မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရသည့် တာလေ - ကျိုင်းလပ် နမ့်ဝမ်း(၂)တံတား တစ်ဝိုက် တာဝန်ရှိသူများမှ ပြုပြင်ဆောင်ရွက်နေ

မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရသည့် တာလေ - ကျိုင်းလပ် နမ့်ဝမ်း(၂)တံတား တစ်ဝိုက် တာဝန်ရှိသူများမှ ပြုပြင်ဆောင်ရွက်နေ
နိုဝငျဘာ 11, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်(၅)နာရီမှ စ၍ တောင်ကျရေများနှင့်အတူ ရေကြီးရေလျှံမှု ဖြစ်ပွားရာ တာလေ - ကျိုင်းလပ်လမ်းအား လတ်တလောတွင် အသုံးပြု၍ ရမည်မဟုတ်ဘဲ ရှောင်ကွင်းလမ်း ပြုလုပ်ပြီးမှသာ သွားလာနိုင်မည်ဖြစ်သည့်အတွက် ယနေ့ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနတို့မှ ဆောင်ရွက်နေလျှက် ရှိကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါလမ်းပေါ်တွင် တင်ကျန်နေသော သစ်တုံးများ၊ ကျောက်တုံးကျောက်ခဲများအား ဖယ်ရှားခြင်း နှင့် ရှောင်ကွင်းလမ်းအတွက် ပြုလုပ်နေပြီး အဆိုပါ ရှောင်ကွင်းလမ်းမှ ကား/ဆိုင်ကယ်များ သွားလာနိုင်ရန်အတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်(၅)နာရီမှ စ၍ တောင်ကျရေများနှင့်အတူ ရကြေီးရေလျှံမှု ဖြစ်ပွားရာ တာလေ - ကျိုင်းလပ်လမ်းအား လတ်တလောတွင် အသုံးပြု၍ ရမည်မဟုတ်ဘဲ ရှောင်ကွင်းလမ်း ပြုလုပ်ပြီးမှသာ သွားလာနိုင်မည်ဖြစ်သည့်အတွက် ယနေ့ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနတို့မှ ဆောင်ရွက်နေလျှက် ရှိကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါလမ်းပေါ်တွင် တင်ကျန်နေသော သစ်တုံးများ၊ ကျောက်တုံးကျောက်ခဲများအား ဖယ်ရှားခြင်း နှင့် ရှောင်ကွင်းလမ်းအတွက် ပြုလုပ်နပြေီး အဆိုပါ ရှောင်ကွင်းလမ်းမှ ကား/ဆိုင်ကယ်များ သွားလာနိုင်ရန်အတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလ(၁၁)ရက်နေ့က မိုးရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေကြောင့် ရေများမှာ တာလေ - ပါလျှိုး - ကျိုင်းလပ် လမ်း 41KM နှင့် 42KM အကြား ကတ္တရာလမ်းပေါ်သို့ (၅)ပေခန့်ကျော်လာပြီး နမ့်ဝမ်း - ၂ တံတား အဝင်/အထွက် နေရာတွင်လည်း အလားတူဖြစ်ပေါ်နေသည့် အပြင် 52KM နှင့် 53KM အကြားတွင်လည်း ကတ္တရာလမ်းပေါ် (၁)ပေခန့် ရေကျော်ခဲ့သည့်အတွက် လမ်း/တံတား ပျက်စီးမှုအထိဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်ခရိုင် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~