တာခ်ီလိတ္၌ လိပ္မ်ားႏွင့္အတူ ဖမ္းဆီးထားသည့္ တရုတ္ႏုိင္ငံသားႏွစ္ဦးအား တစ္လအတြင္း တရားရံုးတင္မည္

တာခ်ီလိတ္၌ လိပ္မ်ားႏွင့္အတူ ဖမ္းဆီးထားသည့္ တရုတ္ႏုိင္ငံသားႏွစ္ဦးအား တစ္လအတြင္း တရားရံုးတင္မည္
နိုဝင်ဘာ 11, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ရွားပါးလိပ္ၾကက္တူေရြးအေကာင္(၈၀၀)ေက်ာ္ တရားမ၀င္ ေမြးျမဴထားသည့္ တရုတ္ႏိုင္ငံသားႏွစ္ဦးကို တစ္လအတြင္း တရားရုံးတင္တရားဆြဲဆိုသြားမည္ ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ႏို၀င္ဘာလ (၂)ရက္ေန႔က သတင္းေပး တုိင္ၾကားခ်က္အရ သက္ဆိုင္ရာတာ၀န္ရွိသူမ်ားသည္ တရုတ္ႏိုင္ငံသား(၂)ဦး ငွားရမ္းေနထုိင္သည့္ေနအိမ္သုိ႔ ၀င္ေရာက္ စစ္ေဆးရာမွ တရားမဝင္ေမြးျမဴထားသည့္ လိပ္ၾကက္တူေရြး (၈၅၃)ေကာင္ႏွင့္အတူ ဖမ္းဆီးရရွိခဲ့ျခင္း ျဖစ္သည္။

"ေတာရိုင္းတိရစာၦန္ဥပေဒမွာ ပါထားတဲ့အတိုင္း လုံး၀ကာကြယ္ထားတဲ့ ဥပေဒစရင္းထဲမွာ ခုလိပ္ၾကက္တူေရြးလည္း ပါ၀င္တာေၾကာင့္ ေတာရိုင္းတိရစာၦန္ဥေပေဒနဲ႔ အေရးယူသြားမွာပါ။ အမႈစစ္ေဆးမႈအေျခအေနက သူတို႔ကို သက္ေသခံပစၥည္းေတြနဲ႔ မိတယ္။ ခုလက္ရွိမွာ စစ္ေဆးေနၿပီး ရမန္ႏွစ္ပတ္ တစ္လအတြင္းမွာ သူတို႔ကို တရားရုံးတင္ တရားစြဲဆိုေတာ့မွာပါ။"ဟု တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးထိန္လင္း က Tachileik News Agency သို႔ ေျပာသည္။

ျမန္မာႏိုင္ငံသစ္ေတာဥပေဒအရ လိပ္မ်ားကို ဥပေဒႏွစ္မ်ိဳးျဖင့္ ကာကြယ္ထားကာ လုံး၀ကာကြယ္ထားျခင္းႏွင့္ သာမန္ကာကြယ္ထားျခင္းဟူ၍ ဥပေဒႏွစ္မ်ိဳးထားရွိေၾကာင္း သိရသည္။

"လုံး၀ကာကြယ္ထားတာေတြကို ေထာင္ဒဏ္(၇)ႏွစ္နဲ ့ ဒဏ္ေငြ(၅)ေသာင္း ႏွစ္ရပ္လုံးက်ခံရပါတယ္။ သာမန္ကာကြယ္ထားတာအတြက္ကေတာ့ ေထာင္ဒဏ္(၅)ႏွစ္နဲ ့ ဒဏ္ေငြ(၃)ေသာင္း က်ခံရပါမယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံ ငါးလုပ္ငန္းဥပေဒအရလည္း ေရထဲမွာရိွတဲ့ လိပ္မွန္သမွ်ကို ကာကြယ္ထားပါေသးတယ္။"ဟု တာခ်ီလိတ္ခရိုင္ သစ္ေတာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမ်ိဳးလြင္က ေျပာသည္။

အဆိုပါ တရုတ္ႏိုင္ငံသားႏွစ္ဦးကို တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၂၀၆/၂၀၁၆ ေတာရိုင္း တိရစၦာန္ႏွင့္ သဘာဝပင္မ်ားကာကြယ္ေရး၊သဘာဝနယ္ေျမမ်ား ထိန္းသိမ္းေရးဥပေဒ ပုဒ္မ ၃၇(က)ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

၎တို႔ႏွစ္ဦးေမြးျမဴထားသည့္ လိပ္ၾကက္တူေရြး (၈၅၃)ေကာင္အနက္ (၇၁)ေကာင္ေသဆုံးသြားၿပီး အသက္ရွင္သန္က်န္ေသာလိပ္မ်ားအား မ်ိဳးသုန္းမႈမွ ကာကြယ္ေစာင့္ေရွာက္ေစရန္အတြက္ ႏို၀င္ဘာလ (၅)ရက္ေန႔က တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနက ႏိုင္ငံတကာလိပ္ထိန္းသိမ္းေရး အဖြဲ႕တစ္ခုျဖစ္ေသာ လိပ္မ်ိဳးဆက္ရွင္သန္ေရးအဖြဲ႔( WCS /TSA )သို႔ လႊဲေျပာင္းေပးလိုက္ျခင္းျဖစ္သည္။

သတင္း - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရှားပါးလိပ်ကြက်တူရွေးအကောင်(၈၀၀)ကျော် တရားမဝင် မွေးမြူထားသည့် တရုတ်နိုင်ငံသားနှစ်ဦးကို တစ်လအတွင်း တရားရုံးတင်တရားဆွဲဆိုသွားမည် ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂)ရက်နေ့က သတင်းပေး တိုင်ကြားချက်အရ သက်ဆိုင်ရာတာဝန်ရှိသူများသည် တရုတ်နိုင်ငံသား(၂)ဦး ငှါးရမ်းနေထိုင်သည့်နေအိမ်သို့ ဝင်ရောက် စစ်ဆေးရာမှ တရားမဝင်မွေးမြူထားသည့် လိပ်ကြက်တူရွေး (၈၅၃)ကောင်နှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သည်။

"တောရိုင်းတိရစာ္ဆန်ဥပဒေမှာ ပါထားတဲ့အတိုင်း လုံးဝကာကွယ်ထားတဲ့ ဥပဒေစရင်းထဲမှာ ခုလိပ်ကြက်တူရွေးလည်း ပါဝင်တာကြောင့် တောရိုင်းတိရစာ္ဆန်ဥပေဒေနဲ့ အရေးယူသွားမှာပါ။ အမှုစစ်ဆေးမှုအခြေအနေက သူတို့ကို သက်သေခံပစ္စည်းတွေနဲ့ မိတယ်။ ခုလက်ရှိမှာ စစ်ဆေးနပြေီး ရမန်နှစ်ပတ် တစ်လအတွင်းမှာ သူတို့ကို တရားရုံးတင် တရားစွဲဆိုတော့မှာပါ။"ဟု တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်း က Tachileik News Agency သို့ ပြောသည်။

မြန်မာနိုင်ငံသစ်တောဥပဒေအရ လိပ်များကို ဥပဒေနှစ်မျိုးဖြင့် ကာကွယ်ထားကာ လုံးဝကာကွယ်ထားခြင်းနှင့် သာမန်ကာကွယ်ထားခြင်းဟူ၍ ဥပဒေနှစ်မျိုးထားရှိကြောင်း သိရသည်။

"လုံးဝကာကွယ်ထားတာတွေကို ထောင်ဒဏ်(၇)နှစ်နဲ့ ဒဏ်ငွေ(၅)သောင်း နှစ်ရပ်လုံးကျခံရပါတယ်။ သာမန်ကာကွယ်ထားတာအတွက်ကတော့ ထောင်ဒဏ်(၅)နှစ်နဲ့ ဒဏ်ငွေ(၃)သောင်း ကျခံရပါမယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ငါးလုပ်ငန်းဥပဒေအရလည်း ရေထဲမှာရှိတဲ့ လိပ်မှန်သမျှကို ကာကွယ်ထားပါသေးတယ်။"ဟု တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၂၀၆/၂၀၁၆ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝပင်များကာကွယ်ရေး၊သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

၎င်းတို့နှစ်ဦးမွေးမြူထားသည့် လိပ်ကြက်တူရွေး (၈၅၃)ကောင်အနက် (၇၁)ကောင်သေဆုံးသွားပြီး အသက်ရှင်သန်ကျန်သောလိပ်များအား မျိုးသုန်းမှုမှ ကာကွယ်စောင့်ရှောက်စေရန်အတွက် နိုဝင်ဘာလ (၅)ရက်နေ့က တာချီလိတ်ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနက နိုင်ငံတကာလိပ်ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်သော လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့( WCS /TSA )သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~