လူငယ္အေျခခံ ေဘာလံုးနည္ျပသင္တန္း တာခ်ီလိတ္၌ သင္ၾကား ပို႔ခ်

လူငယ္အေျခခံ ေဘာလံုးနည္ျပသင္တန္း တာခ်ီလိတ္၌ သင္ၾကား ပို႔ခ်
နိုဝင်ဘာ 23, 2016
By Tachileik News Agency

 ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕တြင္ အားကစားႏွင့္ကာယပညာဦးစီးဌာန ႏွင့္ OLD Star အဖြဲ႔တို႔ ပူးေပါင္းဖြင့္လွစ္သည့္ လူငယ္​အ​ေျခခံ​ေဘာလံုးနည္းျပ (PREMIER SKILLS) သင္​တန္​းကို ႏို၀င္ဘာလ(၂၃)ရက္ေန႔ကစ၍  သင္ၾကားပို႔ခ်ေနလွ်က္ရွိေၾကာင္း သိရသည္။

"အသက္ (၁၂)ႏွစ္ေအာက္ ကေလးေတြအတြက္ ေဘာလံုးအေျခခံနည္းနစ္ေတြကို သင္ေပးႏိုင္မဲ့ နည္းျပသင္တန္းပါ၊ (၅)ရက္တိတိ ဖြင့္လွစ္သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္"ဟု အား/ကာမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

သင္တန္း ဖြင့္လွစ္သင္ၾကားရျခင္းႏွင့္ ပတ္သက္၍ လူငယ္ေဘာလံုးသမားမ်ား အေျခခံနည္းစနစ္မွန္ကန္စြာ သင္ၾကားျပသႏိုင္ရန္အတြက္ အဓိကလိုအပ္ခ်က္ျဖစ္ေသာ အေျခခံနည္းစနစ္ကြ်မ္းက်င္ေသာ နည္းျပဆရာေကာင္းမ်ား ေပၚထြက္လာေစေရန္ ဖြင့္လွစ္သင္ၾကားပို႔ခ်ေပးျခင္း ျဖစ္ေၾကာင္း  ၎ထံမွ သိရသည္။

သင္တန္းအား ႏို၀င္ဘာလ(၂၃)ရက္ေန႔က စတင္ကာ ႏို၀င္ဘာလ(၂၇)ရက္ေန႔အထိ ပို႔ခ်သြားမွာ ျဖစ္ၿပီး၊ ယင္းသင္တန္းတြင္ သင္တန္းသား၊ သင္တန္းသူ (၂၄)ဦး တက္ေရာက္သင္ယူရာ သင္တန္းနည္းျပဆရာ (၂)ဦးမွ (၅)ရက္အၾကာ သင္ၾကားေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းအား စတင္ပို႔ခ်ျခင္း အျဖစ္ ဖြင့္ပြဲအား တာခ်ီလိတ္ခရိုင္အားကစားရံုတြင္ က်င္းပျပဳလုပ္ရာ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ၿမိဳ႕နယ္ အား/ကာ အေထာက္အကူျပဳေကာ္မတီ၀င္မ်ားႏွင့္ သင္တန္းသူ/သားမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္။

ဓာတ္ပံု - သင္ဇာျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် OLD Star အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် လူငယ်​အ​ခြေခံ​ဘောလုံးနည်းပြ (PREMIER SKILLS) သင်​တန်​းကို နိုဝင်ဘာလ(၂၃)ရက်နေ့ကစ၍ သင်ကြားပို့ချနေလျှက်ရှိကြောင်း သိရသည်။

"အသက် (၁၂)နှစ်အောက် ကလေးတွေအတွက် ဘောလုံးအခြေခံနည်းနစ်တွေကို သင်ပေးနိုင်မဲ့ နည်းပြသင်တန်းပါ၊ (၅)ရက်တိတိ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်"ဟု အား/ကာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်တန်း ဖွင့်လှစ်သင်ကြားရခြင်းနှင့် ပတ်သက်၍ လူငယ်ဘောလုံးသမားများ အခြေခံနည်းစနစ်မှန်ကန်စွာ သင်ကြားပြသနိုင်ရန်အတွက် အဓိကလိုအပ်ချက်ဖြစ်သော အခြေခံနည်းစနစ်ကျွမ်းကျင်သော နည်းပြဆရာကောင်းများ ပေါ်ထွက်လာစေရေန် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

သင်တန်းအား နိုဝင်ဘာလ(၂၃)ရက်နေ့က စတင်ကာ နိုဝင်ဘာလ(၂၇)ရက်နေ့အထိ ပို့ချသွားမှာ ဖြစ်ပြီး၊ ယင်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၄)ဦး တက်ရောက်သင်ယူရာ သင်တန်းနည်းပြဆရာ (၂)ဦးမှ (၅)ရက်အကြာ သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား စတင်ပို့ချခြင်း အဖြစ် ဖွင့်ပွဲအား တာချီလိတ်ခရိုင်အားကစားရုံတွင် ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ မြို့နယ် အား/ကာ အထောက်အကူပြုကော်မတီဝင်များနှင့် သင်တန်းသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - သင်ဇာမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~