ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒီးမော့ဆိုမှ လွိုင်ကော်သို့ ခြေလျင် ဆန္ဒထုတ်ဖော်

ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒီးမော့ဆိုမှ လွိုင်ကော်သို့ ခြေလျင် ဆန္ဒထုတ်ဖော်
မေ 12, 2018
By Tachileik News Agency


ဆန္ဒထုတ်ဖော်ခြင်းအား နံနက် (၈) နာရီခွဲတွင် စတင်ကာ ဒီးမော့ဆိုမြို့မှ စတင်ထွက်ခွာပြီး (၁၁) မိုင်ဝေးသည့် လွိုင်ကော်မြို့သို့ လမ်းလျှောက်နေကြခြင်းဖြစ်သည်။

အဆိုပါ လူငယ်များက စစ်ပွဲများအတွင်း ပိတ်မိနေသော ကချင်ပြည်သူများလွတ်မြောက်ရေး လှုပ်ရှားသော လူငယ်များကို တရားစွဲဆိုမှုများ မှ ချက်ချင်းလွှတ်ပေးရေး ၊ စစ်ပွဲများအတွင်းပိတ်မိနေသော ကချင်ပြည်သူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး၊ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသများတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေမှုများအား ရပ်တန့်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး ၊ ကချင်လူငယ်ထု၏ လှုပ်ရှားမှုများအား ကရင်နီလူယ်များမှ ထောက်ခံကြောင်း စသည့်ကြွေးကြော်သံများဖြင့် ချီတက်နေခြင်းဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်တွင်းစစ်ပွဲများကြောင့် ပိတ်မိနေသော ပြည်သူများလွတ်မြောက်ရေး၊ ပြည်တွင်းရှိစစ်ပွဲများ အမြန်ဆုံး ရပ်စဲပေးရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကရင်နီပြည်လူငယ်များက ၂၀၁၈ ခုနှစ် မေလ (၁၂) ရက်နေ့တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့မှ လွိုင်ကော်မြို့ထိ လမ်းလျှောက်ချီတက်၍ ဆန္ဒ ထုတ်ဖော်လျက်ရှိသည်။

ဆန္ဒထုတ်ဖော်ခြင်းအား နံနက် (၈) နာရီခွဲတွင် စတင်ကာ ဒီးမော့ဆိုမြို့မှ စတင်ထွက်ခွာပြီး (၁၁) မိုင်ဝေးသည့် လွိုင်ကော်မြို့သို့ လမ်းလျှောက်နကြခြေင်းဖြစ်သည်။

အဆိုပါ လူငယ်များက စစ်ပွဲများအတွင်း ပိတ်မိနေသော ကချင်ပြည်သူများလွတ်မြောက်ရေး လှုပ်ရှားသော လူငယ်များကို တရားစွဲဆိုမှုများ မှ ချက်ချင်းလွှတ်ပေးရေး၊ စစ်ပွဲများအတွင်းပိတ်မိနေသော ကချင်ပြည်သူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး၊ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသများတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေမှုများအား ရပ်တန့်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ကချင်လူငယ်ထု၏ လှုပ်ရှားမှုများအား ကရင်နီလူယ်များမှ ထောက်ခံကြောင်း စသည့်ကြွေးကြော်သံများဖြင့် ချီတက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~