ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္ အမိႈက္သိမ္းစနစ္ ၂၀၁၇ ခုႏွစ္တြင္ စတင္မည္

ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္ အမိႈက္သိမ္းစနစ္ ၂၀၁၇ ခုႏွစ္တြင္ စတင္မည္
နိုဝင်ဘာ 17, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္မွစ၍ အိမ္တိုင္ရာေရာက္ အမိႈက္သိမ္းစနစ္ စတင္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

“ေကာ္မတီအဆံုးအျဖတ္လည္း ရၿပီးၿပီ။ လႊတ္ေတာ္ကိုလည္း ေျပာထားၿပီးၿပီ။ ဒီႏွစ္ထဲေတာ့ မျဖစ္ႏိုင္ ေလာက္ဘူး။ ေနာက္ႏွစ္ ႏွစ္ဆန္းပိုင္းေလာက္ စႏိုင္မယ္။ လုပ္မွာကေတာ့ ေသခ် တယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဒုတိယညႊန္ၾကားေရးမွဴး ဦးဝင္းေဆြက ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္ အမိႈက္သိမ္းစနစ္အား ပုဂၢလိက ကုမၸဏီတစ္ခုကို လုပ္ကိုင္ခြင့္ ေပးမည္ျဖစ္ၿပီး အဆိုပါကုမၸဏီက လားရႈိး၊ မူဆယ္၊ တန္႔ယန္း၊ ကြတ္ခိုင္ၿမိဳ႕မ်ားတြင္လည္း လုပ္ကိုင္ခြင့္ တင္ျပထားေၾကာင္း သိရသည္။

“အမိႈက္ကန္ထဲ သြားပစ္ရတ့ဲ စနစ္ထက္ အိမ္တိုင္ရာေရာက္ လိုက္သိမ္းတ့ဲစနစ္ကို ပိုသေဘာက်တယ္္။ ပိုေကာင္းတယ္လို႔လည္း ထင္တယ္။ ၿမိဳ႕အဂၤါရပ္နဲ႔လည္း ညီသြားတာေပါ့” ဟု ၿမိဳ႕ခံအိမ္ရွင္မတစ္ဦးျဖစ္သူ နန္းေအးေအးက ေျပာသည္။

လက္ရွိတြင္ ေက်ာက္မဲၿမိဳ႕ ရပ္ကြက္မ်ား အလိုက္ အမိႈက္ကန္၌ စုၿပံဳစြန္႔ပစ္ေနရသျဖင့္ ပတ္ဝန္းက်င္ မသန္႔ရွင္းမႈႏွင့္ အနံ႔ဆိုးရြားမႈမ်ား ရွိေနေၾကာင္း သိရသည္။

“လုပ္မယ့္ကုမၸဏီနဲ႔လားရႈိးထက္ ေစ်းသက္သာေအာင္ ညိႇႏႈိုင္းထားပါတယ္။ အကုန္အဆင္ေျပတယ္။ ခြင့္ျပဳခ်က္ရတာနဲ႕ စတင္ႏိုင္ပါၿပီ” ဟု အမႈေဆာင္ အရာရွိက ဆိုသည္။

အိမ္တိုင္ရာေရာက္ အမိႈက္သိမ္းခေကာက္ခံမည့္ႏႈန္းထားမ်ားမွာ တစ္လလွ်င္ တဲအိမ္ က်ပ္ (၁၀၀၀)၊ တိုက္(ရိုးရိုး)( ၂၀၀၀)ႏွင့္ ႏွစ္ထပ္ႏွင့္အထက္တိုက္မ်ားမွာ ( ၃၀၀၀) က်ပ္ ဝန္းက်င္ ျဖစ္ႏုိင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ၂၀၁၇ ခုနှစ်မှစ၍ အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“ကော်မတီအဆုံးအဖြတ်လည်း ရပြီးပြီ။ လွှတ်တော်ကိုလည်း ပြောထားပြီးပြီ။ ဒီနှစ်ထဲတော့ မဖြစ်နိုင် လောက်ဘူး။ နောက်နှစ် နှစ်ဆန်းပိုင်းလောက် စနိုင်မယ်။ လုပ်မှာကတော့ သေချ တယ်” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေက ပြောသည်။

ကျောက်မဲမြို့တွင် အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်အား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့် ပေးမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီက လားရှိုး၊ မူဆယ်၊ တန့်ယန်း၊ ကွတ်ခိုင်မြို့များတွင်လည်း လုပ်ကိုင်ခွင့် တင်ပြထားကြောင်း သိရသည်။

“အမှိုက်ကန်ထဲ သွားပစ်ရတဲ့ စနစ်ထက် အိမ်တိုင်ရာရောက် လိုက်သိမ်းတဲ့စနစ်ကို ပိုသဘောကျတယ်။ ပိုကောင်းတယ်လို့လည်း ထင်တယ်။ မြို့အင်္ဂါရပ်နဲ့လည်း ညီသွားတာပေါ့” ဟု မြို့ခံအိမ်ရှင်မတစ်ဦးဖြစ်သူ နန်းအေးအေးက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ ရပ်ကွက်များ အလိုက် အမှိုက်ကန်၌ စုပြုံစွန့်ပစ်နေရသဖြင့် ပတ်ဝန်းကျင် မသန့်ရှင်းမှုနှင့် အနံ့ဆိုးရွားမှုများ ရှိနေကြောင်း သိရသည်။

“လုပ်မယ့်ကုမ္ပဏီနဲ့လားရှိုးထက် ဈေးသက်သာအောင် ညှိနှိုင်းထားပါတယ်။ အကုန်အဆင်ပြေတယ်။ ခွင့်ပြုချက်ရတာနဲ့ စတင်နိုင်ပါပြီ” ဟု အမှုဆောင် အရာရှိက ဆိုသည်။

အိမ်တိုင်ရာရောက် အမှိုက်သိမ်းခကောက်ခံမည့်နှုန်းထားများမှာ တစ်လလျှင် တဲအိမ် ကျပ် (၁၀၀၀)၊ တိုက်(ရိုးရိုး)( ၂၀၀၀)နှင့် နှစ်ထပ်နှင့်အထက်တိုက်များမှာ ( ၃၀၀၀) ကျပ် ဝန်းကျင် ဖြစ်နိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~