မိုင္းလားေဒသတြင္း တိုက္ပြဲျဖစ္ပြားသည္ဟု ထြက္ေပၚမႈ ေကာလာဟလမ်ားသာ ျဖစ္

မိုင္းလားေဒသတြင္း တိုက္ပြဲျဖစ္ပြားသည္ဟု ထြက္ေပၚမႈ ေကာလာဟလမ်ားသာ ျဖစ္
နိုဝင်ဘာ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း အထူးေဒသ(၄)မိုင္းလားေဒသ ဟုန္ထဆင္းေက်းရြာအနီး ႏိုဝင္ဘာလ (၅) ရက္ေန႔က တုိက္ပြဲ စတင္ျဖစ္ပြားသည္ဟု လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားေသာ္လည္း ေဒသတြင္း အေျခအေန ထူးျခားမႈကို မေတြ႔ရေၾကာင္းႏွင့္ တုိက္ပြဲျဖစ္ပြားျခင္းလည္း မရိွေၾကာင္း ႏွင့္ ယင္းကဲ့သို႔ ေရးသားလံႈ႕ေဆာ္မႈမ်ားသည္ ေကာလာဟလမ်ားသာ ျဖစ္ေၾကာင္း ေဒသခံမ်ားႏွင့္ တပ္မေတာ္အသိုင္းအဝိုင္းမွ အတည္ျပဳေျပာၾကားသည္။

"သတင္းမွားေတြကို ဘာေၾကာင့္ ျဖန္႔ေနၾကလဲမသိဘူး။ အခုလို တိုက္ပြဲမျဖစ္ဘဲ တိုက္ပြဲျဖစ္ေနတယ္ဆိုၿပီး အမွားေတြကို ေရးသားၿပီး လူမႈကြန္ရက္ေပၚမွာ ျဖန္႔တာဟာ ျပည္သူေတြအတြက္ အထိတ္တလန္႔ ျဖစ္ေစပါတယ္။ ေကာလဟလေတြပါ"ဟု တာခ်ီလိတ္သတင္းေအဂ်င္စီ (Tachileik News Agency)မွ ႏိုဝင္ဘာလ (၅) ရက္ေန႔တြင္ ဆက္သြယ္ေမးျမန္းမႈအား တပ္မေတာ္အရာရွိတစ္ဦးက  ျပန္လည္ေျဖၾကား လိုက္ျခင္း ျဖစ္သည္။

အထူးေဒသ(၄)ႏွင့္ ထိစပ္လွ်က္ရွိေသာ ေဒသတစ္၀ိုက္တြင္ ႏွစ္ဖက္တပ္ဖြဲ႕၀င္မ်ား တပ္ေနရာခ်ထားမႈ ရွိေသာ္လည္း ယေန႔အခ်ိန္ထိ တိုက္ပြဲျဖစ္ပြားျခင္း မရွိေၾကာင္း မိုင္းယု - မိုင္းေယာာင္းဘက္တြင္ ျဖတ္သန္းသြားလာမႈအား ပိတ္ပင္ထားေသာ္လည္း တည္ၿငိမ္ေအးခ်မ္းလွ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

"မိုင္းယန္းဘက္မွာေတာ့ ဘာမွမျဖစ္ဘူး။ တည္ၿငိမ္ေနပါတယ္။ တစ္ခ်ိဳ႕ေစ်းဆိုင္ေတြဆို ျပန္ဖြင့္ေနၿပီ။ အသြားအလာလည္း ရွိပါတယ္။ ဒီမနက္ဘက္ က်ိဳင္းတံုကေန မိုင္းယန္းကိုတက္လာတာ တပ္ေတြ ေနရာခ်ထားတာလည္း သူဟာနဲ႔သူပါပဲ။ ဘာတိုက္ပြဲမွ မျဖစ္ပါဘူး"ဟု မိုင္းယန္းၿမိဳ႕သို႔ ေရာက္ရွိေနသူ တစ္ဦးက ႏိုဝင္ဘာလ (၅)ရက္ေန႔ ညေန (၄)နာရီ (၅၀)မိနစ္အခ်ိန္က ေျပာသည္။

မိုင္းလားေဒသ အထူး(၄)ႏွင့္ စပ္ဆက္လွ်က္ရွိသည့္ မိုင္းခတ္၊ မိုင္းယန္း၊ မိုင္းယု၊ မိုင္းေယာင္း ေဒသမ်ားတြင္ ေဒသခံအခ်ိဳ႕မွာ ေခတၱတိမ္းေရွာင္ေနသူမ်ားလည္း မူလေနရပ္သို႔ ျပန္လည္ ၀င္ေရာက္ ေနထုိင္သူမ်ားရွိလာၿပီျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ဆီမွာ ဂိတ္ေတြ ပိတ္ထားတာကလြဲရင္ ဘာမွမျဖစ္ပါဘူး။ ေအးေအးေဆးေဆးပါပဲ။ သူ႔အလုပ္သူ လုပ္ေနၾကတဲ့သူေတြပဲ။ တစ္ဖက္နဲ႔တစ္ဖက္ အသြားအလာ ပိတ္ထားတာပဲဲရွိတယ္။ ေသနတ္သံလည္း မၾကားပါဘူး"ဟု မုိင္းယုေဒသခံ ကုန္သည္တစ္ဦးျဖစ္သည့္ ဦး၀င္းတင္က ေျပာသည္။

ေအာက္တိုဘာလ ေနာက္ဆံုးပတ္က မိုင္းယန္းၿမိဳ႕ဘက္မွ ေဒသခံအခ်ိဳ႕ တိုက္ပြဲျဖစ္ပြားမည္စိုးရိမ္သျဖင့္ ထြက္ေျပးတိမ္းေရွာင္မႈမ်ားရွိခဲ့ေသာ္လည္း ယခုအခ်ိန္တြင္ ေနရပ္ျပန္ေရာက္ေနျပီျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)မိုင်းလားဒေသ ဟုန်ထဆင်းကျေးရွာအနီး နိုဝင်ဘာလ (၅) ရက်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားသည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသော်လည်း ဒေသတွင်း အခြေအနေ ထူးခြားမှုကို မတွေ့ရကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိကြောင်း နှင့် ယင်းကဲ့သို့ ရေးသားလှုံ့ဆော်မှုများသည် ကောလာဟလများသာ ဖြစ်ကြောင်း ဒေသခံများနှင့် တပ်မတော်အသိုင်းအဝိုင်းမှ အတည်ပြုပြောကြားသည်။

"သတင်းမှားတွေကို ဘာကြောင့် ဖြန့်နကြေလဲမသိဘူး။ အခုလို တိုက်ပွဲမဖြစ်ဘဲ တိုက်ပွဲဖြစ်နေတယ်ဆိုပြီး အမှားတွေကို ရေးသားပြီး လူမှုကွန်ရက်ပေါ်မှာ ဖြန့်တာဟာ ပြည်သူတွေအတွက် အထိတ်တလန့် ဖြစ်စေပါတယ်။ ကောလာဟလတွေပါ"ဟု တာချီလိတ်သတင်းအေဂျင်စီ (Tachileik News Agency)မှ နိုဝင်ဘာလ (၅) ရက်နေ့တွင် ဆက်သွယ်မေးမြန်းမှုအား တပ်မတော်အရာရှိတစ်ဦးက ပြန်လည်ဖြကြေား လိုက်ခြင်း ဖြစ်သည်။

အထူးဒေသ(၄)နှင့် ထိစပ်လျှက်ရှိသော ဒေသတစ်ဝိုက်တွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ တပ်နေရာချထားမှု ရှိသော်လည်း ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း မိုင်းယု - မိုင်းယောင်းဘက်တွင် ဖြတ်သန်းသွားလာမှုအား ပိတ်ပင်ထားသော်လည်း တည်ငြိမ်အေးချမ်းလျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

"မိုင်းယန်းဘက်မှာတော့ ဘာမှမဖြစ်ဘူး။ တည်ငြိမ်နေပါတယ်။ တစ်ချို့ဈေးဆိုင်တွေဆို ပြန်ဖွင့်နပြေီ။ အသွားအလာလည်း ရှိပါတယ်။ ဒီမနက်ဘက် ကျိုင်းတုံကနေ မိုင်းယန်းကိုတက်လာတာ တပ်တွေ နေရာချထားတာလည်း သူဟာနဲ့သူပါပဲ။ ဘာတိုက်ပွဲမှ မဖြစ်ပါဘူး"ဟု မိုင်းယန်းမြို့သို့ ရောက်ရှိနေသူ တစ်ဦးက နိုဝင်ဘာလ (၅)ရက်နေ့ ညနေ (၄)နာရီ (၅၀)မိနစ်အချိန်က ပြောသည်။

မိုင်းလားဒေသ အထူး(၄)နှင့် စပ်ဆက်လျှက်ရှိသည့် မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းယု၊ မိုင်းယောင်း ဒေသများတွင် ဒေသခံအချို့မှာ ခေတ္တတိမ်းရှောင်နေသူများလည်း မူလနေရပ်သို့ ပြန်လည် ဝင်ရောက် နေထိုင်သူများရှိလာပြီဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဆီမှာ ဂိတ်တွေ ပိတ်ထားတာကလွဲရင် ဘာမှမဖြစ်ပါဘူး။ အေးအေးဆေးဆေးပါပဲ။ သူ့အလုပ်သူ လုပ်နကြေတဲ့သူတွေပဲ။ တစ်ဖက်နဲ့တစ်ဖက် အသွားအလာ ပိတ်ထားတာပဲရှိတယ်။ သေနတ်သံလည်း မကြားပါဘူး"ဟု မိုင်းယုဒေသခံ ကုန်သည်တစ်ဦးဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

အောက်တိုဘာလ နောက်ဆုံးပတ်က မိုင်းယန်းမြို့ဘက်မှ ဒေသခံအချို့ တိုက်ပွဲဖြစ်ပွားမည်စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့သော်လည်း ယခုအချိန်တွင် နေရပ်ပြန်ရောက်နပြေီဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~