသိုက္ညြန္႔(ျမန္မာ့ေျမ)၏ ထုတ္ေဝၿပီးစာအုပ္မ်ားကိုလည္း ေရာင္းခ်ေပးသည္ကို ေတြ႔ရသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ YOUTH ကွန်ပျူတာသင်တန်းကျောင်း၏ သင်တန်း ၁၄ ခုအတွက် ထူးချွန်ဆုပေးပွဲနှင့် အောင်လက်မှတ်ပေးပွဲအခမ်းအနားကျင်းပ
****************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ YOUTH ကွန်ပျူတာသင်တန်းကျောင်း၏ ထူးချွန်ဆုပေးပွဲနှင့် အောင်လက်မှတ်ပေးပွဲအခမ်းအနားကို ဟိုတယ်တာချီလိတ်တွင် ၂၀၁၈ ခုနှစ် မေလ (၂၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ) က ကျောင်းသားလူငယ်များအား စိတ်ခွန်အားဖြည့် အမှာစကား ပြောကြားခဲ့ပြီး Tachileik YOUTH ကွန်ပျူတာသင်တန်းကျောင်း တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဟန်မင်းထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အက၊သီချင်းများဖြင့် ဖျော်ဖြေပြီးနောက် Tachileik YOUTH ကွန်ပျူတာသင်တန်းကျောင်း၏ သင်တန်း (၁၄)ခုမှ သင်တန်းသား (၁၀၆)ဦးအား သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်ဆုလက်မှတ်များ ချီးမြှင့်ပေးခြင်းဖြစ်သည်။

တာချီလိတ်YOUTH ကွန်ပျူတာသင်တန်းကျောင်းတွင် ကွန်ပျူတာနှင့် သက်ဆိုင်သော ဘာသာရပ် (၂၇)ခုကို သင်ကြားပေးလျှက်ရှိပြီး သင်တန်းကျောင်းအား ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် သင်တန်းဆင်းကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြပြီး ဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ)၏ ထုတ်ဝေပြီးစာအုပ်များကိုလည်း ရောင်းချပေးသည်ကို တွေ့ရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~