၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူ (၈၆,၉၄၇)ဦး ၀င်ရောက် ဖြေဆိုမည်

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူ (၈၆,၉၄၇)ဦး ၀င်ရောက် ဖြေဆိုမည်
ဖေဖော်ဝါရီ 17, 2019
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၆,၉၄၇)ဦး ရှိနေပြီး စာမေးပွဲ၌ သင်ရိုးအပေါ် အခြေခံသည့် မေးခွန်းပုံစံများ အပြောင်းအလဲ ရှိလာမည်ဖြစ်ကြောင်း မကွေးတိုင်းပညာရေးမှူးရုံးမှ သိရသည်။


၂၀၁၉ခုနှစ်​ မတ်လ(၆)ရက်နေ့မှ မတ်လ(၁၅)ရက် ​နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုမည့်  စာ​မေးပွဲတွင်​ သင်ရိုးကို အခြေခံ၍ ကျောင်းသား​ကျောင်းသူများ၏ ထိုးထွင်းဥာဏ် ကို စမ်းသပ်မည့် မေးခွန်းများ ပါဝင်လာမည်ဖြစ်၍ မကွေးတိုင်းဒေသကြီးအတွင်း စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းစဉ်များ ဥာဏ် စမ်း နှင့် ဗဟုသုတဆိုင်ရာမေးခွန်းပုံစံများကို ရှင်းလင်းသင်ကြားပေးခြင်းများ လုပ်ဆောင် လျက်ရှိ​ကြောင်း သိရသည်။


သတင်း -  ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၆,၉၄၇)ဦး ရှိနပြေီး စာမေးပွဲ၌ သင်ရိုးအပေါ် အခြေခံသည့် မေးခွန်းပုံစံများ အပြောင်းအလဲ ရှိလာမည်ဖြစ်ကြောင်း မကွေးတိုင်းပညာရေးမှူးရုံးမှ သိရသည်။

"အရင်ကလိုမျိုး ဒါသင်၊ ဒါကျက်၊ ဒါဖြေဆိုတဲ့ ပုံစံမျိုးနဲ့မသွားတော့ဘဲ ကလေးတွေရဲ့လက် တွေ့ အသုံးချနိုင်မှု၊ တွေးခေါ်စဉ်းစားမှုတွေအ​ပေါ် ဆန်​းစစ်​နိုင်​မယ်​့ မေးခွန်​းပုံစံ​​ ပြောင်​းလာဖို့ ရှိပါတယ်​။ အရင်​က အခန်း(၇)ခန်း လေ့ကျင့်ထားရုံနဲ့ အောင်မှတ်ရနိုင်​ပေမယ်​့ အခု ​ဖြေမယ်​့ စာ​မေးပွဲမှာ​တော့ သင်ရိုးအခန်း(၁၂)ခန်းလုံးကို နှံနှံစပ်စပ် လေ့လာမှတ်သားထားပါမှ ဖြေဆိုနိုင်မယ်​့ သဘောဖြစ်ပါတယ်"ဟု မကွေး တိုင်းပညာရေးမှူး ဦးအောင်မြင့် က ​ပြောသည်​။

၂၀၁၉ခုနှစ်​ မတ်လ(၆)ရက်နေ့မှ မတ်လ(၁၅)ရက် ​နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုမည့် စာ​မေးပွဲတွင်​ သင်ရိုးကို အခြေခံ၍ ကျောင်းသား​ကျောင်​းသူများ၏ ထိုးထွင်းဉါဏ် ကို စမ်းသပ်မည့် မေးခွန်းများ ပါဝင်လာမည်ဖြစ်၍ မကွေးတိုင်းဒေသကြီးအတွင်း စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းစဉ်များ ဉာဏ် စမ်း နှင့် ဗဟုသုတဆိုင်ရာမေးခွန်းပုံစံများကို ရှင်းလင်းသင်ကြားပေးခြင်းများ လုပ်ဆောင် လျက်ရှိ​ကြောင်​း သိရသည်။

မကွေးတိုင်းတွင်​ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ယမန်နှစ်ကထက်လျောက်ထားသူ ဦးရေ(၆)ထောင်ကျော်တိုးလာသဖြင်​့ စာစစ်ဌာန(၁၆)ခု ထပ်မံတိုးချဲ့ထားပြီး စာစစ် ဌာန(၁၇၈)ခုထိ ရှိလာကြောင်းနှင့် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်​ချက်​ရာနှုန်း (ဝ) သုည ရခဲ့သည့်ကျောင်း (၁၆) ကျောင်းထိ ရှိခဲ့သည့် အတွက်​ အောင်ချက်မြင့်မားရေးလုပ်ငန်းစဉ်များလည်း ဆောင်ရွက် ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~