ေတာင္ႀကီး တန္ေဆာင္တုိင္မီးပုံးပ်ံပြဲေတာ္လုံၿခဳံေရး ယခင္ႏွစ္မ်ားထက္ တင္းၾကပ္မည္

ေတာင္ႀကီး တန္ေဆာင္တုိင္မီးပုံးပ်ံပြဲေတာ္လုံၿခဳံေရး ယခင္ႏွစ္မ်ားထက္ တင္းၾကပ္မည္
နိုဝင်ဘာ 1, 2016
By Tachileik News Agency

ေတာင္ႀကီးတန္ေဆာင္တုိင္မီးပုံးပ်ံပြဲေတာ္ကြင္းလုံၿခဳံေရးအား ယခင္ႏွစ္မ်ားထက္ လံုၿခံဳေရးအစီအစဥ္မ်ားကို အေသးစိတ္ တင္းၾကပ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း  ပြဲက်င္းပေရး လုံၿခဳံေရးႏွင့္ စည္းကမ္းထိမ္းသိမ္းေရး ဆပ္ေကာ္မတီမွ သိရသည္။

“အင္အားကေတာ့ မႏွစ္က အတုိင္းပါပဲ။ ဒါေပမဲ့ ဒီႏွစ္မွာ အရင္ႏွစ္ေတြထက္ ပုိၿပီးအကြပ္စိတ္ေဆာင္ရြက္မယ္ ။ ကြင္း အတြင္းမွာလည္း လုံၿခဳံေရး လွည့္ကင္းေတြခ်ထားမယ္။ ကြင္းအျပင္မွာလည္း လွည့္ကင္းေတြနဲ႔ၾကပ္မတ္ ေဆာင္ရြက္သြားဖုိ႔ရွိတယ္။ လုိအပ္ရင္ မိတ္ဖက္ အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သြားဖုိ႔ရွိပါတယ္” ဟု ပြဲက်င္းပေရး လုံၿခဳံေရးႏွင့္ဆပ္ေကာ္မတီအဖြဲ႕မွ ခရုိင္ရဲတပ္ဖြဲ႔ရုံး လုံျခဳံေရးဌာနခြဲ ဒုရဲမွဴး ဥာဏ္လႈိင္ဦးက ေျပာသည္။

တန္ေဆာင္တိုင္ပြဲေတာ္အတြင္း မလုိလားအပ္သည့္ ျဖစ္စဥ္မ်ား မေပါက္ေစေရးအတြက္ ကြင္းအတြင္းအျပင္ လွည့္ကင္းမ်ားျဖင့္ ၾကီးၾကပ္ေဆာင္ရြက္သြားမည္ျဖစ္သည့္အျပင္ ၿမဳိ႕အ၀င္အထြက္ ဂိတ္မ်ားတြင္လည္း သီးသန္႔ စစ္ေဆးေရးဂိတ္မ်ား ထားရွိၿပီး ဒုတ္၊ဓား လက္နက္မ်ား မယူေဆာင္ႏုိင္ရန္အတြက္ စစ္ေဆးေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ပြဲေတြလုပ္ရင္ေတာ့ ရန္ျဖစ္ၾကတာပဲ။ ဒါေပမဲ့ တန္ေဆာင္တိုင္ပြဲအတြင္း ရန္မျဖစ္ရင္ ပိုေကာင္းပါတယ္။ လံုျခံဳေရးေတြ တင္းၾကပ္ထားရင္ အ၀င္ေပါက္မွာ စစ္ေဆးရင္ ေကာင္းပါတယ္။ တစ္ျခားေနရာေတြမွာလည္း စစ္ေဆးေစခ်င္တယ္”ဟု ေတာင္ႀကီးၿမိဳ႕မွ ေဒၚေဌးက ေျပာသည္။

တန္ေဆာင္တိုင္ပြဲေတာ္အတြင္း လုံျခဳံေရးပုိင္းဆုိင္ရာအတြက္ ရဲတပ္ဖြဲ႔တစ္ခုတည္း သာမက တပ္မေတာ္မွလည္း မုိင္းရွာျခင္း လုပ္ငန္းမ်ားကုိ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုပ်ံပြဲေတာ္အား ႏို၀င္ဘာလ(၆)ရက္ေန႔မွ ႏို၀င္ဘာလ(၁၅)ရက္ေန႔အထိ က်င္းပမည္ျဖစ္သည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကွင်းလုံခြုံရေးအား ယခင်နှစ်များထက် လုံခြုံရေးအစီအစဉ်များကို အသေးစိတ် တင်းကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေး လုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေး ဆပ်ကော်မတီမှ သိရသည်။

“အင်အားကတော့ မနှစ်က အတိုင်းပါပဲ။ ဒါပေမဲ့ ဒီနှစ်မှာ အရင်နှစ်တွေထက် ပိုပြီးအကွပ်စိတ်ဆောင်ရွက်မယ်။ ကွင်း အတွင်းမှာလည်း လုံခြုံရေး လှည့်ကင်းတွေချထားမယ်။ ကွင်းအပြင်မှာလည်း လှည့်ကင်းတွေနဲ့ကြပ်မတ် ဆောင်ရွက်သွားဖို့ရှိတယ်။ လိုအပ်ရင် မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ပွဲကျင်းပရေး လုံခြုံရေးနှင့်ဆပ်ကော်မတီအဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့ရုံး လုံခြုံရေးဌာနခွဲ ဒုရဲမှူး ဉာဏ်လှိုင်ဦးက ပြောသည်။

တန်ဆောင်တိုင်ပွဲတော်အတွင်း မလိုလားအပ်သည့် ဖြစ်စဉ်များ မပေါက်စေရေးအတွက် ကွင်းအတွင်းအပြင် လှည့်ကင်းများဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မြို့အဝင်အထွက် ဂိတ်များတွင်လည်း သီးသန့် စစ်ဆေးရေးဂိတ်များ ထားရှိပြီး ဒုတ်၊ဓား လက်နက်များ မယူဆောင်နိုင်ရန်အတွက် စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပွဲတွေလုပ်ရင်တော့ ရန်ဖြစ်ကြတာပဲ။ ဒါပေမဲ့ တန်ဆောင်တိုင်ပွဲအတွင်း ရန်မဖြစ်ရင် ပိုကောင်းပါတယ်။ လုံခြုံရေးတွေ တင်းကြပ်ထားရင် အဝင်ပေါက်မှာ စစ်ဆေးရင် ကောင်းပါတယ်။ တစ်ခြားနေရာတွေမှာလည်း စစ်ဆေးစေချင်တယ်”ဟု တောင်ကြီးမြို့မှ ဒေါ်ဌေးက ပြောသည်။

တန်ဆောင်တိုင်ပွဲတော်အတွင်း လုံခြုံရေးပိုင်းဆိုင်ရာအတွက် ရဲတပ်ဖွဲ့တစ်ခုတည်း သာမက တပ်မတော်မှလည်း မိုင်းရှာခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော်အား နိုဝင်ဘာလ(၆)ရက်နေ့မှ နိုဝင်ဘာလ(၁၅)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~