နမ့္စန္ၿမိဳ႕ ေနာင္ဆြမ္းေက်းရြာမွ ႏွင္ထုတ္ခံရသူႏွစ္ဦး သံုးလအၾကာတြင္ ေက်းရြာတြင္ျပန္လည္ေနထိုင္ခြင့္ရ

နမ့္စန္ၿမိဳ႕ ေနာင္ဆြမ္းေက်းရြာမွ ႏွင္ထုတ္ခံရသူႏွစ္ဦး သံုးလအၾကာတြင္ ေက်းရြာတြင္ျပန္လည္ေနထိုင္ခြင့္ရ
နိုဝင်ဘာ 9, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ေတာင္ပုိင္း လိြဳင္လင္ခ႐ုိင္ ေက်းသီးၿမိဳ႕နယ္ ေနာင္ဆြမ္းေက်းရြာမွ ႏွင္ထုတ္ခံရသည့္ လင္မယားႏွစ္ဦးအား (၃)လအၾကာတြင္ ေက်းရြာအတြင္း ျပန္လည္ေနထိုင္ခြင့္ေပးအပ္လိုက္ေၾကာင္း သိရသည္။

 “ကၽြန္ေတာ္တို႔ကို ရြာမွာမေနဖို႔ ေမာင္းထုတ္ခံရတာေၾကာင့္ နမ့္စန္ၿမိဳ႕က အမ်ိဳးသားဒီမိုကေရစီရံုးမွာ အကူအညီ သြားေတာင္းတာပါ။ သူတို႔က ဌာနဆိုင္ရာေတြကို စာတင္ျပေပးလို႔ အခုျပန္ေနခြင့္ရတာပါ”ဟု ေက်းရြာတြင္ ျပန္လည္ေနထိုင္ခြင့္ရသြားသည့္ ဦးအိုက္တီက ဆိုသည္။

ရွမ္းျပည္နယ္အစိုးအဖြဲ႕၏ ညႊန္ၾကားမႈျဖင့္ ဦးစုိင္းအုိက္တီႏွင့္ေဒၚနန္းေဆာင္တုိ႔ လင္မယားႏွစ္ဦးအား ၎တုိ႔ ေနအိမ္၌ ျပန္လည္ေနထုိင္ခြင့္ကို ေက်းသီး၊ ေနာင္ဆြမ္းေက်းရြာမွ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး၊ ေက်းရြာမွ ရပ္မိရပ္ဖမ်ားေ႐ွ႕ေမွာက္တြင္ ျပန္လည္အပ္ႏွံပြဲအား ႏုိ၀င္ဘာလ ပထမပတ္၏ ေန႔လယ္(၁)နာရီတြင္ ေက်းသီးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံး၌ က်င္းပျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

“အခုလုိျဖစ္သြားတာဟာ အထင္လြဲမွားမႈမ်ားေၾကာင့္ ျဖစ္ပြားသြားရျခင္းျဖစ္တယ္ဆိုလို႔ ေနာက္ေနာင္ ဒီလိုမျဖစ္ေအာင္ ေဆာင္ရြက္ေပးသြားဖို႔ ေနာင္ဆြမ္းအုပ္ခ်ဳပ္ေရးမွဴးကုိ ေနာက္ဆုံးအႀကိမ္ ေခၚယူသတိေပးခဲ့တယ္လို႔ သိရပါတယ္”ဟု ဦးအိုက္တီက ဆိုသည္။

ဦးအုိက္တီႏွင့္ ေဒၚနန္းေဆာင္တို႔၏ ေနအိမ္တြင္ အမိ်ဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ရံုးခန္းကို ၂၀၁၃ ခုနွစ္ ေအာက္တိုဘာလတြင္ ဖြင့္လွစ္ရာ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးႏွင့္ သူႀကီးျဖစ္သူတို႔က ၿခိမ္းေျခာက္ၿပီး ပိတ္ခိုင္းသျဖင့္ ၂၀၁၄ ခုႏွစ္ ဇူလိုင္လတြင္ ရံုးခန္းပိတ္ခဲ့ရေၾကာင္း သိရသည္။

ယင္းေနာက္ ၂၀၁၆ ခုႏွစ္ ေဖေဖၚဝါရီလတြင္ ပါတီရံုးခန္းအား ျပန္လည္ဖြင့္လွစ္ရာ ၂၀၁၆ ခုႏွစ္ ဇူလိုင္လ (၂၉) ရက္ေနာက္ဆံုးထား၍ ၎တို႔ပိုင္ပစၥည္းမ်ားကို ထားခဲ့ကာ ေက်းရြာမွ ထြက္ခြာသြားရန္ ႏွင္ထုတ္ခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

“သူတို႔ဇနီးေမာင္ႏွံကို ေနာင္ဆြမ္းေက်းရြာက ႏွင္ထုတ္ခံလိုက္ရေတာ့ နမ့္စန္ကို ေရာက္လာၾကတယ္။ ေက်းရြာက ျပန္လက္မခံေသးေတာ့ ၾကားထဲမွာ (၃)လေလာက္ကို ကၽြန္ေတာ္တို႔အဖြဲ႕က ကူညီေပးထားခဲ့ပါတယ္”ဟု နမ့္စန္ NLDဥကၠဌ ဦးေနေဇာ္ႏုိင္က ေျပာသည္။

အဆိုပါအျဖစ္အပ်က္အား ျပည္နယ္အစိုးရႏွင့္ သက္ဆိုင္ရာတာဝန္ရိွသူမ်ားထံ တင္ျပမႈေၾကာင့္ တာဝန္ရိွသူမ်ားက ေျဖရွင္းေပးလုိက္သျဖင့္ ေက်းရြာတြင္ ေနထုိင္ခြင့္ျပန္လည္ရရိွသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဒသသည္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည့္ ရွမ္းျပည္တိုးတက္ေရးပါတီ/ရွမ္းျပည္တပ္ (SSPP/SSA) လႈပ္ရွားနယ္ေျမတစ္ခုလည္းျဖစ္သည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာမှ နှင်ထုတ်ခံရသည့် လင်မယားနှစ်ဦးအား (၃)လအကြာတွင် ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့်ပေးအပ်လိုက်ကြောင်း သိရသည်။

 “ကျွန်တော်တို့ကို ရွာမှာမနေဖို့ မောင်းထုတ်ခံရတာကြောင့် နမ့်စန်မြို့က အမျိုးသားဒီမိုကရေစီရုံးမှာ အကူအညီ သွားတောင်းတာပါ။ သူတို့က ဌာနဆိုင်ရာတွေကို စာတင်ပြပေးလို့ အခုပြန်နေခွင့်ရတာပါ”ဟု ကျေးရွာတွင် ပြန်လည်နေထိုင်ခွင့်ရသွားသည့် ဦးအိုက်တီက ဆိုသည်။

ရှမ်းပြည်နယ်အစိုးအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဦးစိုင်းအိုက်တီနှင့်ဒေါ်နန်းဆောင်တို့ လင်မယားနှစ်ဦးအား၎င်းတို့ နေအိမ်၌ ပြန်လည်နေထိုင်ခွင့်ကို ကျေးသီး၊ နောင်ဆွမ်းကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ကျေးရွာမှ ရပ်မိရပ်ဖများရှေ့မှောက်တွင် ပြန်လည်အပ်နှံပွဲအား နိုဝင်ဘာလ ပထမပတ်၏ နေ့လယ်(၁)နာရီတွင် ကျေးသီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“အခုလိုဖြစ်သွားတာဟာ အထင်လွဲမှားမှုများကြောင့် ဖြစ်ပွားသွားရခြင်းဖြစ်တယ်ဆိုလို့ နောက်နောင် ဒီလိုမဖြစ်အောင် ဆောင်ရွက်ပေးသွားဖို့ နောင်ဆွမ်းအုပ်ချုပ်ရေးမှူးကို နောက်ဆုံးအကြိမ် ခေါ်ယူသတိပေးခဲ့တယ်လို့ သိရပါတယ်”ဟု ဦးအိုက်တီက ဆိုသည်။

ဦးအိုက်တီနှင့် ဒေါ်နန်းဆောင်တို့၏ နေအိမ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးခန်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သူကြီးဖြစ်သူတို့က ခြိမ်းခြောက်ပြီး ပိတ်ခိုင်းသဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ရုံးခန်းပိတ်ခဲ့ရကြောင်း သိရသည်။

ယင်းနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပါတီရုံးခန်းအား ပြန်လည်ဖွင့်လှစ်ရာ ၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၉) ရက်နောက်ဆုံးထား၍၎င်းတို့ပိုင်ပစ္စည်းများကို ထားခဲ့ကာ ကျေးရွာမှ ထွက်ခွာသွားရန် နှင်ထုတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ဇနီးမောင်နှံကို နောင်ဆွမ်းကျေးရွာက နှင်ထုတ်ခံလိုက်ရတော့ နမ့်စန်ကို ရောက်လာကြတယ်။ ကျေးရွာက ပြန်လက်မခံသေးတော့ ကြားထဲမှာ (၃)လလောက်ကို ကျွန်တော်တို့အဖွဲ့က ကူညီပေးထားခဲ့ပါတယ်”ဟု နမ့်စန် NLDဥက္ကဌ ဦးနေဇော်နိုင်က ပြောသည်။

အဆိုပါအဖြစ်အပျက်အား ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြမှုကြောင့် တာဝန်ရှိသူများက ဖြေရှင်းပေးလိုက်သဖြင့် ကျေးရွာတွင် နေထိုင်ခွင့်ပြန်လည်ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ် (SSPP/SSA) လှုပ်ရှားနယ်မြေတစ်ခုလည်းဖြစ်သည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~