အမေရိကန်နိုင်ငံရဲ့ (၄၅)ဦးမြောက် သမ္မတအဖြစ် အိမ်၊ခြံ၊မြေ၊ ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင် ဒေါ်နယ်ထရန့် ရွေးချယ်ခံရ

အမေရိကန်နိုင်ငံရဲ့ (၄၅)ဦးမြောက် သမ္မတအဖြစ် အိမ်၊ခြံ၊မြေ၊ ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင် ဒေါ်နယ်ထရန့် ရွေးချယ်ခံရ
နိုဝင်ဘာ 9, 2016
By Tachileik News Agency





Ref; dailymail.co.uk

~~~~~~~~⊰❂ unicode ~~~~~~~~
အမေရိကန်ပြည်ထောင်စုရဲ့ (၄၅)ဦးမြောက်သမ္မတအဖြစ် ရီပတ်ဘလစ်ကန်ပါတီက ဒေါ်နယ်ထရန့်ကို ရွေးကောက်ပွဲ ရလဒ်နဲ့ ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။

အိမ်၊ခြံ၊မြေ၊ ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင်ဖြစ်ပြီး တီဗီစတားတစ်ယောက်ဖြစ်တဲ့ ထရန့်ဟာ နိုင်ငံရေး အတွေ့အကြုံမရှိပေမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့တာပါ။

ဟီလာရီကလင်တန်က မနက် ၂ နာရီခွဲအချိန်မှာ သီးသန့်ဖုန်းခေါ်ပြီး ရွေးကောက်ပွဲမှာ သူရှုံးနိမ့်သွားပြီလို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာမယ်လို့ မျှော်လင့်ခဲ့ကြတဲ့ ဟီလာရီ ကလင်တန်ရဲ့ မဲဆန္ဒရှင်တွေကို အားပေးနှစ်သိမ့်ဖို့ ဟီလာရီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူးက ဟီလာရီကိုယ်စား စကားပြောနေပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; dailymail.co.uk

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~