မိုင္းလားဂိတ္မ်ား ပိတ္ထား၍ မဲေခါင္ျမစ္ေၾကာင္း ကုန္သြယ္မႈ ပိုမ်ားလာ

မိုင္းလားဂိတ္မ်ား ပိတ္ထား၍ မဲေခါင္ျမစ္ေၾကာင္း ကုန္သြယ္မႈ ပိုမ်ားလာ
နိုဝင်ဘာ 7, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းႏွင့္ တရုတ္ႏိုင္ငံၾကား အဓိက ကုန္းလမ္းကုန္သြယ္မႈ လမ္းေၾကာင္းျဖစ္သည့္ အထူးေဒသ(၄) မိုင္းလားက ကုန္သြယ္မႈလမ္းေၾကာင္းမ်ားပိတ္ဆို႔ထားသျဖင့္ ရွမ္းအေရွ႕မွ ကုန္စည္မ်ားကို မဲေခါင္ျမစ္ေၾကာင္း အသံုးျပဳ၍ တင္ပို႔မႈမ်ားလာေၾကာင္း နယ္စပ္ကုန္သြယ္ေရးတာဝန္ရိွသူတစ္ဦးထံမွ သိရသည္။

"ဂိတ္ေတြအားလံုး အခ်ိန္တန္လို႔ ျပန္မဖြင့္ေသးရင္ မဲေခါင္ျမစ္ေၾကာင္းက တင္ပို႔မႈေတြ ပိုၿပီးျဖစ္လာဖို႔ မ်ားတယ္။ အခု ေလာေလာဆယ္ ရာဘာတန္ခ်ိန္(၅၀)ကို တရုတ္ဆိပ္ကမ္း တိုက္ရိုက္တင္ပို႔ဖို႔ ထြက္သြားၿပီ။ ဒီပံုစံအတိုင္းဆို တရုတ္သြားမယ့္ တျခားကုန္စည္ေတြလည္း ပို႔ျဖစ္ဖို႔မ်ားတယ္"ဟု ကုန္သြယ္မႈ တိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ အထူးကိုယ္စားလွယ္ ဦးမင္းေအာင္က ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၏ တစ္ခုတည္းေသာ တရုတ္ႏိုင္ငံ ကုန္းလမ္းထြက္ေပါက္ျဖစ္သည့္ အထူးေဒသ(၄) မိုင္းလားႏွင့္ ကုန္သြယ္မႈလမ္းေၾကာင္းမ်ားမွာ ေအာက္တိုဘာလ (၂၃)ရက္ေန႔မွစတင္၍ မိုင္းလားဘက္မွ စတင္ပိတ္လိုက္သည့္ အခ်ိန္ကစ၍ ယခုအခ်ိန္ထိ ျပန္လည္ဖြင့္လွစ္ျခင္းမရိွေသးျခင္းျဖစ္သည္။

"ပိတ္ဆို႔မႈေတြကေတာ့ အခုခ်ိန္ထိ ေခတၱခဏလို႔ေတာ့ ေျပာတာပဲ။ ဒါေပမဲ့ ကုန္သည္ေတြအေနနဲ႔ကေတာ့ အခ်ိန္အတိုင္းအတာ တစ္ခုထိ ဖြင့္လွစ္မႈမရွိရင္ ကုန္သြယ္မႈဆိုတာ ရပ္ေနလို႔မွ မရတာ။ ဒါေၾကာင့္ လမ္းေၾကာင္းသစ္ကိုေတာ့ ရွာမွာ။ မဲေခါင္ျမစ္ေၾကာင္း အသံုးျပဳမႈကေတာ့ ပိုျဖစ္လာႏိုင္ပါတယ္"ဟု တာခ်ီလိတ္ နယ္စပ္ကုန္သည္ႀကီးမ်ား အသင္း ဒုတိယဥကၠဌ ဦးစိုင္းစိုင္းက ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း ၀မ္ပံုဆိပ္ကမ္းမွတဆင့္ မဲေခါင္ျမစ္ေၾကာင္းတေလွ်ာက္ တရုတ္ႏုိင္ငံႏွင့္ ကုန္သြယ္မႈျပဳႏိုင္ေသာ္လည္း ယခင္က သတၱဳရိုင္းတင္ပို႔မႈအတြက္သာ အသံုးမ်ားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

" ဒီဂိတ္ေတြကို ပိတ္ထားတဲ့ အခ်ိန္ၾကာရင္ ကုန္သည္ေတြကေတာ့ ဒီလမ္းပဲအသံုးျပဳလာမွာပါ။ ေဒသထြက္ပစၥည္းဆိုရင္ တစ္ရွဴးငွက္ေပ်ာတို႔၊ ရာဘာတို႔ရွိတယ္။ ေနာက္တစ္ခုက အခုက စပါးေပၚတဲ့အခ်ိန္ သိပ္မၾကာခင္ ျမစ္ေၾကာင္းက ဆန္ေတြလည္း တင္ပို႔လာႏိုင္တယ္"ဟု ကုန္သည္တစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းႏွင့္ တရုတ္ႏိုင္ငံကုန္သြယ္ေရးတြင္ မိုင္းလားလမ္းေၾကာင္းကို အသံုးျပဳသည့္ က်ိဳင္းတံုနယ္စပ္ကုန္သြယ္ေရးစခန္းအား၂၀၁၄ ခုႏွစ္တြင္ဖြင့္လွစ္ခဲ့ၿပီး ႏွစ္စဥ္ အေမရိကန္ေဒၚလာ (၁၀)သန္းေက်ာ္ ကုန္သြယ္မႈျပဳေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တရုတ်နိုင်ငံကြား အဓိက ကုန်းလမ်းကုန်သွယ်မှု လမ်းကြောင်းဖြစ်သည့် အထူးဒေသ(၄) မိုင်းလားက ကုန်သွယ်မှုလမ်းကြောင်းများပိတ်ဆို့ထားသဖြင့် ရှမ်းအရှေ့မှ ကုန်စည်များကို မဲခေါင်မြစ်ကြောင်း အသုံးပြု၍ တင်ပို့မှုများလာကြောင်း နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

"ဂိတ်တွေအားလုံး အချိန်တန်လို့ ပြန်မဖွင့်သေးရင် မဲခေါင်မြစ်ကြောင်းက တင်ပို့မှုတွေ ပိုပြီးဖြစ်လာဖို့ များတယ်။ အခု လောလောဆယ် ရာဘာတန်ချိန်(၅၀)ကို တရုတ်ဆိပ်ကမ်း တိုက်ရိုက်တင်ပို့ဖို့ ထွက်သွားပြီ။ ဒီပုံစံအတိုင်းဆို တရုတ်သွားမယ့် တခြားကုန်စည်တွေလည်း ပို့ဖြစ်ဖို့များတယ်"ဟု ကုန်သွယ်မှု တိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ အထူးကိုယ်စားလှယ် ဦးမင်းအောင်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ တစ်ခုတည်းသော တရုတ်နိုင်ငံ ကုန်းလမ်းထွက်ပေါက်ဖြစ်သည့် အထူးဒေသ(၄) မိုင်းလားနှင့် ကုန်သွယ်မှုလမ်းကြောင်းများမှာ အောက်တိုဘာလ (၂၃)ရက်နေ့မှစတင်၍ မိုင်းလားဘက်မှ စတင်ပိတ်လိုက်သည့် အချိန်ကစ၍ ယခုအချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးခြင်းဖြစ်သည်။

"ပိတ်ဆို့မှုတွေကတော့ အခုချိန်ထိ ခေတ္တခဏလို့တော့ ပြောတာပဲ။ ဒါပေမဲ့ ကုန်သည်တွေအနေနဲ့ကတော့ အချိန်အတိုင်းအတာ တစ်ခုထိ ဖွင့်လှစ်မှုမရှိရင် ကုန်သွယ်မှုဆိုတာ ရပ်နေလို့မှ မရတာ။ ဒါကြောင့် လမ်းကြောင်းသစ်ကိုတော့ ရှာမှာ။ မဲခေါင်မြစ်ကြောင်း အသုံးပြုမှုကတော့ ပိုဖြစ်လာနိုင်ပါတယ်"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဌ ဦးစိုင်းစိုင်းက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ဝမ်ပုံဆိပ်ကမ်းမှတဆင့် မဲခေါင်မြစ်ကြောင်းတလျှောက် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုနိုင်သော်လည်း ယခင်က သတ္တုရိုင်းတင်ပို့မှုအတွက်သာ အသုံးများခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ဒီဂိတ်တွေကို ပိတ်ထားတဲ့ အချိန်ကြာရင် ကုန်သည်တွေကတော့ ဒီလမ်းပဲအသုံးပြုလာမှာပါ။ ဒေသထွက်ပစ္စည်းဆိုရင် တစ်ရှူးငှက်ပျောတို့၊ ရာဘာတို့ရှိတယ်။ နောက်တစ်ခုက အခုက စပါးပေါ်တဲ့အချိန် သိပ်မကြာခင် မြစ်ကြောင်းက ဆန်တွေလည်း တင်ပို့လာနိုင်တယ်"ဟု ကုန်သည်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တရုတ်နိုင်ငံကုန်သွယ်ရေးတွင် မိုင်းလားလမ်းကြောင်းကို အသုံးပြုသည့် ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းအား၂၀၁၄ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၀)သန်းကျော် ကုန်သွယ်မှုပြုနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~