ေက်ာက္မဲၿမိဳ႕ ဗူးခါးေက်းရြာအုပ္စုတြင္ အခ်ိန္အခါ မဟုတ္မိုးေၾကာင့္ စပါးစိုက္ဧက ၃၀ ေက်ာ္မွ စပါးမ်ားပ်က္စီး

ေက်ာက္မဲၿမိဳ႕ ဗူးခါးေက်းရြာအုပ္စုတြင္ အခ်ိန္အခါ မဟုတ္မိုးေၾကာင့္ စပါးစိုက္ဧက ၃၀ ေက်ာ္မွ စပါးမ်ားပ်က္စီး
နိုဝင်ဘာ 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္ ၊ ဗူးခါးေက်းရြာအုပ္စုတြင္ အခ်ိန္အခါ မဟုတ္ မိုးရြာသြန္းမႈေၾကာင့္ လယ္ဧက (၁၀၀) ေက်ာ္ ေရနစ္ျမဳပ္ သြားသည့္အနက္ (၃၂.၈)ဧကမွ ရိတ္သိမ္းဆဲ စပါးမ်ားမွာ လံုးဝပ်က္စီးသြားၿပီျဖစ္ေၾကာင္း ေဒသခံလယ္သမားမ်ားထံမွ သိရသည္။

“ေရနစ္သြားတဲ့ ရိတ္သိမ္းဆဲစပါးႏွံေတြက စပါးေတြက အပင္ေတြျပန္ေပါက္လာတဲ့အတြက္ လံုးဝသံုးလို႔ မရ ေတာ့ဘူး။ တစ္ဧကအတြက္ စိုက္ပ်ိဳးစရိတ္က က်ပ္ငါးသိန္းေက်ာ္တယ္ခင္ဗ်။ ကၽြန္ေတာ္တို႔ ေနာက္ႏွစ္ ျပန္စိုက္ဖို႔ မ်ိဳးစပါးအတြက္ေတာင္ မရွိေတာ့ဘူး”ဟု စပါးမ်ားပ်က္စီးဆံုးရံႈးခဲ့ရသည့္ လယ္သမားတစ္ဦးျဖစ္သူ ကိုစိုင္းဥာဏက ေျပာသည္။

လတ္တေလာရရွိထားသည့္ စာရင္းမ်ားအရ ဗူးခါးေက်းရြာအုပ္စုမွ ေတာင္သူ(၂၀)ဦး၏  လယ္ဧက (၃၂.၈) ဧကမွ ရိတ္သိမ္းဆဲစပါးႏွံမ်ား ပ်က္စီးသြားျခင္းျဖစ္ၿပီး ႏိုဝင္ဘာလ (၁၀) ရက္ေန႔တြင္ စိုက္ပ်ိဳးေရးဌာနမွ တာဝန္ရွိသူအခ်ိဳ႕ လာေရာက္စစ္ေဆးသြားေၾကာင္း ေဒသခံလယ္သမားမ်ားထံမွ သိရသည္။

“လယ္တစ္ဧကကို စၿပီးစိုက္ပ်ိဳးတဲ့အခ်ိန္ကေန အခုရိတ္သိမ္းတဲ့အခ်ိန္ထိ ေျခာက္လေလာက္ေတာ့ ၾကာတယ္ဗ်။ ကၽြန္ေတာ္တို႔ ႀကိဳးစားထားတာေလးေတြ အခုေတာ့ အကုန္ပ်က္စီးသြားၿပီ။ လာၿပီး ကူညီေပးတဲ့သူလည္း မရွိဘူး” ဟု ေဒသခံလယ္သမားတစ္ဦးျဖစ္သည့္ ဦးစိုင္းေက်ာ္ညြန္႔က ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ ဗူးခါးေက်းရြာတြင္ စိုက္ပ်ိဳးထားသည့္ စပါးစိုက္ဧက စုစုေပါင္း( ၅၀၀)ေက်ာ္အနက္ ဧက (၁၀၀)ေက်ာ္တြင္ ရိတ္သိမ္းဆဲကာလအတြင္း ေရျမဳပ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဗူးခါးကျေးရွာအုပ်စုတွင် အချိန်အခါ မဟုတ် မိုးရွာသွန်းမှုကြောင့် လယ်ဧက (၁၀၀) ကျော် ရေနစ်မြုပ် သွားသည့်အနက် (၃၂.၈)ဧကမှ ရိတ်သိမ်းဆဲ စပါးများမှာ လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

“ရေနစ်သွားတဲ့ ရိတ်သိမ်းဆဲစပါးနှံတွေက စပါးတွေက အပင်တွပြေန်ပေါက်လာတဲ့အတွက် လုံးဝသုံးလို့ မရ တော့ဘူး။ တစ်ဧကအတွက် စိုက်ပျိုးစရိတ်က ကျပ်ငါးသိန်းကျော်တယ်ခင်ဗျ။ ကျွန်တော်တို့ နောက်နှစ် ပြန်စိုက်ဖို့ မျိုးစပါးအတွက်တောင် မရှိတော့ဘူး”ဟု စပါးများပျက်စီးဆုံးရှုံးခဲ့ရသည့် လယ်သမားတစ်ဦးဖြစ်သူ ကိုစိုင်းဉါဏက ပြောသည်။

လတ်တလောရရှိထားသည့် စာရင်းများအရ ဗူးခါးကျေးရွာအုပ်စုမှ တောင်သူ(၂၀)ဦး၏ လယ်ဧက (၃၂.၈) ဧကမှ ရိတ်သိမ်းဆဲစပါးနှံများ ပျက်စီးသွားခြင်းဖြစ်ပြီး နိုဝင်ဘာလ (၁၀) ရက်နေ့တွင် စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူအချို့ လာရောက်စစ်ဆေးသွားကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

“လယ်တစ်ဧကကို စပြီးစိုက်ပျိုးတဲ့အချိန်ကနေ အခုရိတ်သိမ်းတဲ့အချိန်ထိ ခြောက်လလောက်တော့ ကြာတယ်ဗျ။ ကျွန်တော်တို့ ကြိုးစားထားတာလေးတွေ အခုတော့ အကုန်ပျက်စီးသွားပြီ။ လာပြီး ကူညီပေးတဲ့သူလည်း မရှိဘူး” ဟု ဒေသခံလယ်သမားတစ်ဦးဖြစ်သည့် ဦးစိုင်းကျော်ညွန့်က ပြောသည်။

ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာတွင် စိုက်ပျိုးထားသည့် စပါးစိုက်ဧက စုစုပေါင်း( ၅၀၀)ကျော်အနက် ဧက (၁၀၀)ကျော်တွင် ရိတ်သိမ်းဆဲကာလအတွင်း ရမြေုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~