နမ့္စန္ၿမိဳ႕၏ (၅၆)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္တြင္ ပစၥည္းေငြသား စုစုေပါင္း က်ပ္သိန္း(၄၇၅)ေက်ာ္ရွိ

နမ့္စန္ၿမိဳ႕၏ (၅၆)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္တြင္ ပစၥည္းေငြသား စုစုေပါင္း က်ပ္သိန္း(၄၇၅)ေက်ာ္ရွိ
နိုဝင်ဘာ 13, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လိြဳင္လင္ခရိုင္၊ နမ့္စန္ၿမိဳ႕နယ္၏ (၅၆)ႀကိမ္ေျမာက္ စုေပါင္းမဟာ ဘံုကထိန္လွဴဒါန္းပြဲအျဖစ္ ပေဒသာပင္ေပါင္း (၃၃)ပင္အား နမ့္စန္ၿမိဳ႕နယ္ရိွ ဘုန္းေတာ္ႀကီးေက်ာင္း (၃၁)ေက်ာင္းသို႔ ႏိုဝင္ဘာလ (၁၃) ရက္က လႈဒါန္းရာ ပစၥည္းေငြသား စုစုေပါင္း က်ပ္သိန္း(၄၇၅)ေက်ာ္ရိွေၾကာင္း သိရသည္။

''စုေပါင္းမဟာဘုံကထိန္ကုိ ႏွစ္စဥ္က်င္းပလာတာ အခုဆုိရင္(၅၆)ႀကိမ္ေျမာက္႐ွိသြားပါၿပီ။ ကထိန္ပေဒသာပင္မ်ားကုိ နမ့္စန္ၿမိဳ႕႐ွိ ဌာနဆိုင္ရာရုံးမ်ားမွ ပေဒသာပင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံးမ်ားမွ ပေဒသာပင္မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၏ ပေဒသာပင္မ်ား၊ နမ့္စန္ၿမိဳ႕တြင္း႐ွိ စာသင္ေက်ာင္းမ်ားမွ ပေဒသာပင္မ်ား၊ နမ့္စန္ၿမိဳ႕နယ္တြင္း ေနထုိင္ေသာ တုိင္းရင္းသားလူမ်ိဳးစုမ်ား၏ ပေဒသာပင္မ်ား၊ နမ့္စန္ၿမိဳ႕တြင္း႐ွိ ယာဥ္လိုင္းမ်ား၏ ကထိန္ပေဒသာပင္စုေပါင္းၿပီး လွဴဒါန္းၾကပါတယ္”ဟု သာသနာႏုဂၢဟအသင္းမွ အတြင္းေရးမွဴး ဦးေအာင္ဆယ္က ေျပာသည္။

နမ့္စန္ၿမိဳ႕နယ္ စုေပါင္းမဟာဘံုကထိန္တြင္ ၿမိဳ႕နယ္စာရင္းဝင္သည့္ ပေဒသာပင္ေပါင္း(၃၃)ပင္ တန္ဖုိးမွာ (၂၇၅၆၉၄၀၀)က်ပ္ျဖစ္ၿပီး ၿမိဳ႕နယ္သုိ႔စာရင္းမ၀င္ဘဲ သီးျခား(၂၂)ပင္ ပါ၀င္ကာ တန္ဖုိး(၂၀,၀၀၀,၀၀၀)က်ပ္ စုစုေပါင္းတန္ဖုိးေငြ(၄၇,၅၆၉,၄၀၀)ျဖစ္ေၾကာင္း သိရသည္။

တန္ေဆာင္မုန္းလျပည့္ေန႔တြင္ နမ့္စန္ၿမိဳ႕တြင္း႐ွိ ဘုန္းေတာ္ႀကီးေက်ာင္း(၃၁)ေက်ာင္းမွ ဆရာေတာ္၊သံဃာေတာ္မ်ားအား ၿမိဳ႕လယ္ဓမၼာ႐ုံ၌ ပင့္ဖိတ္၍ ၿမိဳ႕နယ္စာရင္း၀င္ ကထိန္ပေဒသာပင္(၃၃)ပင္ႏွင့္ ကထိန္သကၤန္း ကပ္လွဴျခင္း၊ လွဴဖြယ္ ပေဒသာပင္(၃၃)ပင္အား မဲႏိႈက္၍ ၾကြေရာက္လာသည့္ ဆရာေတာ္သံဃာေတာ္မ်ားအား ကပ္လွဴျခင္းမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

နမ့္စန္ၿမိဳ႕နယ္၏ (၅၆)ႀကိမ္ေျမာက္ ၿမိဳ႕နယ္လံုးကြ်တ္စုေပါင္းမဟာဘံုကထိန္လွဴဒါန္းပြဲ က်င္းပရာတြင္ ႏို၀င္ဘာလ (၁၃)ရက္ေန႔တြင္ စုေပါင္း ကထိန္ပေဒသာပင္မ်ားျဖင့္ ၿမိဳ႕တြင္းလွည့္လည္ခဲ့ၾကၿပီး၊ ႏို၀င္ဘာလ(၁၄)ရက္ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ၿမိဳ႕လယ္ဓမၼာ႐ုံ၌ နမ့္စန္ၿမိဳ႕နယ္တြင္း႐ွိေသာ ဘုန္းေတာ္ႀကီးေက်ာင္း (၃၁)ေက်ာင္းအား ကထိန္ပေဒသာမ်ားကုိ မဲေဖာက္ျပီး ဆက္ကပ္လွဴဒါန္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၏ (၅၆)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်လှူဒါန်းပွဲအဖြစ် ပဒေသာပင်ပေါင်း (၃၃)ပင်အား နမ့်စန်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း (၃၁)ကျောင်းသို့ နိုဝင်ဘာလ (၁၃) ရက်က လှုဒါန်းရာ ပစ္စည်းငွေသား စုစုပေါင်း ကျပ်သိန်း(၄၇၅)ကျော်ရှိကြောင်း သိရသည်။

''စုပေါင်းမဟာဘုံကထိန်ကို နှစ်စဉ်ကျင်းပလာတာ အခုဆိုရင်(၅၆)ကြိမ်မြောက်ရှိသွားပါပြီ။ ကထိန်ပဒေသာပင်များကို နမ့်စန်မြို့ရှိ ဌာနဆိုင်ရာရုံးများမှ ပဒေသာပင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှ ပဒေသာပင်များ၊ လူမှုရေးအသင်းအဖွဲ့များ၏ ပဒေသာပင်များ၊ နမ့်စန်မြို့တွင်းရှိ စာသင်ကျောင်းများမှ ပဒေသာပင်များ၊ နမ့်စန်မြို့နယ်တွင်း နေထိုင်သော တိုင်းရင်းသားလူမျိုးစုများ၏ ပဒေသာပင်များ၊ နမ့်စန်မြို့တွင်းရှိ ယာဉ်လိုင်းများ၏ ကထိန်ပဒေသာပင်စုပေါင်းပြီး လှူဒါန်းကြပါတယ်”ဟု သာသနာနုဂ္ဂဟအသင်းမှ အတွင်းရေးမှူး ဦးအောင်ဆယ်က ပြောသည်။

နမ့်စန်မြို့နယ် စုပေါင်းမဟာဘုံကထိန်တွင် မြို့နယ်စာရင်းဝင်သည့် ပဒေသာပင်ပေါင်း(၃၃)ပင် တန်ဖိုးမှာ (၂၇၅၆၉၄၀၀)ကျပ်ဖြစ်ပြီး မြို့နယ်သို့စာရင်းမဝင်ဘဲ သီးခြား(၂၂)ပင် ပါဝင်ကာ တန်ဖိုး(၂၀,ဝဝဝ,ဝဝဝ)ကျပ် စုစုပေါင်းတန်ဖိုးငွေ(၄၇,၅၆၉,၄၀၀)ဖြစ်ကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် နမ့်စန်မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၁)ကျောင်းမှ ဆရာတော်၊သံဃာတော်များအား မြို့လယ်ဓမ္မာရုံ၌ ပင့်ဖိတ်၍ မြို့နယ်စာရင်းဝင် ကထိန်ပဒေသာပင်(၃၃)ပင်နှင့် ကထိန်သင်္ကန်း ကပ်လှူခြင်း၊ လှူဖွယ် ပဒေသာပင်(၃၃)ပင်အား မဲနှိုက်၍ ကြွရောက်လာသည့် ဆရာတော်သံဃာတော်များအား ကပ်လှူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နမ့်စန်မြို့နယ်၏ (၅၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲ ကျင်းပရာတွင် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် စုပေါင်း ကထိန်ပဒေသာပင်များဖြင့် မြို့တွင်းလှည့်လည်ခဲ့ကြပြီး၊ နိုဝင်ဘာလ(၁၄)ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့လယ်ဓမ္မာရုံ၌ နမ့်စန်မြို့နယ်တွင်းရှိသော ဘုန်းတော်ကြီးကျောင်း (၃၁)ကျောင်းအား ကထိန်ပဒေသာများကို မဲဖောက်ပြီး ဆက်ကပ်လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~