Update News

ယာဥ္တိုက္မႈေၾကာင့္ ဒဏ္ရာရရွိထားသည့္ အသက္ ၆၀ အရြယ္ဆိုင္ကယ္ေမာင္းသူကို အမႈဖြင့္ထား


မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ရန္ကုန္ - မႏၲေလးလမ္း ရြာရွည္ေက်းရြာအနီး ႏိုဝင္ဘာလ(၂၁)ရက္ ည (၈)နာရီခန္႔တြင္ မႏၲေလးဘက္မွ ေမာင္းနွင္လာေသာ ခရီးသည္တင္ယာဥ္ႏွင့္ ဆိုင္ကယ္ တိုက္မိသျဖင့္ (၆၀)အရြယ္ ဆိုင္ကယ္ေမာင္းႏွင္သူ ဒဏ္ရာျပင္းထန္စြာ ရသြားေၾကာင္း သိရသည္။

“ခရီးသည္ေတြေတာ့ ဘာမွမျဖစ္ဘူး။ ကားက ေျမသားလမ္းထဲအထိ လုိက္ကြင္းေရွာင္တယ္။ ဆိုင္ကယ္စီးလာသူက ကားမီးစူးၿပီးျပာသြားတယ္လုိ႔ထင္တာပဲ။ အရွိန္ကလည္း ပါေနေတာ့ ဒဏ္ရာေတြ မ်ားသြားတာေပါ့”ဟု ကားေပၚပါလာေသာခရီးသည္တစ္ဦးက ေျပာသည္။

ခရီးသည္တင္ မီနီဘတ္စ္ႏွင့္ ဆိုင္ကယ္တို႔ တိုက္မိသျဖင့္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၆၀)ေက်ာ္အရြယ္ ဦးၾကည္မွာ ဒဏ္ရာျပင္းထန္စြာရသြားသျဖင့္ ဝမ္းတြင္းၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ကုသမႈ ခံယူေနရေၾကာင္း သိရသည္။

“ယာဥ္တိုက္မွဳျဖစ္တယ္ သတင္းရရခ်င္း သြားေတာ့ ဆိုင္ကယ္သမားသတိလစ္ေနတယ္။ အျမန္ဆုံး ေဆးရုံပုိ႔ရတယ္။ အသက္၆၀ေက်ာ္ဆိုေတာ့ စုိးရိမ္မိတယ္”ဟု ရဲအုပ္တင္ထြန္းေအာင္ကေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈနွင့္ ပတ္သက္၍ ေရႊေတာင္နယ္ေျမရဲစခန္းတြင္ ယာဥ္(ပ)၁၈/၂၀၁၆ ယာဥ္မဆင္မျခင္ ေမာင္းနွင္ၿပီးျပင္းထန္ ဒဏ္ရာရရွိေစေသာျပစ္မွဳပုဒ္မ ၃၃၈ ျဖင့္ ဆိုင္ကယ္ေမာင္းသူ ဦးၾကည္ေမာင္အား အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုလင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန် - မန္တလေးလမ်း ရွာရှည်ကျေးရွာအနီး နိုဝင်ဘာလ(၂၁)ရက် ည (၈)နာရီခန့်တွင် မန္တလေးဘက်မှ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိသဖြင့် (၆၀)အရွယ် ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း သိရသည်။

“ခရီးသည်တွေတော့ ဘာမှမဖြစ်ဘူး။ ကားက မြေသားလမ်းထဲအထိ လိုက်ကွင်းရှောင်တယ်။ ဆိုင်ကယ်စီးလာသူက ကားမီးစူးပြီးပြာသွားတယ်လို့ထင်တာပဲ။ အရှိန်ကလည်း ပါနေတော့ ဒဏ်ရာတွေ များသွားတာပေါ့”ဟု ကားပေါ်ပါလာသောခရီးသည်တစ်ဦးက ပြောသည်။

ခရီးသည်တင် မီနီဘတ်စ်နှင့် ဆိုင်ကယ်တို့ တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၆၀)ကျော်အရွယ် ဦးကြည်မှာ ဒဏ်ရာပြင်းထန်စွာရသွားသဖြင့် ဝမ်းတွင်းမြို့ ပြည်သူ့ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း သိရသည်။

“ယာဉ်တိုက်မှုဖြစ်တယ် သတင်းရရချင်း သွားတော့ ဆိုင်ကယ်သမားသတိလစ်နေတယ်။ အမြန်ဆုံး ဆေးရုံပို့ရတယ်။ အသက်၆၀ကျော်ဆိုတော့ စိုးရိမ်မိတယ်”ဟု ရဲအုပ်တင်ထွန်းအောင်ကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ရွှေတောင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁၈/၂၀၁၆ ယာဉ်မဆင်မခြင် မောင်းနှင်ပြီးပြင်းထန် ဒဏ်ရာရရှိစေသောပြစ်မှုပုဒ်မ ၃၃၈ ဖြင့် ဆိုင်ကယ်မောင်းသူ ဦးကြည်မောင်အား အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုလင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::