ကိုရိုနာဗိုင်းရပ်စ်ကြောင့် KNPP ထိန်းချုပ်နယ်မြေနှင့် ကရင်နီဒုက္ခသည်စခန်းများတွင် ဝင်ထွက်သွားလာမှု ရပ်နားထားရန် KNPP ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် KNPP ထိန်းချုပ်နယ်မြေနှင့် ကရင်နီဒုက္ခသည်စခန်းများတွင် ဝင်ထွက်သွားလာမှု ရပ်နားထားရန် KNPP ထုတ်ပြန်
မတ် 17, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကြောင့်  KNPP ထိန်းချုပ်နယ်မြေနှင့် ကရင်နီဒုက္ခသည်စခန်းများတွင် ဝင်ထွက်သွားလာမှု ရပ်နားထားရန် KNPP ထုတ်ပြန်

မြန်မာ- ထိုင်းနယ်စပ်တစ်လျှောက် KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) ထိန်းချုပ်နယ်မြေများနှင့် ကရင်နီဒုက္ခသည် စခန်းတွင် နေထိုင်သူများ အနေဖြင့် အခြားဒေသများသို့ ခရီးသွားလာခြင်းအား ၂၀၂၀ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့မှစ၍ ရပ်နားထားရန်နှင့် အခြားဒေသမှ ပြန်လာလိုသူများ မတ်လကုန်တွင် အရောက်ပြန်လာရန် KNPP က ထုတ်ပြန်ထားသည်။

မြန်မာ - ထိုင်းနယ်စပ်နှင့် ကရင်နီဒုက္ခသည်စခန်းရှိ ကရင်နီလူမျိုးများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရန် ယင်းကဲ့သို့ ကန့်သတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသရှိ KNPP ထိန်းချုပ်နယ်မြေမှ ပြေးဆွဲနေသည့် လိုင်းကားများ ဧပြီလ (၁)ရက်နေ့မှ (၃၀) ရက်နေ့အထိ ခရီးစဉ်ပြေးဆွဲမှုရပ်နားထားရန်နှင့် ထုတ်ပြန်ချက်အား တိတိကျကျလိုက်နာကြရန် တိုက်တွန်းထားသည်။

ကန့်သတ်ထားသည့် ကာလအတွင်း လိုအပ်ချက်အရ ခရီးသွားလာသူများနှင့် ပြန်လည်ရောက်ရှိ လာသူများအား ကရင်နီကျန်းမာရေးအဖွဲ့က ကျန်းမာရေးစစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~